တားမြစ်ထားတဲ့စာအုပ် ၂၀၀၀ ကို လက်ဆောင်ပေးမယ့် Pink

တေးရေး၊ တေးဆို Pink အနေနဲ့ ဖလော်ရီဒါတောင်ပိုင်းမှာဖျော်ဖြေနေစဉ်အတွင်းကန့်သတ်တားမြစ်ထားတဲ့စာအုပ် ၂၀၀၀ လောက်ကိုလက်ဆောင်ပေးသွားမယ်လို့သိရပါတယ်။ဖလော်ရီဒါပြည်နယ်ဟာ စာအုပ်တွေကိုပိတ်ပင်ရာမှာထိပ်ဆုံးကဦးဆောင်နေပြီး စာအုပ်ပေါင်း ၁၄၀၀ ကျော်လောက်ကို စာအုပ်စင်တွေပေါ်ကနေဖယ်ရှားခဲ့တာဖြစ်ပါတယ်။“ကျွန်မကစာအုပ်ကို လောဘတကြီးဖတ်တဲ့သူပါ။ ကျွန်မကလေးတွေလည်း ဒီအတိုင်းပါပဲ။ကျွန်မကတော့ ဒီစာအုပ်တော့ဖတ်၊ ဒါတော့မဖတ်နဲ့လို့ပြောခံရတာမျိုးကိုတွေးကြည့်လို့တောင်မရနိုင်ဘူး” လို့သူမကပြောဆိုခဲ့တာပါ။

သူမက PEN America ၊ Books & Books နဲ့ ဖလော်ရီဒါမှာရှိတဲ့စာအုပ်ဆိုင်တွေနဲ့ချိတ်ဆက်ပြီးစာအုပ်တွေကိုလက်ဆောင်ပေးဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တာကဖလော်ရီဒါရဲ့စာအုပ်တားမြစ်ပိတ်ပင်မှုကို ပိုမိုသတိထားမိစေချင်တာကြောင့်ဖြစ်တယ်လို့
သူမကပြောခဲ့ပါတယ်။Pink ရဲ့ပရိသတ်တွေဟာ သူမရဲ့ Trustfall Tour အတွင်းတားမြစ်ထားတဲ့စာအုပ် Copy တွေကိုရယူနိုင်မှာဖြစ်ပါတယ်။ Trustfall Tour ဟာ သူမရဲ့ ၉ ကြိမ်မြောက် Tour ဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်မှ နိုဝင်ဘာ ၂၈ ရက်ထိကြာမြင့်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

ေတးေရး၊ ေတးဆို Pink အေနနဲ႔ ဖေလာ္ရီဒါေတာင္ပိုင္းမွာေဖ်ာ္ေျဖေနစဥ္အတြင္းကန႔္သတ္တားျမစ္ထားတဲ့စာအုပ္ ၂၀၀၀ ေလာက္ကိုလက္ေဆာင္ေပးသြားမယ္လို႔သိရပါတယ္။ဖေလာ္ရီဒါျပည္နယ္ဟာ စာအုပ္ေတြကိုပိတ္ပင္ရာမွာထိပ္ဆုံးကဦးေဆာင္ေနၿပီး စာအုပ္ေပါင္း ၁၄၀၀ ေက်ာ္ေလာက္ကို စာအုပ္စင္ေတြေပၚကေနဖယ္ရွားခဲ့တာျဖစ္ပါတယ္။“ကြၽန္မကစာအုပ္ကို ေလာဘတႀကီးဖတ္တဲ့သူပါ။ ကြၽန္မကေလးေတြလည္း ဒီအတိုင္းပါပဲ။ကြၽန္မကေတာ့ ဒီစာအုပ္ေတာ့ဖတ္၊ ဒါေတာ့မဖတ္နဲ႔လို႔ေျပာခံရတာမ်ိဳးကိုေတြးၾကည့္လို႔ေတာင္မရႏိုင္ဘူး” လို႔သူမကေျပာဆိုခဲ့တာပါ။

သူမက PEN America ၊ Books & Books နဲ႔ ဖေလာ္ရီဒါမွာရွိတဲ့စာအုပ္ဆိုင္ေတြနဲ႔ခ်ိတ္ဆက္ၿပီးစာအုပ္ေတြကိုလက္ေဆာင္ေပးဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္။ ဒီလိုလုပ္ေဆာင္တာကဖေလာ္ရီဒါရဲ႕စာအုပ္တားျမစ္ပိတ္ပင္မႈကို ပိုမိုသတိထားမိေစခ်င္တာေၾကာင့္ျဖစ္တယ္လို႔
သူမကေျပာခဲ့ပါတယ္။Pink ရဲ႕ပရိသတ္ေတြဟာ သူမရဲ႕ Trustfall Tour အတြင္းတားျမစ္ထားတဲ့စာအုပ္ Copy ေတြကိုရယူႏိုင္မွာျဖစ္ပါတယ္။ Trustfall Tour ဟာ သူမရဲ႕ ၉ ႀကိမ္ေျမာက္ Tour ျဖစ္ၿပီး ေအာက္တိုဘာ ၁၂ ရက္မွ ႏိုဝင္ဘာ ၂၈ ရက္ထိၾကာျမင့္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*