ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကို ဘယ်လိုတည်ဆောက်ထားသလဲ

ဒီမေးခွန်းကိုတော့ လက်ရှိလုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်ပါ။ အလုပ်မှာကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကို ဘယ်လိုတည်ဆောက်ထားသလဲဆိုတဲ့အချက်ပါ။ကိုယ့်ကိုယ်ကိုယ် ပုံဖော်ဖို့အတွက် ကိုယ်တိုင်ပဲ ကြိုးစားတည်ဆောက်ရတာဖြစ်ပါတယ်။ကိုယ်စိုက်ပျိုးသမျှ အချိန် တန်ရင် ကိုယ်ပဲရိတ်သိမ်းရတာ ထုံးစံပါပဲ။ ကိုယ်ဘယ်လိုအပင်မျိုးစိုက်ပျိုးခဲ့သလဲဆိုတာပေါ် မူတည်ပြီး ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကလည်း ထင်ဟပ်စေပါတယ်။

ကိုယ့်ကို ဘယ်လိုတွဲသိထားသလဲ

လုပ်ငန်းခွင်မှာ ကိုယ့်နာမည်ပြောလိုက်တာနဲ့ “ဒီတယောက်ကတော့ အလုပ်လုပ်ရာမှာပရော်ဖက်ရှင်နယ်ကျတယ်။ သူနဲ့အလုပ်တွဲလုပ်တဲ့အခါ စနစ်တကျလုပ်မှဖြစ်တယ်။မဟုတ်ရင်တော့ အဆင်မပြေဘူး။ သူ့ရဲ့အလုပ်ကိုလည်း လေးစားမှုရှိတယ်၊ Deadline ကိုလည်းပြောစရာမလိုအောင် အချိန်မီပြီးမြောက်တယ်” စသဖြင့် ဒီလိုဂုဏ်သတင်းမျိုးကကိုယ်တည်ဆောက်ထားတဲ့ ကိုယ့်ရဲ့ ပရောဖက်ရှင်နယ်ဘဝပါပဲ။ကိုယ့်နာမည်ကြားလိုက်တာနဲ့ လုပ်ဖော်ကိုင်ဖက်တွေရော အထက်လူကြီးကပါ “ဒီလူကတော့အလုပ်လုပ်တာ စိတ်မချရဘူး။ သူ့ကိုလက်လွှဲထားလို့မရဘူး။ တခုခုဆို ပြန်စစ်နေရတယ်။Deadline တွေအတွက်လည်း အနောက်ကနေ တွန်းအားပေးနေရတယ်။ မဟုတ်ရင်
အချိန်မီမပြီးဘူး” စတဲ့ မှတ်ချက်တွေကလည်း ကိုယ်တိုင်ပဲ လုပ်ဆောင်ထားတဲ့ရလဒ်တွေကြောင့်ပါပဲ။

ဝန်ထမ်းစိတ်နဲ့ အလုပ်မလုပ်ပါနဲ့

ဒီလူကတော့ အလုပ်မျာစေတနာပါတယ်။ အလုပ်အပေါ်မှာ ဝန်ထမ်းလိုစိတ်မျိုးထက်ကိုယ့်ရဲ့အကျိုးစီးပွားလို၊ ကိုယ့်ရဲ့အလုပ်လိုတန်ဖိုးထားလုပ်ဆောင်တတ်တဲ့ဝန်ထမ်းတွေလည်းရှိပါတယ်။ တကယ်တော့ ဝန်ထမ်းတယောက်က ဝန်ထမ်းစိတ်နဲ့အလုပ်လုပ်မယ်ဆိုရင် တက်သင့်သလောက်၊ ရောက်သင့်သလောက် မရောက်ပါဘူး။ဝန်ထမ်းစိတ်ကိုဖျောက်ပြီး ဒီအလုပ်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုတွေကကိုယ်နဲ့လည်းတိုက်ရိုက်သက်ဆိုင်တယ်ဆိုတဲ့စိတ်မျိုး၊ သဘောထားမျိုးမွေးမြူပြီးကိုယ်လုပ်သမျှအလုပ်တိုင်းကို စေတနာပါပါ၊ စိတ်အားထက်သန်စွာနဲ့
လုပ်ဆောင်တာရဲ့အကျိုးကျေးဇူးက ကိုယ့်အတွက်လည်းအများကြီးအထောက်အကူဖြစ်စေပါတယ်။

ကိုယ်နဲ့ထိုက်တန်တာ ကိုယ်ရမယ်

အပေါ်မှာပြောခဲ့သလိုပဲ လုပ်ငန်းခွင်မှာ ကိုယ်ဘယ်လိုလူလဲဆိုတဲ့အချက်ကကိုယ်ရဲ့နာမည်ဂုဏ်သတင်းပါပဲ။ ကိုယ်နဲ့ထိုက်တန်တာကို ကိုယ်ရရှိပါလိမ့်မယ်။အလုပ်လုပ်တဲ့အခါမှာ “မလုပ်၊ မပြုတ်၊ မရှုပ်” ဆိုတဲ့စိတ်မျိုးနဲ့ ဝတ်ကျေတန်းကျေ ဘယ်တော့မှမလုပ်ဖို့ပါပဲ။ စေတ နာပါပါနဲ့ ကိုယ့်အစွမ်းရှိသလောက်လုပ်ဆောင်ပါ။ တချိန်ချိန်မှာတော့အဲဒီအကျိုးကျေးဇူးကို သင်ပြန်ခံစားရမှာပဲဖြစ်ပါတယ်။လုပ်ငန်းခွင်မှာ သင်တည်ဆောက်ခဲ့တဲ့ နာမည်ပုံရိပ်တခုကသင့်ရဲ့အသက်မွေးဝမ်းကျောင်းအတွက် လှေကားလည်းဖြစ်စေနိုင်သလို၊အတားအဆီးလည်းဖြစ်စေနိုင်တာကို သတိချပ်စေချင်ပါတယ်။ ကိုယ်လုပ်ခဲ့သမျှအလုပ်တိုင်းကို စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး ကြိုးစားပါ။ ဒါကသင့်အသက်မွေးဝမ်းကျောင်းအတွက် လှေကားဖြစ်စေနိုင်လို့ပါပဲ။

MYit

zawgyi

ဒီေမးခြန္းကိုေတာ့ လက္ရွိလုပ္ငန္းခြင္ဝင္ေနတဲ့သူေတြအတြက္ပါ။ အလုပ္မွာကိုယ့္ရဲ႕နာမည္ဂုဏ္သတင္းကို ဘယ္လိုတည္ေဆာက္ထားသလဲဆိုတဲ့အခ်က္ပါ။ကိုယ့္ကိုယ္ကိုယ္ ပုံေဖာ္ဖို႔အတြက္ ကိုယ္တိုင္ပဲ ႀကိဳးစားတည္ေဆာက္ရတာျဖစ္ပါတယ္။ကိုယ္စိုက္ပ်ိဳးသမွ် အခ်ိန္ တန္ရင္ ကိုယ္ပဲရိတ္သိမ္းရတာ ထုံးစံပါပဲ။ ကိုယ္ဘယ္လိုအပင္မ်ိဳးစိုက္ပ်ိဳးခဲ့သလဲဆိုတာေပၚ မူတည္ၿပီး ကိုယ့္ရဲ႕နာမည္ဂုဏ္သတင္းကလည္း ထင္ဟပ္ေစပါတယ္။

ကိုယ့္ကို ဘယ္လိုတြဲသိထားသလဲ

လုပ္ငန္းခြင္မွာ ကိုယ့္နာမည္ေျပာလိုက္တာနဲ႔ “ဒီတေယာက္ကေတာ့ အလုပ္လုပ္ရာမွာပေရာ္ဖက္ရွင္နယ္က်တယ္။ သူနဲ႔အလုပ္တြဲလုပ္တဲ့အခါ စနစ္တက်လုပ္မွျဖစ္တယ္။မဟုတ္ရင္ေတာ့ အဆင္မေျပဘူး။ သူ႔ရဲ႕အလုပ္ကိုလည္း ေလးစားမႈရွိတယ္၊ Deadline ကိုလည္းေျပာစရာမလိုေအာင္ အခ်ိန္မီၿပီးေျမာက္တယ္” စသျဖင့္ ဒီလိုဂုဏ္သတင္းမ်ိဳးကကိုယ္တည္ေဆာက္ထားတဲ့ ကိုယ့္ရဲ႕ ပေရာဖက္ရွင္နယ္ဘဝပါပဲ။ကိုယ့္နာမည္ၾကားလိုက္တာနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြေရာ အထက္လူႀကီးကပါ “ဒီလူကေတာ့အလုပ္လုပ္တာ စိတ္မခ်ရဘူး။ သူ႔ကိုလက္လႊဲထားလို႔မရဘူး။ တခုခုဆို ျပန္စစ္ေနရတယ္။Deadline ေတြအတြက္လည္း အေနာက္ကေန တြန္းအားေပးေနရတယ္။ မဟုတ္ရင္
အခ်ိန္မီမၿပီးဘူး” စတဲ့ မွတ္ခ်က္ေတြကလည္း ကိုယ္တိုင္ပဲ လုပ္ေဆာင္ထားတဲ့ရလဒ္ေတြေၾကာင့္ပါပဲ။

ဝန္ထမ္းစိတ္နဲ႔ အလုပ္မလုပ္ပါနဲ႔

ဒီလူကေတာ့ အလုပ္မ်ာေစတနာပါတယ္။ အလုပ္အေပၚမွာ ဝန္ထမ္းလိုစိတ္မ်ိဳးထက္ကိုယ့္ရဲ႕အက်ိဳးစီးပြားလို၊ ကိုယ့္ရဲ႕အလုပ္လိုတန္ဖိုးထားလုပ္ေဆာင္တတ္တဲ့ဝန္ထမ္းေတြလည္းရွိပါတယ္။ တကယ္ေတာ့ ဝန္ထမ္းတေယာက္က ဝန္ထမ္းစိတ္နဲ႔အလုပ္လုပ္မယ္ဆိုရင္ တက္သင့္သေလာက္၊ ေရာက္သင့္သေလာက္ မေရာက္ပါဘူး။ဝန္ထမ္းစိတ္ကိုေဖ်ာက္ၿပီး ဒီအလုပ္ရဲ႕ေအာင္ျမင္မႈ၊ က်ရႈံးမႈေတြကကိုယ္နဲ႔လည္းတိုက္႐ိုက္သက္ဆိုင္တယ္ဆိုတဲ့စိတ္မ်ိဳး၊ သေဘာထားမ်ိဳးေမြးျမဴၿပီးကိုယ္လုပ္သမွ်အလုပ္တိုင္းကို ေစတနာပါပါ၊ စိတ္အားထက္သန္စြာနဲ႔
လုပ္ေဆာင္တာရဲ႕အက်ိဳးေက်းဇူးက ကိုယ့္အတြက္လည္းအမ်ားႀကီးအေထာက္အကူျဖစ္ေစပါတယ္။

ကိုယ္နဲ႔ထိုက္တန္တာ ကိုယ္ရမယ္

အေပၚမွာေျပာခဲ့သလိုပဲ လုပ္ငန္းခြင္မွာ ကိုယ္ဘယ္လိုလူလဲဆိုတဲ့အခ်က္ကကိုယ္ရဲ႕နာမည္ဂုဏ္သတင္းပါပဲ။ ကိုယ္နဲ႔ထိုက္တန္တာကို ကိုယ္ရရွိပါလိမ့္မယ္။အလုပ္လုပ္တဲ့အခါမွာ “မလုပ္၊ မျပဳတ္၊ မရႈပ္” ဆိုတဲ့စိတ္မ်ိဳးနဲ႔ ဝတ္ေက်တန္းေက် ဘယ္ေတာ့မွမလုပ္ဖို႔ပါပဲ။ ေစတ နာပါပါနဲ႔ ကိုယ့္အစြမ္းရွိသေလာက္လုပ္ေဆာင္ပါ။ တခ်ိန္ခ်ိန္မွာေတာ့အဲဒီအက်ိဳးေက်းဇူးကို သင္ျပန္ခံစားရမွာပဲျဖစ္ပါတယ္။လုပ္ငန္းခြင္မွာ သင္တည္ေဆာက္ခဲ့တဲ့ နာမည္ပုံရိပ္တခုကသင့္ရဲ႕အသက္ေမြးဝမ္းေက်ာင္းအတြက္ ေလွကားလည္းျဖစ္ေစႏိုင္သလို၊အတားအဆီးလည္းျဖစ္ေစႏိုင္တာကို သတိခ်ပ္ေစခ်င္ပါတယ္။ ကိုယ္လုပ္ခဲ့သမွ်အလုပ္တိုင္းကို စိတ္ေရာကိုယ္ပါႏွစ္ျမႇဳပ္ၿပီး ႀကိဳးစားပါ။ ဒါကသင့္အသက္ေမြးဝမ္းေက်ာင္းအတြက္ ေလွကားျဖစ္ေစႏိုင္လို႔ပါပဲ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*