ကောင်းမွန်တဲ့ အပြောင်းအလဲအတွက် နေ့စဉ်လုပ်သင့်တဲ့ Positive Affirmation များ – အပိုင်း (၃)

အပြုသဘောဆောင်တဲ့ ကတိသစ္စာပြုခြင်းကို Positive Affirmation လို့ခေါ်ပါတယ်။ ဘယ်သူ့ကိုကတိသစ္စာပြုသလဲဆိုရင် ကိုယ့်ကိုယ်ကိုယ်ပါ။ ဒီအပြုသဘောဆောင်တဲ့ကတိသစ္စာပြုခြင်းကနေ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ကိုယ်ရေး ကိုယ်တာအခြေအနေတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ကိုယ်ကအဆိုးမြင်တတ်တဲ့သူတယောက်ဆိုရင် ဒီအချက်လေးတွေ ပြောင်းလဲပြီးလုပ်ကြည့်ပါ။အကျိုးရှိလာပါလိမ့်မယ်။ ဒီလိုကတိသစ္စာပြုတာက နှုတ်ကနေ ရွတ်ဆိုရတာပါ။ ကိုယ်ဖြစ်ချင်တဲ့ကောင်းမွန်တဲ့ဆန္ဒလေးတွေကို နှုတ်ကနေရွတ်ဆိုတာက Positive Affirmation ပါပဲ။ကောင်းမွန်တဲ့ ဘဝအပြောင်းအလဲအတွက် ဒီအချက်လေးတွေကို ရွတ်ဆိုကြည့်ပါ။ကောင်းမွန်တဲ့ စကားလုံးတွေ၊ ကောင်းမွန်တဲ့အတွေးတွေက ကိုယ့်ကိုရောင်ပြန်ဟပ်ပါတယ်။

အဆိုးမြင်စိတ်တွေ၊ အတွေးတွေက သင့်ရဲ့ဘဝကို ပြောင်းလဲပစ်နိုင်သလိုပဲကောင်းမွန်တဲ့အတွေးတွေ၊ အပြောတွေကလည်း သင့်ရဲ့ဘဝကို
ကောင်းမွန်အောင်ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ တကယ်လို့သင်က အပြုသဘောဆောင်တဲ့ကတိပြုမှုတွေကို စတင်လုပ်ဆောင်ဖို့ အ ဆင်သင့်ပဲဆိုရင်သင့်ရဲ့အဆိုးမြင်မှုတွေးခေါ်မှုပုံစံတွေကို ပြောင်းလဲပြီး ဒီမက်ဆေ့ချ်လေးတွေကို အသုံးပြုပြီးကောင်းမွန်တဲ့ အပြောင်းအ လဲတရပ်ကို ဖော်ဆောင်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

စိန်ခေါ်မှုတွေကို ငါရင်ဆိုင်နိုင်တယ်

လူတိုင်းရဲ့ဘဝကတော့ ပန်းခင်းလမ်းကြီးပဲမဟုတ်တာသေချာပါတယ်။ လူတိုင်းမှာသူ့အတိုင်းအတာနဲ့သူ စိန်ခေါ်မှုကိုယ်စီရှိကြပါတယ်။ ဒီလိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာရတဲ့အခါမှာ‌ကောင်းမွန်တဲ့အပြောင်းအလဲတွေအတွက် ရွတ်သင့်တဲ့ Affirmation ကတော့ ဒီစိန်ခေါ်မှုတွေကိုငါကျော်လွှာနိုင်တယ်၊ ငါရင်ဆိုင်နိုင်တယ်ဆိုတာပါပဲ။ဒီလိုအခက်အခဲတွေကိုရင်ဆိုင်နိုင်ဖို့အတွက် ခံနိုင်ရည်ရှိတယ်ဆိုတဲ့အချက်ကို
နှလုံးသွင်းထားဖို့လိုပါတယ်။ မင်းက ထင်ထားတာထက်ပိုပြီး သန်မာပါတယ်။ဒါကိုမမေ့လိုက်စေချင်ပါဘူး။

ငါ့ကိုယ်ငါ ဂုဏ်ယူတယ်

ဒီ Affirmationကတော့ ကိုယ့်ကိုယ်ကိုယ် သူများနဲ့လိုက်ပြီး နှိုင်းယှဉ်နေတဲ့သူတွေနေ့စဉ်ရွတ်သင့်ပါတယ်။ ဒီနေ့ကစပြီး တခြားသူနဲ့ နှိုင်း ယှဉ်တာတွေကို မေ့လိုက်ပါတော့။ကိုယ်ကိုယ်ကိုယ်သာ အကောင်းဆုံးကြိုးစားပါ။ ကိုယ့်ရဲ့ကြိုးစားမှု၊ အောင်မြင်မှုအတွက်လည်းကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလိုက်ပါ။ ဒီ Affirmationကို ရွတ်ဆိုပေးမယ်ဆိုရင် ကောင်းမွန်တဲ့ဘဝအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

ဒီနေ့ ငါလုပ်စရာရှိတာ ပြီးအောင်လုပ်မယ်

ဒီ Affirmationကတော့ အချိန်ဆွဲတတ်သူတွေအတွက် ဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်ပြီးပြည့်စုံတဲ့သူတယောက်ဖြစ်ဖို့အတွက် Affirmationကို ရွတ်ပေးပါ။ ပြီးတော့ရွတ်တဲ့အတိုင်းလည်း လုပ်ဆောင်ပါ။ အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်ကိုကိုယ့်ကိုယ်ကိုယ်ကတိသစ္စာပြုခြင်းနဲ့ ပျောက်သွားအောင် လုပ်ဆောင်လိုက်ပါ။

ငါအကောင်းဆုံးလုပ်တယ်၊ ငါ့အရည်အချင်းကို ယုံကြည်တယ်

ဒီကတိသစ္စာက သင့်ကိုယ်သင် အကောင်းဆုံးတွေပေးဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါပေမယ့်သင်ရည်ရွယ်ထားတဲ့အရာအားလုံးကို မပြီး မြောက်အောင်မြင်ခဲ့ရင်လည်း ဒီ Affirmationကသင့်ကိုယ်သင် အကောင်းဆုံးဖြေသိမ့်ဖို့အတွက် အခွင့်အရေးကို ပေးစွမ်းနိုင်ပါတယ်။
အကောင်းဆုံးလုပ်ခဲ့ပေမဲ့ အကောင်းဆုံးဖြစ်မလာတော့လည်း ဘယ်တတ်နိုင်မလဲနော်။ဒါကြောင့် အောင်မြင်တာဖြစ်စေ၊ ကျရှုံးတာဖြစ်စေ နောက်ဆုံးမှာကိုယ်အကောင်းဆုံးလုပ်ခဲ့ဖို့ပဲလိုတာပါ။

MYit

zawgyi

အျပဳသေဘာေဆာင္တဲ့ ကတိသစၥာျပဳျခင္းကို Positive Affirmation လို႔ေခၚပါတယ္။ ဘယ္သူ႔ကိုကတိသစၥာျပဳသလဲဆိုရင္ ကိုယ့္ကိုယ္ကိုယ္ပါ။ ဒီအျပဳသေဘာေဆာင္တဲ့ကတိသစၥာျပဳျခင္းကေန စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈနဲ႔ ေကာင္းမြန္တဲ့အျပဳသေဘာေဆာင္တဲ့ကိုယ္ေရး ကိုယ္တာအေျခအေနေတြကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ ကိုယ္ကအဆိုးျမင္တတ္တဲ့သူတေယာက္ဆိုရင္ ဒီအခ်က္ေလးေတြ ေျပာင္းလဲၿပီးလုပ္ၾကည့္ပါ။အက်ိဳးရွိလာပါလိမ့္မယ္။ ဒီလိုကတိသစၥာျပဳတာက ႏႈတ္ကေန ႐ြတ္ဆိုရတာပါ။ ကိုယ္ျဖစ္ခ်င္တဲ့ေကာင္းမြန္တဲ့ဆႏၵေလးေတြကို ႏႈတ္ကေန႐ြတ္ဆိုတာက Positive Affirmation ပါပဲ။ေကာင္းမြန္တဲ့ ဘဝအေျပာင္းအလဲအတြက္ ဒီအခ်က္ေလးေတြကို ႐ြတ္ဆိုၾကည့္ပါ။ေကာင္းမြန္တဲ့ စကားလုံးေတြ၊ ေကာင္းမြန္တဲ့အေတြးေတြက ကိုယ့္ကိုေရာင္ျပန္ဟပ္ပါတယ္။

အဆိုးျမင္စိတ္ေတြ၊ အေတြးေတြက သင့္ရဲ႕ဘဝကို ေျပာင္းလဲပစ္ႏိုင္သလိုပဲေကာင္းမြန္တဲ့အေတြးေတြ၊ အေျပာေတြကလည္း သင့္ရဲ႕ဘဝကို
ေကာင္းမြန္ေအာင္ေျပာင္းလဲေပးႏိုင္စြမ္းရွိပါတယ္။ တကယ္လို႔သင္က အျပဳသေဘာေဆာင္တဲ့ကတိျပဳမႈေတြကို စတင္လုပ္ေဆာင္ဖို႔ အ ဆင္သင့္ပဲဆိုရင္သင့္ရဲ႕အဆိုးျမင္မႈေတြးေခၚမႈပုံစံေတြကို ေျပာင္းလဲၿပီး ဒီမက္ေဆ့ခ်္ေလးေတြကို အသုံးျပဳၿပီးေကာင္းမြန္တဲ့ အေျပာင္းအ လဲတရပ္ကို ေဖာ္ေဆာင္ၾကည့္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

စိန္ေခၚမႈေတြကို ငါရင္ဆိုင္ႏိုင္တယ္

လူတိုင္းရဲ႕ဘဝကေတာ့ ပန္းခင္းလမ္းႀကီးပဲမဟုတ္တာေသခ်ာပါတယ္။ လူတိုင္းမွာသူ႔အတိုင္းအတာနဲ႔သူ စိန္ေခၚမႈကိုယ္စီရွိၾကပါတယ္။ ဒီလိုစိန္ေခၚမႈေတြနဲ႔ရင္ဆိုင္လာရတဲ့အခါမွာ‌ေကာင္းမြန္တဲ့အေျပာင္းအလဲေတြအတြက္ ႐ြတ္သင့္တဲ့ Affirmation ကေတာ့ ဒီစိန္ေခၚမႈေတြကိုငါေက်ာ္လႊာႏိုင္တယ္၊ ငါရင္ဆိုင္ႏိုင္တယ္ဆိုတာပါပဲ။ဒီလိုအခက္အခဲေတြကိုရင္ဆိုင္ႏိုင္ဖို႔အတြက္ ခံႏိုင္ရည္ရွိတယ္ဆိုတဲ့အခ်က္ကို
ႏွလုံးသြင္းထားဖို႔လိုပါတယ္။ မင္းက ထင္ထားတာထက္ပိုၿပီး သန္မာပါတယ္။ဒါကိုမေမ့လိုက္ေစခ်င္ပါဘူး။

ငါ့ကိုယ္ငါ ဂုဏ္ယူတယ္

ဒီ Affirmationကေတာ့ ကိုယ့္ကိုယ္ကိုယ္ သူမ်ားနဲ႔လိုက္ၿပီး ႏႈိင္းယွဥ္ေနတဲ့သူေတြေန႔စဥ္႐ြတ္သင့္ပါတယ္။ ဒီေန႔ကစၿပီး တျခားသူနဲ႔ ႏႈိင္း ယွဥ္တာေတြကို ေမ့လိုက္ပါေတာ့။ကိုယ္ကိုယ္ကိုယ္သာ အေကာင္းဆုံးႀကိဳးစားပါ။ ကိုယ့္ရဲ႕ႀကိဳးစားမႈ၊ ေအာင္ျမင္မႈအတြက္လည္းကိုယ့္ကိုယ္ကိုယ္ဂုဏ္ယူလိုက္ပါ။ ဒီ Affirmationကို ႐ြတ္ဆိုေပးမယ္ဆိုရင္ ေကာင္းမြန္တဲ့ဘဝအတြက္ အေထာက္အကူျဖစ္ေစႏိုင္ပါတယ္။

ဒီေန႔ ငါလုပ္စရာရွိတာ ၿပီးေအာင္လုပ္မယ္

ဒီ Affirmationကေတာ့ အခ်ိန္ဆြဲတတ္သူေတြအတြက္ ျဖစ္ပါတယ္။ကိုယ့္ကိုယ္ကိုယ္ၿပီးျပည့္စုံတဲ့သူတေယာက္ျဖစ္ဖို႔အတြက္ Affirmationကို ႐ြတ္ေပးပါ။ ၿပီးေတာ့႐ြတ္တဲ့အတိုင္းလည္း လုပ္ေဆာင္ပါ။ အခ်ိန္ဆြဲတတ္တဲ့ အေလ့အက်င့္ကိုကိုယ့္ကိုယ္ကိုယ္ကတိသစၥာျပဳျခင္းနဲ႔ ေပ်ာက္သြားေအာင္ လုပ္ေဆာင္လိုက္ပါ။

ငါအေကာင္းဆုံးလုပ္တယ္၊ ငါ့အရည္အခ်င္းကို ယုံၾကည္တယ္

ဒီကတိသစၥာက သင့္ကိုယ္သင္ အေကာင္းဆုံးေတြေပးဖို႔ လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္သင္ရည္႐ြယ္ထားတဲ့အရာအားလုံးကို မၿပီး ေျမာက္ေအာင္ျမင္ခဲ့ရင္လည္း ဒီ Affirmationကသင့္ကိုယ္သင္ အေကာင္းဆုံးေျဖသိမ့္ဖို႔အတြက္ အခြင့္အေရးကို ေပးစြမ္းႏိုင္ပါတယ္။
အေကာင္းဆုံးလုပ္ခဲ့ေပမဲ့ အေကာင္းဆုံးျဖစ္မလာေတာ့လည္း ဘယ္တတ္ႏိုင္မလဲေနာ္။ဒါေၾကာင့္ ေအာင္ျမင္တာျဖစ္ေစ၊ က်ရႈံးတာျဖစ္ေစ ေနာက္ဆုံးမွာကိုယ္အေကာင္းဆုံးလုပ္ခဲ့ဖို႔ပဲလိုတာပါ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*