Kim Sae Ron နဲ့အချစ်ရေးကောလာဟလကိုငြင်းလိုက်တဲ့ Kim Soo Hyun

ဒီရက်ပိုင်းမှာ မင်းသား Kim Soo Hyun နဲ့ သရုပ်ဆောင်မင်းသမီး Kim Sae Ron တို့ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ သတင်းနဲ့အတူ နှစ်ယောက်သားရဲ့ Selfie ပုံလေးလည်းလူမှုကွန်ရက်ပေါ်တက်လာခဲ့ပါတယ်။လတ်တလောမှာ Queen of Tears ဇာတ်လမ်းတွဲနဲ့ပရိသတ်ဆီပြန်လည်ရောက်ရှိနေတဲ့ Kim Soo Hyun က ဒီအချစ်ရေးသတင်းကိုငြင်းဆိုခဲ့ပါတယ်။ Kim Soo Hyun ရဲ့ အေဂျင်စီဖြစ်တဲ့ Goldmedalist ကဒီသတင်းမဟုတ်မှန်ကြောင်းကို မတ်လ 2၄ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။“ဟယ်လို Goldmedalist ကပါ။ လတ်တလောအွန်လိုင်းမှာပျံ့နှံ့နေတဲ့ Kim Soo Hyun ရဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီးရှင်းပြချင်ပါတယ်။

ဒီပုံနဲ့အတူ အချစ်ရေးကောလာဟလထွက်လာတာဟာမဟုတ်မှန်ပါဘူး။ သူတို့နှစ်ယောက်ဟာ အရင်ကအေဂျင်စီတစ်ခုတည်းမှာရှိခဲ့ကြတာပါ။ Kim Sae Ron ကဒီပုံကိုဘာကြောင့်တင်တာလဲဆိုတဲ့ရည်ရွယ်ချက်ကိုလည်းမသိရသေးပါဘူး။ဒီပုံကြောင့်နားလည်မှုတွေလွဲစေပါတယ်။ ကျွန်တော်တို့မင်းသားရဲ့ နာမည်ဂုဏ်သတင်းနဲ့ပုံရိပ်ကိုထိခိုက်လာခဲ့ရင်တရားဥပဒေအရတုံ့ပြန်မှာပါ။ဒါ့ကြောင့် အခြေအမြစ်မရှိတဲ့ ကောလာဟလတွေမဖြန့်စေချင်ပါဘူး။ အားလုံးကိုကျေးဇူးတင်ပါတယ်”လို့ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။Kim Sae Ron ဟာ သူမနဲ့ Kim Soo Hyun ရဲ့ Selfie ပုံကို သူမရဲ့ Instagram Story မှာတင်ခဲ့တာဖြစ်ပြီးမကြာခင်မှာပြန်ဖြုတ်ချသွားခဲ့ပါတယ်။ ဒါပေမဲ့ကိုရီးယားဒရာမာပရိသတ်တွေက ဒီပုံကို Screenshot ယူထားခဲ့နိုင်တာကြာင့် လူမှုကွန်ရက်ပေါ်မှာဆက်လက်ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ဒီရက္ပိုင္းမွာ မင္းသား Kim Soo Hyun နဲ႔ သ႐ုပ္ေဆာင္မင္းသမီး Kim Sae Ron တို႔ခ်စ္သူေတြျဖစ္ေနၾကၿပီဆိုတဲ့ သတင္းနဲ႔အတူ ႏွစ္ေယာက္သားရဲ႕ Selfie ပုံေလးလည္းလူမႈကြန္ရက္ေပၚတက္လာခဲ့ပါတယ္။လတ္တေလာမွာ Queen of Tears ဇာတ္လမ္းတြဲနဲ႔ပရိသတ္ဆီျပန္လည္ေရာက္ရွိေနတဲ့ Kim Soo Hyun က ဒီအခ်စ္ေရးသတင္းကိုျငင္းဆိုခဲ့ပါတယ္။ Kim Soo Hyun ရဲ႕ ေအဂ်င္စီျဖစ္တဲ့ Goldmedalist ကဒီသတင္းမဟုတ္မွန္ေၾကာင္းကို မတ္လ 2၄ ရက္ေန႔ကထုတ္ျပန္ခဲ့ပါတယ္။“ဟယ္လို Goldmedalist ကပါ။ လတ္တေလာအြန္လိုင္းမွာပ်ံ႕ႏွံ႔ေနတဲ့ Kim Soo Hyun ရဲ႕ဓာတ္ပုံနဲ႔ပတ္သက္ၿပီးရွင္းျပခ်င္ပါတယ္။

ဒီပုံနဲ႔အတူ အခ်စ္ေရးေကာလာဟလထြက္လာတာဟာမဟုတ္မွန္ပါဘူး။ သူတို႔ႏွစ္ေယာက္ဟာ အရင္ကေအဂ်င္စီတစ္ခုတည္းမွာရွိခဲ့ၾကတာပါ။ Kim Sae Ron ကဒီပုံကိုဘာေၾကာင့္တင္တာလဲဆိုတဲ့ရည္႐ြယ္ခ်က္ကိုလည္းမသိရေသးပါဘူး။ဒီပုံေၾကာင့္နားလည္မႈေတြလြဲေစပါတယ္။ ကြၽန္ေတာ္တို႔မင္းသားရဲ႕ နာမည္ဂုဏ္သတင္းနဲ႔ပုံရိပ္ကိုထိခိုက္လာခဲ့ရင္တရားဥပေဒအရတုံ႔ျပန္မွာပါ။ဒါ့ေၾကာင့္ အေျခအျမစ္မရွိတဲ့ ေကာလာဟလေတြမျဖန႔္ေစခ်င္ပါဘူး။ အားလုံးကိုေက်းဇူးတင္ပါတယ္”လို႔ထုတ္ျပန္ခဲ့တာပဲျဖစ္ပါတယ္။Kim Sae Ron ဟာ သူမနဲ႔ Kim Soo Hyun ရဲ႕ Selfie ပုံကို သူမရဲ႕ Instagram Story မွာတင္ခဲ့တာျဖစ္ၿပီးမၾကာခင္မွာျပန္ျဖဳတ္ခ်သြားခဲ့ပါတယ္။ ဒါေပမဲ့ကိုရီးယားဒရာမာပရိသတ္ေတြက ဒီပုံကို Screenshot ယူထားခဲ့ႏိုင္တာၾကာင့္ လူမႈကြန္ရက္ေပၚမွာဆက္လက္ပ်ံ႕ႏွံ႔ေနခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*