ကင်ဆာဖြစ်နေပြီဆိုတဲ့အကြောင်းအသိပေးလာတဲ့ ကိတ်မစ်ဒယ်လ်တန်

တော်ဝင်ဝေလမင်းသားဝီလျံရဲ့ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်ဟာသူမမှာကင်ဆာရောဂါရှိနေကြောင်း၊ လက်ရှိမှာကုသမှုခံယူနေပြီဖြစ်ကြောင်းဗီဒီယိုဖိုင်နဲ့လူထုဆီကိုသတင်းပေးလာခဲ့ပါတယ်။သူမဟာ 2024 ခုနစ်၊ ဇန်နဝါရီလက ဝမ်းဗိုက်ခွဲစိပ်ကုသမှုခံယူပြီးနောက် ပိုင်းဆေးစစ်ချက်တွေအရသူမမှာကင်ဆာရောဂါရှိနေပြီဆိုတာကိုသိခဲ့ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ ဆေးသွင်းကုထုံး
Chemotherapy နဲ့ကုသမှုခံယူတော့မယ်လို့သိရပါတယ်။ သူမကိုယ်တိုင်နဲ့ဘတ်ကင်ဟမ်နန်းတော်ကတော့ သူမမှာဘာကင်ဆာဖြစ်နေတာလဲဆိုတာကိုအတိအကျမထုတ်ပြန်သေးပါဘူး။

ကင်ဆာဖြစ်နေပြီလို့သိရပြီးနောက်ပိုင်း ကင်ဆာဝေဒနာရှင်တွေအပေါ်သူမပိုမိုစာနာမိလာကြောင်း၊ သူမရဲ့ကလေးတွေကိုနားလည်အောင်ပြောပြဖို့ကြိုးစားရကြောင်း၊ သူမဘေးမှာ ဝီလျံကအမြဲဖေးမပြီးရှိနေခဲ့လို့အဆင်ပြေတဲ့အကြောင်း၊ အားလုံးရဲ့အချစ်နဲ့ကြင်နာမှုတွေကသူမအတွက်ခွန်အားဖြစ်စေကြောင်း၊ကင်ဆာဝေဒနာရှင်တွေအနေနဲ့လည်း အားမလျှော့ဘဲဆက်လက်တိုက်ပွဲဝင်ကြဖို့ဗီဒီယိုထဲမှာပြောသွားခဲ့တာဖြစ်ပါတယ်။တော်ဝင်မိသားစုထဲမှာ ဝေလမင်းသမီးကိတ်မစ်ဒယ်လ်တန်အပြင် ချားလ်စ်ဘုရင်ဟာလည်းကင်ဆာဝေဒနာကိုခံစားနေရတာဖြစ်ပါတယ်။

Ju Ju

zawgyi

ေတာ္ဝင္ေဝလမင္းသားဝီလ်ံရဲ႕ၾကင္ယာေတာ္ ကိတ္မစ္ဒယ္လ္တန္ဟာသူမမွာကင္ဆာေရာဂါရွိေနေၾကာင္း၊ လက္ရွိမွာကုသမႈခံယူေနၿပီျဖစ္ေၾကာင္းဗီဒီယိုဖိုင္နဲ႔လူထုဆီကိုသတင္းေပးလာခဲ့ပါတယ္။သူမဟာ 2024 ခုနစ္၊ ဇန္နဝါရီလက ဝမ္းဗိုက္ခြဲစိပ္ကုသမႈခံယူၿပီးေနာက္ ပိုင္းေဆးစစ္ခ်က္ေတြအရသူမမွာကင္ဆာေရာဂါရွိေနၿပီဆိုတာကိုသိခဲ့ရတာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မၾကာခင္မွာ ေဆးသြင္းကုထုံး
Chemotherapy နဲ႔ကုသမႈခံယူေတာ့မယ္လို႔သိရပါတယ္။ သူမကိုယ္တိုင္နဲ႔ဘတ္ကင္ဟမ္နန္းေတာ္ကေတာ့ သူမမွာဘာကင္ဆာျဖစ္ေနတာလဲဆိုတာကိုအတိအက်မထုတ္ျပန္ေသးပါဘူး။

ကင္ဆာျဖစ္ေနၿပီလို႔သိရၿပီးေနာက္ပိုင္း ကင္ဆာေဝဒနာရွင္ေတြအေပၚသူမပိုမိုစာနာမိလာေၾကာင္း၊ သူမရဲ႕ကေလးေတြကိုနားလည္ေအာင္ေျပာျပဖို႔ႀကိဳးစားရေၾကာင္း၊ သူမေဘးမွာ ဝီလ်ံကအၿမဲေဖးမၿပီးရွိေနခဲ့လို႔အဆင္ေျပတဲ့အေၾကာင္း၊ အားလုံးရဲ႕အခ်စ္နဲ႔ၾကင္နာမႈေတြကသူမအတြက္ခြန္အားျဖစ္ေစေၾကာင္း၊ကင္ဆာေဝဒနာရွင္ေတြအေနနဲ႔လည္း အားမေလွ်ာ့ဘဲဆက္လက္တိုက္ပြဲဝင္ၾကဖို႔ဗီဒီယိုထဲမွာေျပာသြားခဲ့တာျဖစ္ပါတယ္။ေတာ္ဝင္မိသားစုထဲမွာ ေဝလမင္းသမီးကိတ္မစ္ဒယ္လ္တန္အျပင္ ခ်ားလ္စ္ဘုရင္ဟာလည္းကင္ဆာေဝဒနာကိုခံစားေနရတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*