ကမ္ဘာအနှံ့က iTunes Chart တွေရဲ့ ထိပ်ဆုံးမှာနေရာယူထားတဲ့ Red Velvet

Red Velvet အဖွဲ့ဟာ သူတို့ရဲ့ Comeback သီချင်း Chill Kill နဲ့ iTunes Charts တွေရဲ့ထိပ်ဆုံးမှာနေရာယူထားနိုင်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့က Chill Kill ဆိုတဲ့အယ်လ်ဘမ်အသစ်ကိုထုတ်ဝေခဲ့တဲ့ Red Velvet အနေနဲ့အဲဒီတေးအယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ Chill Kill နဲ့ပဲအောင်မြင်မှုတွေပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ Chill Kill ဟာ ကမ္ဘာအနှံ့မှာရှိတဲ့ Kpop အားပေးတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံရဲ့တစ်ခဲနက်အားပေးမှုတွေကိုရရှိနေတာဖြစ်ပါတယ်။

ဒီသီချင်းဟာ တရုတ်နိုင်ငံရဲ့ KuGou Music Chart ၊ ဂျပန်နိုင်ငံရဲ့ AWA Chart တွေမှာလည်း ထိပ်ဆုံးရောက်နေတယ်လို့သိရပါတယ်။
Chill Kill ဟာ Red Velvet ရဲ့တတိယမြောက်တေးအယ်လ်ဘမ်ဖြစ်ပြီး သူတို့ရဲ့ ဒုတိယမြောက် Full-length Album ကို ၂၀၁၇ ခုနစ်ကဖြန့်ချိခဲ့တာဖြစ်ပါတယ်။ Red Velvet ရဲ့ အအောင်မြင်ခဲ့ဆုံးသီချင်းတွေထဲမှာ Ice Cream Cake ၊ Dumb Dumb ၊ Russian Roulette နဲ့ Feel My Rhythm တို့လည်းပါဝင်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*