ဘီယွန်ဆေးရဲ့ Concert Movie ဒီဇင်ဘာ ၁ ရက်နေ့ရုံတင်မယ်

အဆိုတော်ဘီယွန်ဆေးရဲ့ Concert Movie ဖြစ်တဲ့ Renaissance (Trailer) ကို YouTube မှာကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ Concert Documentary အမျိုးအစားဒီရုပ်ရှင်ဟာအချိန် ၂ နာရီခွဲကြာမြင့်မှာဖြစ်ပြီး အမေရိကား၊ မက္ကဆီကိုနဲ့ ကနေဒါတို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့ရုံတင်ပြသမယ်လို့သိရပါတယ်။ဒီရုပ်ရှင်မှာ ဘီယွန်ဆေးရဲ့ကြိုးစားမှု၊ ဖန်တီးမှု၊ ဖြစ်ချင်တဲ့ဆန္ဒ၊ရုပ်ရှင်ထုတ်လုပ်ချိန်တစ်ခုလုံးသူမရဲ့ပါဝင်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါအပြင် Renaissance World Tour ရဲ့မှတ်တမ်းပုံရိပ်တွေကိုအပြည့်အဝတွေ့မြင်ရမှာဖြစ်ပြီး စင်နောက်ကွယ်ကသူမရဲ့ဘဝနဲ့ Relationship တွေကိုလည်းမြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။

“ငါဖျော်ဖြေတင်ဆက်နေစဉ်အတွင်းမှာ ငါကဘာမှမဟုတ်ပါဘူး၊ လွတ်လပ်မှုကလွဲလို့ပေါ့”၊ “ဒီ Tour ကိုဖန်တီးဖြစ်တာက လာရောက်သူအားလုံးလွတ်လပ်မှုကိုခံစားစေချင်တာပါ၊ဘယ်သူမှသူတို့ကိုဝေဖန်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့စကားသံကို Trailer ထဲမှာကြားနိုင်မှာဖြစ်ပါတယ်။သူမဟာ Netflix doc ဖြစ်တဲ့ Homecoming ၊ HBO Movie ဖြစ်တဲ့ Life Is But A Dream နဲ့ 2009/Am…Yours တို့ကိုလည်းရိုက်ကူးခဲ့ဖူးပါတယ်။ဘီယွန်ဆေးရဲ့ခင်ပွန်းလည်းဖြစ်၊ နံပါတ်ဝမ်း Fan လည်းဖြစ်တဲ့ Jay-Z က Renaissance ရုပ်ရှင်ထဲမှာဧည့် သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။

Ju Ju

zawgyi

အဆိုေတာ္ဘီယြန္ေဆးရဲ႕ Concert Movie ျဖစ္တဲ့ Renaissance (Trailer) ကို YouTube မွာၾကည့္ရႈႏိုင္ၿပီျဖစ္ပါတယ္။ Concert Documentary အမ်ိဳးအစားဒီ႐ုပ္ရွင္ဟာအခ်ိန္ ၂ နာရီခြဲၾကာျမင့္မွာျဖစ္ၿပီး အေမရိကား၊ မကၠဆီကိုနဲ႔ ကေနဒါတို႔မွာ ဒီဇင္ဘာလ ၁ ရက္ေန႔႐ုံတင္ျပသမယ္လို႔သိရပါတယ္။ဒီ႐ုပ္ရွင္မွာ ဘီယြန္ေဆးရဲ႕ႀကိဳးစားမႈ၊ ဖန္တီးမႈ၊ ျဖစ္ခ်င္တဲ့ဆႏၵ၊႐ုပ္ရွင္ထုတ္လုပ္ခ်ိန္တစ္ခုလုံးသူမရဲ႕ပါဝင္မႈေတြကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါအျပင္ Renaissance World Tour ရဲ႕မွတ္တမ္းပုံရိပ္ေတြကိုအျပည့္အဝေတြ႕ျမင္ရမွာျဖစ္ၿပီး စင္ေနာက္ကြယ္ကသူမရဲ႕ဘဝနဲ႔ Relationship ေတြကိုလည္းျမင္ေတြ႕ခြင့္ရမွာျဖစ္ပါတယ္။

“ငါေဖ်ာ္ေျဖတင္ဆက္ေနစဥ္အတြင္းမွာ ငါကဘာမွမဟုတ္ပါဘူး၊ လြတ္လပ္မႈကလြဲလို႔ေပါ့”၊ “ဒီ Tour ကိုဖန္တီးျဖစ္တာက လာေရာက္သူအားလုံးလြတ္လပ္မႈကိုခံစားေစခ်င္တာပါ၊ဘယ္သူမွသူတို႔ကိုေဝဖန္ဆုံးျဖတ္ပိုင္ခြင့္မရွိဘူး” ဆိုတဲ့စကားသံကို Trailer ထဲမွာၾကားႏိုင္မွာျဖစ္ပါတယ္။သူမဟာ Netflix doc ျဖစ္တဲ့ Homecoming ၊ HBO Movie ျဖစ္တဲ့ Life Is But A Dream နဲ႔ 2009/Am…Yours တို႔ကိုလည္း႐ိုက္ကူးခဲ့ဖူးပါတယ္။ဘီယြန္ေဆးရဲ႕ခင္ပြန္းလည္းျဖစ္၊ နံပါတ္ဝမ္း Fan လည္းျဖစ္တဲ့ Jay-Z က Renaissance ႐ုပ္ရွင္ထဲမွာဧည့္ သည္သ႐ုပ္ေဆာင္အျဖစ္ပါဝင္ထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*