Korea Box Office မှာ နံပါတ် ၁ ရထားတဲ့ Dr.Cheon and Lost Talisman

စက်တင်ဘာလ ၂၇ ရက်နေ့ကထွက်ရှိခဲ့တဲ့ Dr.Cheon and Lost Talisman ရုပ်ရှင်ကားဟာ ပထမ ၅ ရက်အတွင်းမှာတင်လက်မှတ် ၁ သန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။ ၅ ရက်အတွင်း လက်မှတ် ၁ သန်းကျော်ရောင်းချနိုင်ခဲ့တာမို့ ကိုရီးယား Box Office ရဲ့ နံပတ် ၁ နေရာမှာရောက်ရှိနေတာဖြစ်ပါတယ်။ ဒါဟာ ကိုရီးယားနိုင်ငံမှာ ဘိုးဘေးဘီဘင်ကန်တော့ပွဲ၊သေဆုံးပြီးသူများပူဇော်ပွဲကိုကျင်းပတဲ့ ချူးဆော့ပိတ်ရက်(Chuseok Holidays) နဲ့တိုက်ဆိုင်နေတာကြောင့်လည်းဖြစ်တယ်လို့ဆိုပါတယ်။

ဒီရုပ်ရှင်ကားမှာ ဂန်ဒုန်ဝမ်က Dr.Cheon အဖြစ်သရုပ်ဆောင်ထားပြီး သရဲရှိတယ်ဆိုတာကိုမယုံပေမယ့်အပနှင်ပေးတဲ့ဆရာအဖြစ်သရုပ် ဆောင်ထားတာဖြစ်ပါတယ်။ ဒီလိုသရဲကိုမယုံကြည်သူအတွက်တကယ့်ကိုပရလောကသားတွေနဲ့ဆုံတွေ့ရတဲ့အခါ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ ဂန်ဒုန်ဝမ်နဲ့အတူ Esom ၊ ဘတ်ဂျောင်မင်၊ဒုန်ဟွီတို့လည်းပါဝင်သရုပ် ဆောင်ထားပါတယ်။ဒီရုပ်ရှင်ကားရဲ့ထူးခြားမှုတစ်ခုအနေနဲ့ Black Pink မှ JiSoo ကလည်းဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ထားပါတယ်။ JiSoo က ဒီဇာတ်ကားမှာ နတ်သမီးလေးအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Ju Ju

zawgyi

စက္တင္ဘာလ ၂၇ ရက္ေန႔ကထြက္ရွိခဲ့တဲ့ Dr.Cheon and Lost Talisman ႐ုပ္ရွင္ကားဟာ ပထမ ၅ ရက္အတြင္းမွာတင္လက္မွတ္ ၁ သန္းေက်ာ္ေရာင္းခ်ႏိုင္ခဲ့တယ္လို႔သိရပါတယ္။ ၅ ရက္အတြင္း လက္မွတ္ ၁ သန္းေက်ာ္ေရာင္းခ်ႏိုင္ခဲ့တာမို႔ ကိုရီးယား Box Office ရဲ႕ နံပတ္ ၁ ေနရာမွာေရာက္ရွိေနတာျဖစ္ပါတယ္။ ဒါဟာ ကိုရီးယားႏိုင္ငံမွာ ဘိုးေဘးဘီဘင္ကန္ေတာ့ပြဲ၊ေသဆုံးၿပီးသူမ်ားပူေဇာ္ပြဲကိုက်င္းပတဲ့ ခ်ဴးေဆာ့ပိတ္ရက္(Chuseok Holidays) နဲ႔တိုက္ဆိုင္ေနတာေၾကာင့္လည္းျဖစ္တယ္လို႔ဆိုပါတယ္။

ဒီ႐ုပ္ရွင္ကားမွာ ဂန္ဒုန္ဝမ္က Dr.Cheon အျဖစ္သ႐ုပ္ေဆာင္ထားၿပီး သရဲရွိတယ္ဆိုတာကိုမယုံေပမယ့္အပႏွင္ေပးတဲ့ဆရာအျဖစ္သ႐ုပ္ ေဆာင္ထားတာျဖစ္ပါတယ္။ ဒီလိုသရဲကိုမယုံၾကည္သူအတြက္တကယ့္ကိုပရေလာကသားေတြနဲ႔ဆုံေတြ႕ရတဲ့အခါ ဘယ္လိုျဖစ္လာမယ္ဆိုတာကိုစိတ္ဝင္စားဖြယ္ၾကည့္ရႈရမွာျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္မွာ ဂန္ဒုန္ဝမ္နဲ႔အတူ Esom ၊ ဘတ္ေဂ်ာင္မင္၊ဒုန္ဟြီတို႔လည္းပါဝင္သ႐ုပ္ ေဆာင္ထားပါတယ္။ဒီ႐ုပ္ရွင္ကားရဲ႕ထူးျခားမႈတစ္ခုအေနနဲ႔ Black Pink မွ JiSoo ကလည္းဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ပါဝင္ထားပါတယ္။ JiSoo က ဒီဇာတ္ကားမွာ နတ္သမီးေလးအျဖစ္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*