GRAMMY အတွက်ဆန်ခါတင်စာရင်း ၉ ခုဝင်ထားတဲ့ SZA

2024 ခုနစ်၊ ဂရမ်မီဆုပေးပွဲကြီးအတွက် ဆန်ခါတင်ဆုစာရင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။ဂရမ်မီဆုပေးပွဲကြီးကို2024 ခုနစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့၊ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ Crypto.com ခန်းမကြီးမှာကျင်းပမှာဖြစ်ပါတယ်။ဒီပွဲအတွက် ဆန်ခါတင်စာရင်းအများဆုံးဝင်နေတဲ့အနုပညာရှင်အဖြစ်စံချိန်တင်ထားသူကတော့ SZA ပဲဖြစ်ပါတယ်။ သူမဟာ ဆန်ခါတင်ဆုကိုးဆုရရှိထားပြီး သူမရဲ့ဒုတိယမြောက်အယ်လ်ဘမ်ဖြစ်တဲ့ SOS က Album of the year ဆန်ခါတင်စာရင်း၊ Kill Bill သီချင်းက Record of the year နဲ့ Song of the year ဆန်ခါတင်စာရင်းမှာပါဝင်နေတာဖြစ်ပါတယ်။

ဆန်ခါတင်စာရင်းမှာ အစဉ်လိုက်နေရာယူထားကြတဲ့အမျိုးသမီးအနုပညာရှင်တွေကတော့ SZA (9) ဆု၊Phoebe Bridgers (7) ဆု၊ Boygenius (6) ဆု၊ Brandy Clark (6) ဆု၊ Miley Cyrus (6) ဆု၊ Olivia Rodrigo (6) ဆု၊ Taylor Swift (6) ဆု နဲ့ Victoria Monet (6) ဆုတို့ဖြစ်ကြပါတယ်။ 2024 ခုနစ်မှာကျင်းပမယ့် ဂရမ်မီဆုပေးပွဲကြီးဟာ ၆၆ ကြိမ်မြောက်ကျင်းပတာဖြစ်ပြီး CBS Television
Network ကနေ Live လွှင့်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

2024 ခုနစ္၊ ဂရမ္မီဆုေပးပြဲႀကီးအတြက္ ဆန္ခါတင္ဆုစာရင္းေတြထြက္ရွိလာၿပီျဖစ္ပါတယ္။ဂရမ္မီဆုေပးပြဲႀကီးကို2024 ခုနစ္၊ ေဖေဖၚဝါရီလ ၄ ရက္ေန႔၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕မွာရွိတဲ့ Crypto.com ခန္းမႀကီးမွာက်င္းပမွာျဖစ္ပါတယ္။ဒီပြဲအတြက္ ဆန္ခါတင္စာရင္းအမ်ားဆုံးဝင္ေနတဲ့အႏုပညာရွင္အျဖစ္စံခ်ိန္တင္ထားသူကေတာ့ SZA ပဲျဖစ္ပါတယ္။ သူမဟာ ဆန္ခါတင္ဆုကိုးဆုရရွိထားၿပီး သူမရဲ႕ဒုတိယေျမာက္အယ္လ္ဘမ္ျဖစ္တဲ့ SOS က Album of the year ဆန္ခါတင္စာရင္း၊ Kill Bill သီခ်င္းက Record of the year နဲ႔ Song of the year ဆန္ခါတင္စာရင္းမွာပါဝင္ေနတာျဖစ္ပါတယ္။

ဆန္ခါတင္စာရင္းမွာ အစဥ္လိုက္ေနရာယူထားၾကတဲ့အမ်ိဳးသမီးအႏုပညာရွင္ေတြကေတာ့ SZA (9) ဆု၊Phoebe Bridgers (7) ဆု၊ Boygenius (6) ဆု၊ Brandy Clark (6) ဆု၊ Miley Cyrus (6) ဆု၊ Olivia Rodrigo (6) ဆု၊ Taylor Swift (6) ဆု နဲ႔ Victoria Monet (6) ဆုတို႔ျဖစ္ၾကပါတယ္။ 2024 ခုနစ္မွာက်င္းပမယ့္ ဂရမ္မီဆုေပးပြဲႀကီးဟာ ၆၆ ႀကိမ္ေျမာက္က်င္းပတာျဖစ္ၿပီး CBS Television
Network ကေန Live လႊင့္ျပသမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*