အလုပ်နဲ့ဘဝချိန်ခွင်လွှာဆိုတာ ဘာလဲ

တော်တော်များများက Work-Life Balance ရှိဖို့လိုတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့အဲဒါကအလုပ်မှာရော ဘဝမှာပါဘယ်လောက်အထိအရေးပါတယ်ဆိုတာကို တော်တော်များများက အမှုမဲ့အမှတ်မဲ့နဲ့ရှိနေကြပါတယ်။ အလုပ်နဲ့ဘဝချိန်ခွင်လျှာဆိုတာ ဘာလဲဆိုတာကို
မျှဝေပေးချင်ပါတယ်။အလုပ်နဲ့ဘဝ ချိန်ခွင်လျှာဆိုတာက အသက်မွေးဝမ်းကြောင်းနဲ့ ကိုယ်ရေးကိုယ်တာဘဝအတွက်သင်ခွဲဝေချထားတဲ့ အချိန်နဲ့ကြိုးစားအားထုတ်မှုပဲဖြစ်ပါတယ်။ကျန်းမာတဲ့အလုပ်ဘဝဟန်ချက်ညီဖို့ ဘာကြောင့်အရေးကြီးတာလဲဆိုရင် စိတ်ပိုင်းဆိုင်ရာအရ၊
ရုပ်ပိုင်းဆိုင်ရာအရ တိုက်ရိုက်ပတ်သက်နေ တာကြောင့်ပါပဲ။

အသက်မွေးဝမ်းကြောင်းအပေါ် အာရုံစိုက်တာကလည်း အကျိုးရှိပေမဲ့ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ဘဝတခုတည်းကိုအာရုံစိုက်တာ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပါတယ်။ လူတိုင်းမှာချစ်ရသူတွေအတွက်အချိန်ပေးဖို့လည်း လိုပါတယ်။ ဒါကပဲ သင့်ရဲ့ကုန်ခမ်းသွားတဲ့အားအင်တွေကိုအားသွင်းနည်းတမျိုးပါပဲ။ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ အချိန်ကုန်ဆုံးလိုက်တာနဲ့လုပ်ငန်းခွင်ထဲမှာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို အလိုလိုဖြည့်ပြီးသားဖြစ်စေပါတယ်။ချစ်တဲ့သူတွေနဲ့အတူအချိန်ကုန်ဆုံးရတာက သင့်ကိုပျော်ရွှင်စေပါတယ်။အလုပ်နဲ့ကိုယ်ရေးကိုယ်တာဘဝကြားမှာ မှန်ကန်မျှတစွာ ချိန်ခွင်လျှာကို ထိန်းညှိတာကလည်းအဖက်ဖက်ကအောင်မြင်မှုဖြစ်စေပါတယ်။တချို့က အားလပ်ချိန်မှာ မိသားစုနဲ့အတူတန်ဖိုးရှိတဲ့အချိန်ကိုသုံးစွဲကြပြီး တချို့ကဝါသနာအတွက် အချိန်ကိုသုံးစွဲကြပါတယ်။

ဒီလိုမျိုး ကွဲပြားနိုင်ပေမဲ့အဓိပ္ပာယ်ကတော့အတူတူပါပဲ။ ကိုယ်ပိုင်ဘဝအတွက်၊ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်၊ ကိုယ့်ရဲ့တကိုယ်ရေဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ်ပိုင်ဘဝမှာအချိန်လိုအပ်ပါတယ်။သင့်အတွက်စံပြအလုပ်ပတ်ဝန်းကျင်ဆိုတာက အလုပ်နဲ့ဘဝချိန်ခွင်လျှာညီမျှတဲ့အလုပ်မျိုးဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အလုပ်က ကိုယ်ရဲ့ကိုယ်ပိုင်ဘဝအချိန်တွေကိုပါတိုက်စားဖဲ့ယူနေပြီလား။ ကိုယ်က အလုပ်ထဲမှာပဲ ဘဝတခုလုံးနစ်မြှုပ်ပြီး မိသားစုဘဝ၊ ကိုယ့်ရဲ့တကိုယ်ရေဖွံ့ဖြိုးမှုတွေကို လျစ်လျူရှုမိနေပြီလား။ ဒီမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။အလုပ်နဲ့ဘဝချိန်ခွင်လျှာညှိဖို့ သင်က နောက်မကျသေးပါဘူး။

MYit

zawgyi

ေတာ္ေတာ္မ်ားမ်ားက Work-Life Balance ရွိဖို႔လိုတယ္ဆိုၿပီး ေျပာၾကတယ္။ ဒါေပမဲ့အဲဒါကအလုပ္မွာေရာ ဘဝမွာပါဘယ္ေလာက္အထိအေရးပါတယ္ဆိုတာကို ေတာ္ေတာ္မ်ားမ်ားက အမႈမဲ့အမွတ္မဲ့နဲ႔ရွိေနၾကပါတယ္။ အလုပ္နဲ႔ဘဝခ်ိန္ခြင္လွ်ာဆိုတာ ဘာလဲဆိုတာကို
မွ်ေဝေပးခ်င္ပါတယ္။အလုပ္နဲ႔ဘဝ ခ်ိန္ခြင္လွ်ာဆိုတာက အသက္ေမြးဝမ္းေၾကာင္းနဲ႔ ကိုယ္ေရးကိုယ္တာဘဝအတြက္သင္ခြဲေဝခ်ထားတဲ့ အခ်ိန္နဲ႔ႀကိဳးစားအားထုတ္မႈပဲျဖစ္ပါတယ္။က်န္းမာတဲ့အလုပ္ဘဝဟန္ခ်က္ညီဖို႔ ဘာေၾကာင့္အေရးႀကီးတာလဲဆိုရင္ စိတ္ပိုင္းဆိုင္ရာအရ၊
႐ုပ္ပိုင္းဆိုင္ရာအရ တိုက္႐ိုက္ပတ္သက္ေန တာေၾကာင့္ပါပဲ။

အသက္ေမြးဝမ္းေၾကာင္းအေပၚ အာ႐ုံစိုက္တာကလည္း အက်ိဳးရွိေပမဲ့ကိုယ့္ရဲ႕ပေရာ္ဖက္ရွင္နယ္ဘဝတခုတည္းကိုအာ႐ုံစိုက္တာ ႐ုပ္ပိုင္းဆိုင္ရာနဲ႔စိတ္ပိုင္းဆိုင္ရာက်န္းမာေရးျပႆနာမ်ားျဖစ္ေစႏိုင္ပါတယ္။ လူတိုင္းမွာခ်စ္ရသူေတြအတြက္အခ်ိန္ေပးဖို႔လည္း လိုပါတယ္။ ဒါကပဲ သင့္ရဲ႕ကုန္ခမ္းသြားတဲ့အားအင္ေတြကိုအားသြင္းနည္းတမ်ိဳးပါပဲ။ ကိုယ္ခ်စ္တဲ့သူေတြနဲ႔အတူ အခ်ိန္ကုန္ဆုံးလိုက္တာနဲ႔လုပ္ငန္းခြင္ထဲမွာ ကုန္ဆုံးသြားတဲ့ အားအင္ေတြကို အလိုလိုျဖည့္ၿပီးသားျဖစ္ေစပါတယ္။ခ်စ္တဲ့သူေတြနဲ႔အတူအခ်ိန္ကုန္ဆုံးရတာက သင့္ကိုေပ်ာ္႐ႊင္ေစပါတယ္။အလုပ္နဲ႔ကိုယ္ေရးကိုယ္တာဘဝၾကားမွာ မွန္ကန္မွ်တစြာ ခ်ိန္ခြင္လွ်ာကို ထိန္းညႇိတာကလည္းအဖက္ဖက္ကေအာင္ျမင္မႈျဖစ္ေစပါတယ္။တခ်ိဳ႕က အားလပ္ခ်ိန္မွာ မိသားစုနဲ႔အတူတန္ဖိုးရွိတဲ့အခ်ိန္ကိုသုံးစြဲၾကၿပီး တခ်ိဳ႕ကဝါသနာအတြက္ အခ်ိန္ကိုသုံးစြဲၾကပါတယ္။

ဒီလိုမ်ိဳး ကြဲျပားႏိုင္ေပမဲ့အဓိပၸာယ္ကေတာ့အတူတူပါပဲ။ ကိုယ္ပိုင္ဘဝအတြက္၊ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈအတြက္၊ ကိုယ့္ရဲ႕တကိုယ္ေရဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ ကိုယ္ပိုင္ဘဝမွာအခ်ိန္လိုအပ္ပါတယ္။သင့္အတြက္စံျပအလုပ္ပတ္ဝန္းက်င္ဆိုတာက အလုပ္နဲ႔ဘဝခ်ိန္ခြင္လွ်ာညီမွ်တဲ့အလုပ္မ်ိဳးျဖစ္ဖို႔လိုပါတယ္။ ကိုယ့္ရဲ႕အလုပ္က ကိုယ္ရဲ႕ကိုယ္ပိုင္ဘဝအခ်ိန္ေတြကိုပါတိုက္စားဖဲ့ယူေနၿပီလား။ ကိုယ္က အလုပ္ထဲမွာပဲ ဘဝတခုလုံးနစ္ျမႇဳပ္ၿပီး မိသားစုဘဝ၊ ကိုယ့္ရဲ႕တကိုယ္ေရဖြံ႕ၿဖိဳးမႈေတြကို လ်စ္လ်ဴရႈမိေနၿပီလား။ ဒီေမးခြန္းေတြကို ကိုယ့္ကိုယ္ကိုယ္ျပန္ေမးပါ။အလုပ္နဲ႔ဘဝခ်ိန္ခြင္လွ်ာညႇိဖို႔ သင္က ေနာက္မက်ေသးပါဘူး။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*