လော့စ်အိန်ဂျလိစ်မှာရှိတဲ့ လီဗြောင်ဟွန်းရဲ့အိမ်ဖောက်ထွင်းခံရ

LOS ANGELES, CALIFORNIA - NOVEMBER 05: Lee Byung-hun, wearing Gucci, attends the 2022 LACMA ART+FILM GALA Presented By Gucci at Los Angeles County Museum of Art on November 05, 2022 in Los Angeles, California. (Photo by Michael Kovac/Getty Images for LACMA)

ဇန်နဝါရီလ (၂၉) ရက်နေ့က လော့စ်အိန်ဂျလိစ်မှာရှိတဲ့မင်းသားလီ‌ဗြောင်ဟွန်းရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရတယ်လို့ အမေရိကန်ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ TMZ မှာဖော်ပြထားပါတယ်။ဖောက်ထွင်းသူတွေက လီဗြောင်ဟွန်းအိမ်ရဲ့ဘေးတွန်းမှန်တံခါးကိုရိုက်ခွဲပြီးအိမ်ထဲကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ပွားချိန်မှာလီဗြောင်ဟွန်းကအိမ်မှာရှိမနေဘဲ သူ့အေဂျင်စီရဲ့ဝန်ထမ်းတစ်ဦးကတွေ့ရှိခဲ့ပြီးရဲကိုဖုန်းဆက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ခိုးယူခံလိုက်ရတဲ့ပစ္စည်းအတိအကျနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့လက်ရှိအချိန်မှာမသိရှိရသေးဘူးလို့ဆိုပါတယ်။

ဖောက်ထွင်းသူတွေအနေနဲ့ လီဗြောင်ဟွန်းအိမ်ဆိုပြီးပစ်မှတ်ထားတာမျိုးမဟုတ်ဘဲချမ်းသာတဲ့အိမ်တွေကိုပစ်မှတ်ထားလုပ်ဆောင်နေတယ်လို့ ရဲတွေကယူဆကြပါတယ်။ဘာ့ကြောင့်လဲဆိုတော့ လီဗြောင်ဟွန်းရဲ့အိမ်နားမှာနေထိုင်တဲ့ မင်းသမီး Lena Waithe ရဲ့အိမ်ဟာလည်းမကြာသေးခင်ကဖောက်ထွင်းခံရပြီး အမေရိကန်ဒေါ်လာ 2 သိန်းဖိုးလက်ဝတ်ရတနာတွေဆုံးရှုံးသွားခဲ့လို့ဖြစ်ပါတယ်။ ဒီဖောက် ထွင်းမှုတွေကို လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့ကစုံစမ်းနေပြီးလက်ရှိအချိန်ထိတော့ ဖောက်ထွင်းသူတွေကိုဖမ်းမမိသေးဘူးလို့ ဆိုပါတယ်။
အိမ်ထောင်သက် 8 နှစ်အကြာမှာ ဒုတိယသားလေးကိုထပ်မံပိုင်ဆိုင်နိုင်ခဲ့တဲ့ လီဗြောင်ဟွန်းက Heavy Snow ဆိုတဲ့ဇာတ်လမ်းတွဲကိုလက်ခံရိုက်ကူးသွားမှာဖြစ်ပါတယ်။

Ju Ju

zawgyi

ဇန္နဝါရီလ (၂၉) ရက္ေန႔က ေလာ့စ္အိန္ဂ်လိစ္မွာရွိတဲ့မင္းသားလီ‌ေျဗာင္ဟြန္းရဲ႕ေနအိမ္ေဖာက္ထြင္းခံခဲ့ရတယ္လို႔ အေမရိကန္ေဖ်ာ္ေျဖေရးမီဒီယာတစ္ခုျဖစ္တဲ့ TMZ မွာေဖာ္ျပထားပါတယ္။ေဖာက္ထြင္းသူေတြက လီေျဗာင္ဟြန္းအိမ္ရဲ႕ေဘးတြန္းမွန္တံခါးကို႐ိုက္ခြဲၿပီးအိမ္ထဲကိုဝင္ေရာက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒီလိုျဖစ္ပြားခ်ိန္မွာလီေျဗာင္ဟြန္းကအိမ္မွာရွိမေနဘဲ သူ႔ေအဂ်င္စီရဲ႕ဝန္ထမ္းတစ္ဦးကေတြ႕ရွိခဲ့ၿပီးရဲကိုဖုန္းဆက္တိုင္ၾကားခဲ့တာျဖစ္ပါတယ္။ခိုးယူခံလိုက္ရတဲ့ပစၥည္းအတိအက်နဲ႔ ဆုံးရႈံးမႈတန္ဖိုးကိုေတာ့လက္ရွိအခ်ိန္မွာမသိရွိရေသးဘူးလို႔ဆိုပါတယ္။

ေဖာက္ထြင္းသူေတြအေနနဲ႔ လီေျဗာင္ဟြန္းအိမ္ဆိုၿပီးပစ္မွတ္ထားတာမ်ိဳးမဟုတ္ဘဲခ်မ္းသာတဲ့အိမ္ေတြကိုပစ္မွတ္ထားလုပ္ေဆာင္ေနတယ္လို႔ ရဲေတြကယူဆၾကပါတယ္။ဘာ့ေၾကာင့္လဲဆိုေတာ့ လီေျဗာင္ဟြန္းရဲ႕အိမ္နားမွာေနထိုင္တဲ့ မင္းသမီး Lena Waithe ရဲ႕အိမ္ဟာလည္းမၾကာေသးခင္ကေဖာက္ထြင္းခံရၿပီး အေမရိကန္ေဒၚလာ 2 သိန္းဖိုးလက္ဝတ္ရတနာေတြဆုံးရႈံးသြားခဲ့လို႔ျဖစ္ပါတယ္။ ဒီေဖာက္ ထြင္းမႈေတြကို ေလာ့စ္အိန္ဂ်လိစ္ရဲတပ္ဖြဲ႕ကစုံစမ္းေနၿပီးလက္ရွိအခ်ိန္ထိေတာ့ ေဖာက္ထြင္းသူေတြကိုဖမ္းမမိေသးဘူးလို႔ ဆိုပါတယ္။
အိမ္ေထာင္သက္ 8 ႏွစ္အၾကာမွာ ဒုတိယသားေလးကိုထပ္မံပိုင္ဆိုင္ႏိုင္ခဲ့တဲ့ လီေျဗာင္ဟြန္းက Heavy Snow ဆိုတဲ့ဇာတ္လမ္းတြဲကိုလက္ခံ႐ိုက္ကူးသြားမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*