မိသားစုအတူပျော်ရွှင်နေကြောင်းမျှဝေလာတဲ့ ပရီရင်ကာချိုပရာ

တေးရေး၊တေးဆိုတစ်ယောက်ဖြစ်တဲ့ Nick Jonas နဲ့လက်ထပ်ခဲ့တဲ့ အိန္ဒိယမင်းသမီးအလှမယ်ဟောင်းပရီရင်ကာချိုပရာဟာ ၂ နှစ်ပြည့်ခါနီးအရွယ်သမီးလေးနဲ့အတူ မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေပုံတွေကို Instagram မှာမျှဝေလာခဲ့တာတွေ့ရပါတယ်။သမီးလေး Malti ဟာ သူမရဲ့နာမည်တပ်ထားတဲ့ကစားစရာ BMW ကားအစိမ်းလေးနဲ့ဆော့နေပုံတွေကိုတွေ့မြင်ရသလို အမေနဲ့သမီးချီပြီးဆော့နေပုံကိုလည်း မြင်တွေ့ရတာဖြစ်ပါတယ်။ပရီရင်ကာချိုပရာနဲ့ Nick တို့ရဲ့ပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလည်း သူမတင်ထားတဲ့ပုံမှတဆင့်တွေ့မြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ ၃ ရက်က ချိုပရာဟာ Nick ရဲ့ပေါင်ပေါ်မှာထိုင်နေပြီးဘေးကိုကြည့်ကာရယ်နေတဲ့ပုံတွေကိုတင်ထားခဲ့တာပါ။

Caption ကိုတော့သူမက Lately လို့ရေးထားတာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာ သမီးလေး Malti ကို ၂၀၂၂ ခုနစ် ဇန်နဝါရီလကမွေးဖွားခဲ့တာဖြစ်ပါတယ်။ Malti လေးဟာမွေးစအချိန်မှစပြီးရက် ၁၀၀ အထိ NICU ထဲမှာကုသမှုခံယူနေခဲ့ရတာဖြစ်ပါတယ်။ Nick Jonas ကလည်းသမီးလေးလူ့ဘဝထဲစတင်ဝင်ရောက်လာချိန်မှာ ခက်ခဲမှုလေးတွေရှိခဲ့ပေမယ့်အခုတော့အားလုံးကောင်းသွားပါပြီ။ သူကပျော်ရွှင်မှုတွေအများကြီး ယူဆောင်လာပေးပါတယ်လို့အင်တာဗျူးတစ်ခုမှာပြောခဲ့ဖူးပါတယ်။ချိုပရာနဲ့ Nick တို့ပြတ်စဲတော့မယ်ဆိုတဲ့ကောလာ ဟလတွေမကြာခဏထွက်ပေါ်လာတတ်တာမို့ဒီပုံတွေကတော့ သူမတို့ရဲ့ခိုင်မာရင်းနှီးတဲ့မိသားစုဘဝလေးကိုပြသလိုက်တာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ေတးေရး၊ေတးဆိုတစ္ေယာက္ျဖစ္တဲ့ Nick Jonas နဲ႔လက္ထပ္ခဲ့တဲ့ အိႏၵိယမင္းသမီးအလွမယ္ေဟာင္းပရီရင္ကာခ်ိဳပရာဟာ ၂ ႏွစ္ျပည့္ခါနီးအ႐ြယ္သမီးေလးနဲ႔အတူ မိသားစုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ရွိေနပုံေတြကို Instagram မွာမွ်ေဝလာခဲ့တာေတြ႕ရပါတယ္။သမီးေလး Malti ဟာ သူမရဲ႕နာမည္တပ္ထားတဲ့ကစားစရာ BMW ကားအစိမ္းေလးနဲ႔ေဆာ့ေနပုံေတြကိုေတြ႕ျမင္ရသလို အေမနဲ႔သမီးခ်ီၿပီးေဆာ့ေနပုံကိုလည္း ျမင္ေတြ႕ရတာျဖစ္ပါတယ္။ပရီရင္ကာခ်ိဳပရာနဲ႔ Nick တို႔ရဲ႕ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေရးကိုလည္း သူမတင္ထားတဲ့ပုံမွတဆင့္ေတြ႕ျမင္ႏိုင္ပါတယ္။ လြန္ခဲ့တဲ့ ၃ ရက္က ခ်ိဳပရာဟာ Nick ရဲ႕ေပါင္ေပၚမွာထိုင္ေနၿပီးေဘးကိုၾကည့္ကာရယ္ေနတဲ့ပုံေတြကိုတင္ထားခဲ့တာပါ။

Caption ကိုေတာ့သူမက Lately လို႔ေရးထားတာျဖစ္ပါတယ္။သူတို႔ႏွစ္ဦးဟာ သမီးေလး Malti ကို ၂၀၂၂ ခုနစ္ ဇန္နဝါရီလကေမြးဖြားခဲ့တာျဖစ္ပါတယ္။ Malti ေလးဟာေမြးစအခ်ိန္မွစၿပီးရက္ ၁၀၀ အထိ NICU ထဲမွာကုသမႈခံယူေနခဲ့ရတာျဖစ္ပါတယ္။ Nick Jonas ကလည္းသမီးေလးလူ႔ဘဝထဲစတင္ဝင္ေရာက္လာခ်ိန္မွာ ခက္ခဲမႈေလးေတြရွိခဲ့ေပမယ့္အခုေတာ့အားလုံးေကာင္းသြားပါၿပီ။ သူကေပ်ာ္႐ႊင္မႈေတြအမ်ားႀကီး ယူေဆာင္လာေပးပါတယ္လို႔အင္တာဗ်ဴးတစ္ခုမွာေျပာခဲ့ဖူးပါတယ္။ခ်ိဳပရာနဲ႔ Nick တို႔ျပတ္စဲေတာ့မယ္ဆိုတဲ့ေကာလာ ဟလေတြမၾကာခဏထြက္ေပၚလာတတ္တာမို႔ဒီပုံေတြကေတာ့ သူမတို႔ရဲ႕ခိုင္မာရင္းႏွီးတဲ့မိသားစုဘဝေလးကိုျပသလိုက္တာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*