ဘတ်စကက်ဘောကစားသမားနဲ့ ချိန်းတွေ့နေတယ်လို့ အတည်ပြုလိုက်တယ် Hwang Jung Eum

သရုပ်ဆောင်၊ အဆိုတော်တဦးဖြစ်တဲ့ Hwang Jung Eum ကတော့ သူမရဲ့အချစ်ရေးအသစ်ကိုတရားဝင်အတည်ပြုလိုက်ပါတယ်။
မီဒီယာတခုက Hwang Jung Eumက ဘတ်စကတ်ဘောကြယ်ပွင့်တဦးနဲ့ ချစ်သူဖြစ်နေတယ်လို့ဇူလိုင်လ ၂၂ရက်နေ့က ဖော်ပြခဲ့ပါတယ်။
အဲဒီဖော်ပြချက်ကို သူမရဲ့အေဂျင်စီဖြစ်တဲ့ Y1 Entertainment ကနေတရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “Hwang Jung Eum နဲ့ ဘတ်စကတ်ဘောကြယ်ပွင့်တို့က မကြာသေးခင်ကအပြန်အလှန်ချစ်ကြိုက်ခဲ့ကြပါတယ်။

တယောက်နဲ့တယောက်သေသေချာချာနားလည်ပြီးသားဖြစ်သလို တယောက်ကိုတယောက်လည်းသေသေချာချာသိနေခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။ Hwang Jung Eum က စီးပွားရေးသမားတဦးလည်းဖြစ်၊ပရော်ဖက်ရှင်ဂေါက်ရိုက်သမားဟောင်း Lee Young Don နဲ့ ၂၀၁၆ ခုနှစ်မှာလက်ထပ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးမှာ ကလေးနှစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ ၂၀၂၁ခုနှစ်မှာတော့ သူမရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ပါတယ်။ ကွာရှင်းဖို့လျှောက်ထားနေဆဲပါလို့ အေဂျင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

MYit

zawgyi

သ႐ုပ္ေဆာင္၊ အဆိုေတာ္တဦးျဖစ္တဲ့ Hwang Jung Eum ကေတာ့ သူမရဲ႕အခ်စ္ေရးအသစ္ကိုတရားဝင္အတည္ျပဳလိုက္ပါတယ္။
မီဒီယာတခုက Hwang Jung Eumက ဘတ္စကတ္ေဘာၾကယ္ပြင့္တဦးနဲ႔ ခ်စ္သူျဖစ္ေနတယ္လို႔ဇူလိုင္လ ၂၂ရက္ေန႔က ေဖာ္ျပခဲ့ပါတယ္။
အဲဒီေဖာ္ျပခ်က္ကို သူမရဲ႕ေအဂ်င္စီျဖစ္တဲ့ Y1 Entertainment ကေနတရားဝင္ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ “Hwang Jung Eum နဲ႔ ဘတ္စကတ္ေဘာၾကယ္ပြင့္တို႔က မၾကာေသးခင္ကအျပန္အလွန္ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။

တေယာက္နဲ႔တေယာက္ေသေသခ်ာခ်ာနားလည္ၿပီးသားျဖစ္သလို တေယာက္ကိုတေယာက္လည္းေသေသခ်ာခ်ာသိေနခဲ့ပါတယ္” လို႔ေျပာခဲ့ပါတယ္။ Hwang Jung Eum က စီးပြားေရးသမားတဦးလည္းျဖစ္၊ပေရာ္ဖက္ရွင္ေဂါက္႐ိုက္သမားေဟာင္း Lee Young Don နဲ႔ ၂၀၁၆ ခုႏွစ္မွာလက္ထပ္ခဲ့ၾကပါတယ္။ သူတို႔ႏွစ္ဦးမွာ ကေလးႏွစ္ေယာက္ရွိပါတယ္။ ဒါေပမဲ့ ၂၀၂၁ခုႏွစ္မွာေတာ့ သူမရဲ႕ အိမ္ေထာင္ေရးကို အဆုံးသတ္ခဲ့ပါတယ္။ ကြာရွင္းဖို႔ေလွ်ာက္ထားေနဆဲပါလို႔ ေအဂ်င္စီဘက္က ထုတ္ျပန္ခဲ့ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*