ထိုင်းနိုင်ငံရဲ့နာမည်ကြီး ချာတူချက်ဈေးကြီးမီးလောင်လို့ တိရစ္ဆာန်ရာနဲ့ချီသေဆုံး

ထိုင်းနိုင်ငံရဲ နာမည်ကြီးဈေးကြီးတခုဖြစ်တဲ့ ချာတူချက်ဈေးကြီးမီးလောင်မှုမှာ လှောင်အိမ်ထဲကတိရစ္ဆာန်ရာနဲ့ချီသေဆုံးခဲ့ပါတယ်။ဇွန် လ ၁၁ရက်နေ့ နံနက်အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အဆိုပါမီးလောင်မျုကြောင့်အိမ်မွေးတိရစ္ဆာန်ဆိုင်ပေါင်း ၁၀၀ ကျော် လျင်မြန်စွာ မီးလောင်ကျွမ်းခဲ့တယ်လို့ဘန်ကောက်အစိုးရက ပြောကြားခဲ့ပါတယ်။မီးထိန်းနိုင်ဖို့အတွက် တနာရီခန့်အချိန်ယူခဲ့ရပြီး လူအသေအပျောက်စာရင်းမသိရသေးပေမဲ့ခွေးပေါက်လေးများ၊ ငါးများ၊ မြွေများ၊ ငှက်များနဲ့ ယုန်များအပါအဝင် တိရစ္ဆာန်ရာနဲ့ချီပြီးလှောင်အိမ်ထဲမှာ သေဆုံးခဲ့ရပါတယ်။မီးလောင်ရတဲ့အကြောင်းအရင်းကို စစ်ဆေးနေကြောင်း ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူးကပြောဆိုထားပြီး မီးလောင်ကျွမ်းတဲ့ ဈေး ဆိုင်များကို စစ်ဆေးခြင်းနဲ့မီးဘေးကနေလွတ်မြောက်လာတဲ့ တိရစ္ဆာန်တွေကို ကယ်ထုတ်ဖို့အတွက်လုပ်ဆောင်ခဲ့ကြပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဖြစ်ပြီး ဆိုင်ရှင်များအနေနဲ့ လျော်ကြေးပေးရန်စာရင်းပေးသွင်းနိုင်ကြောင်း တာဝန်ရှိသူတွေ ပြောကြားထားပါတယ်။ဒီဈေးက ကမ္ဘာတဝန်းက ဈေးဝယ်သူများနဲ့ အစားအသောက်၊ အဝတ်အစား၊ ပရိဘောဂ၊အပင်များ၊ စာအုပ်များ၊ အိမ်မွေးတိရစ္ဆာန်များအစုံအလင်ရှိပြီး ခရီးသွားတွေကိုအဓိကဆွဲဆောင်တဲ့နေရာတခုလည်းဖြစ်ပါတယ်။တောရိုင်းတိရစ္ဆာန်အဖွဲ့အစည်းများကတော့ ရှားပါးပြီး မျိုးသုဉ်းလုနီးပါးမျိုးစိတ်များဖြစ်တဲ့လိပ်၊ ငှက်များနဲ့ တခြားတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုကြောင့် ရောင်းချသူတွေကိုစွပ်စွဲပြောဆိုတာတွေရှိခဲ့ပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*