အဆိုတော်၊သရုပ်ဆောင် Rowoon တစ်ယောက် SF9 အဖွဲ့ကနေထွက်ခွာ

စက်တင်ဘာ ၁၈ ရက်နေ့က SF9 အဖွဲ့ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment ကကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အဲဒါက တော့ SF9 အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rowoon အဖွဲ့ကနေထွက်ခွာတော့မယ့်သတင်းပဲဖြစ်ပါတယ်။ FNC Entertainment ရဲ့ထုတ်ပြန်ချက်ထဲမှာ SF9 အဖွဲ့ဟာ ၂၀၁၆ ခုနစ်ကစတင်ပွဲဦးထွက်ခဲ့ပြီးအခုဆိုရင်တော့ ၇ နှစ်မြောက်ရှိပြီဖြစ်ပါတယ်။ အဖွဲ့ဝင်တွေအားလုံးကစာ ချုပ်အသစ်တွေထပ်မံချုပ်ဆိုခဲ့ပေမယ့် Rowoon ကတော့စာချုပ်ထပ်မချုပ်ဖြစ်တော့ပါဘူး။ဒါကြောင့်အဖွဲ့ဝင် ၈ ယောက်နဲ့ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပါတယ် လို့ဖော်ပြထားပါတယ်။Rowoon အနေနဲ့ အနုပညာလှုပ်ရှားမှုတွေကိုတစ်ကိုယ်တော်ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ သူ့အနေနဲ့သရုပ်ဆောင်အလုပ်ကိုအဓိကထားလုပ်ကိုင်သွားမှာဖြစ်ပါတယ်။

Rowoon ကသူဟာဒီနှစ်အသက် ၂၇ နှစ်ရှိပြီဖြစ်လို့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ချင်မိကြောင်း၊အဖွဲ့ကနေထွက်ခွာခဲ့တဲ့အတွက် SF9 ရဲ့ပရိ သတ်တွေကိုတောင်းပန်ကြောင်းပြောခဲ့ပါတယ်။ Rowoon ဟာ ဇာတ်လမ်းတွဲပေါင်းများစွာမှာသရုပ်ဆောင်ခဲ့ပြီး Extraordinary You နဲ့ The King’s Affection တို့လိုဇာတ်လမ်းတွဲတွေနဲ့ မြန်မာပရိသတ်တွေရဲ့အားပေးမှုကိုပိုမိုရရှိလာသူဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*