50 Cent ကိုအကောင်းဆုံးသူငယ်ချင်းလို့ညွှန်းလိုက်တဲ့ Eminem

စက်တင်ဘာလ ၁၇ ရက်နေ့က မီချီဂန်မှာပြုလုပ်ခဲ့တဲ့ 50 Cent ရဲ့ The Final Lap Tour 2023 မှာ Eminem နဲ့ 50 Cent တို့ဟာ Crack a Bottle နဲ့ Patiently Waiting သီချင်းတွေကိုအတူဖျော်ဖြေခဲ့ကြပါတယ်။ဒီရှိုးအတွင်းမှာ Eminem ဟာ Surprise အနေနဲ့ စင်နောက်ကနေပေါ်ထွက်လာခဲ့တာဖြစ်ပြီးပရိသတ်တွေကလည်း အံ့အားသင့်ပြီးအော်ဟစ်အားပေးခဲ့ကြပါတယ်။

50 Cent ရဲ့ ၂၀၀၃ ခုနစ်ကထွက်ရှိခဲ့တဲ့ တေးအယ်လ်ဘမ် Get Rich or Die Tryin ဟာသူတို့နှစ်ဦးရဲ့ပထမဆုံးပူးပေါင်းဖန်တီးမှုဖြစ်ခဲ့ပါတယ်။“မိတ်ဆွေတို့ ငါတွေ့ဖူးသမျှထဲအကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ 50 Cent အတွက်အသံလေးတွေကြားချင်ပါတယ်၊ Hip-hop နှစ် ၅၀ ပြည့်မွေးနေ့အတွက်လည်းအသံလေး‌တွေကြားချင်ပါတယ်” လို့ သီဆိုဖျော်ဖြေနေစဉ်အတွင်း Eminem ကပြောခဲ့တာဖြစ်ပါတယ်။ 50 Cent ရဲ့ The Final Lap Tour 2023 ကို ဇူလိုင်လ ၂၁ ရက်နေ့ကစတင်ခဲ့ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့၊နယူးဇီလန်မှာနောက်ဆုံးသီဆိုဖျော်ဖြေမယ်လို့သိရပါတယ်။

Ju Ju

zawgyi

စက္တင္ဘာလ ၁၇ ရက္ေန႔က မီခ်ီဂန္မွာျပဳလုပ္ခဲ့တဲ့ 50 Cent ရဲ႕ The Final Lap Tour 2023 မွာ Eminem နဲ႔ 50 Cent တို႔ဟာ Crack a Bottle နဲ႔ Patiently Waiting သီခ်င္းေတြကိုအတူေဖ်ာ္ေျဖခဲ့ၾကပါတယ္။ဒီရႈိးအတြင္းမွာ Eminem ဟာ Surprise အေနနဲ႔ စင္ေနာက္ကေနေပၚထြက္လာခဲ့တာျဖစ္ၿပီးပရိသတ္ေတြကလည္း အံ့အားသင့္ၿပီးေအာ္ဟစ္အားေပးခဲ့ၾကပါတယ္။

50 Cent ရဲ႕ ၂၀၀၃ ခုနစ္ကထြက္ရွိခဲ့တဲ့ ေတးအယ္လ္ဘမ္ Get Rich or Die Tryin ဟာသူတို႔ႏွစ္ဦးရဲ႕ပထမဆုံးပူးေပါင္းဖန္တီးမႈျဖစ္ခဲ့ပါတယ္။“မိတ္ေဆြတို႔ ငါေတြ႕ဖူးသမွ်ထဲအေကာင္းဆုံးသူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့ 50 Cent အတြက္အသံေလးေတြၾကားခ်င္ပါတယ္၊ Hip-hop ႏွစ္ ၅၀ ျပည့္ေမြးေန႔အတြက္လည္းအသံေလး‌ေတြၾကားခ်င္ပါတယ္” လို႔ သီဆိုေဖ်ာ္ေျဖေနစဥ္အတြင္း Eminem ကေျပာခဲ့တာျဖစ္ပါတယ္။ 50 Cent ရဲ႕ The Final Lap Tour 2023 ကို ဇူလိုင္လ ၂၁ ရက္ေန႔ကစတင္ခဲ့ၿပီး ဒီဇင္ဘာလ ၁၄ ရက္ေန႔၊နယူးဇီလန္မွာေနာက္ဆုံးသီဆိုေဖ်ာ္ေျဖမယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*