ရက်သတ္တပတ်တစ်ခုမှာဘယ်ရက်တွေက အလုပ်အပြီးမြောက်ဆုံးလဲ

တချို့ရက်တွေမှာ အလုပ်တွေအများကြီးကို လွယ်လွယ်ကူကူပြီးစီးပြီးတော့တချို့ရက်တွေမှာကျတော့အလုပ်တွေပြီးဖို့ အားစိုက်ထုတ်နေရတာကိုအားလုံးပဲသတိထားမိကြမယ်ထင်ပါတယ်။ဒီလိုဖြစ်တာကကိုယ်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ အလုပ်လုပ်နေတဲ့သူတိုင်းလိုလိုပဲဒီလိုဖြစ်ကြပါတယ်။ လေ့လာသူတွေက ရက်သတ္တပတ်တစ်ခုမှာ ဘယ်ရက်တွေကအလုပ်အပြီးမြောက်ဆုံးလဲ၊ Productive အဖြစ်ဆုံးလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။အလုပ်တွေပြီးမြောက်စေဖို့၊ ကိုယ့်ရဲ့ Productivity ကိုမြှင့်တင်ဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာကိုလည်းတစ်ပါတည်းမျှဝေပေးချင်ပါတယ်။

လေ့လာမှုသုံးခုရဲ့အဆိုအရ တနင်္လာနဲ့အင်္ဂါနေ့တွေဟာ အလုပ်အပြီးမြောက်ဆုံးနေ့၊ Productive အဖြစ်ဆုံးနေ့တွေလို့ တူညီစွာပဲဖော်ပြကြပါတယ်။ အဲဒီနှစ်ရက်ဟာ လုပ်ငန်းခွင်မှာအလုပ်အရှုပ်ဆုံးနေ့တွေလည်းဖြစ်တယ်လို့ ဝန်ထမ်းတွေကဆိုကြပါတယ်။ ဒီရက်တွေဟာ
ပိတ်ရက်အပြီးပထမဆုံးအလုပ်တက်ရက်တွေဖြစ်တာကြောင့် အားလုံးက အလုပ်ကိုပိုပြီးအာရုံစိုက်လုပ်ဆောင်ကြလို့ဖြစ်ပါတယ်။ဝန် ထမ်း 2% လောက်ကတော့ စနေနဲ့တနင်္ဂ‌နွေနေ့တွေဟာသူတို့အတွက်အလုပ်အပြီးမြောက်ဆုံးနေ့တွေလို့ ပြောကြပါတယ်။ အလုပ်များများပြီးတာ၊ Productive ဖြစ်တာဟာ တစ်ယောက်နဲ့တစ်ယောက် တူညီမှာတော့မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Plan ဆွဲတတ်မှု၊အချိန်ကိုစီမံခန့်ခွဲတတ်မှုနဲ့သက်ဆိုင်နေတာဖြစ်ပါတယ်။

ဒါပေမဲ့ အလုပ်တက်ရတဲ့ရက် တစ်ပတ်မှာ 5 ရက် သို့မဟုတ် 6 ရက်ရှိတဲ့အချိန်မှာ 1 ရက်လောက်ပဲအလုပ်တွေများများပြီးမြောက်တယ်ဆိုရင် ကိုယ့်အတွက်ရေရှည်မှာအဆင်မပြေဖြစ်လာတော့မှာပါ။ Productive ဖြစ်စေဖို့ လူတိုင်းမှာသူ့နည်းလမ်းနဲ့သူရှိနိုင်ကြပေမယ့် အားလုံးသိထားသင့်တဲ့အခြေခံအချက်လေးတွေလည်း ရှိပါသေးတယ်။ အဲဒါတွေက…

-ဒီနေ့ဘာတွေလုပ်ရမယ်ဆိုတဲ့ to-do list ကိုချရေးထားဖို့လိုပါတယ်။တချို့ရက်တွေမှာအလုပ်တစ်ခုလုပ်နေရင်း မွန်းကျပ်လာပြီ၊ ဘာမှစဥ်းစားမရတော့ဘူးဆိုရင်တခြားပေါ့ပါးတာလေးတွေပြောင်းလုပ်ပြီးမှ ခက်ခဲတဲ့အလုပ်ကိုပြန်စကြည့်တာမျိုး လုပ်သင့်ပါတယ်။

-အလုပ်တွေအများကြီးစထားပြီး ဟိုတစဒီတစနဲ့ ပြန့်ကြဲနေတာထက်စာရင် တစ်ခုဆိုတစ်ခုသပ်သပ်ရပ်ရပ်လေး ပြီးစီးတာကပိုကောင်းပါတယ်။ ဒါ့ကြောင့်မို့လို့တစ်ခုဆိုတစ်ခုအာရုံစိုက်နိုင်အောင်ကြိုးစားသင့်ပါတယ်။

-ကိုယ့်ရဲ့အလုပ်စားပွဲကြီးကရှုပ်ပွနေရင် တစ်ခုခုဆိုအလွယ်တကူရှာမတွေ့ဖြစ်နေရင်လည်းအလုပ်မပြီးစေပါဘူးနော်။ ဒါ့ကြောင့် အလုပ်စားပွဲလေးကိုလည်းရှင်းရှင်းလင်းလင်းသပ်သပ်ရပ်ရပ်ထားသင့်ပါတယ်။

-ကိုယ့်ရဲ့ အလုပ်လုပ်လို့အကောင်းဆုံးအချိန်ကိုလည်းသိထားသင့်ပါတယ်။ ဥပမာ -နေ့လယ်စာမစားခင်အချိန်လား၊ မနက်စောစောလားဆိုတာမျိုးပါ။ဒီလိုကိုယ့်အတွက်အကောင်းဆုံးအချိန်မှာ ခက်ခဲတဲ့အလုပ်တွေကိုပိုလုပ်သင့်ပါတယ်။

-အာရုံစိုက်ရမယ့်အလုပ်ကိုလုပ်နေချိန်မှာ ဖုန်းကိုပါပိတ်ထားနိုင်ပါတယ်။အနှောင့်အယှက်ပေးမယ့်အရာတွေအားလုံးကို ကြိုတင်ရှင်းလင်းထားတာကအလုပ်တကယ်ပြီးမြောက်စေမယ့် အဓိကအချက်ပါပဲ။အားလုံးပဲ တနင်္လာကနေသောကြာအထိအလုပ်တွေအများကြီးလုပ်နိုင်ပြီးလုပ်ငန်းခွင်မှာပျော်ရွှင်နိုင်ကြပါစေ။

Ju Ju

zawgyi

တခ်ိဳ႕ရက္ေတြမွာ အလုပ္ေတြအမ်ားႀကီးကို လြယ္လြယ္ကူကူၿပီးစီးၿပီးေတာ့တခ်ိဳ႕ရက္ေတြမွာက်ေတာ့အလုပ္ေတြၿပီးဖို႔ အားစိုက္ထုတ္ေနရတာကိုအားလုံးပဲသတိထားမိၾကမယ္ထင္ပါတယ္။ဒီလိုျဖစ္တာကကိုယ္တစ္ေယာက္တည္းေတာ့မဟုတ္ပါဘူး။ အလုပ္လုပ္ေနတဲ့သူတိုင္းလိုလိုပဲဒီလိုျဖစ္ၾကပါတယ္။ ေလ့လာသူေတြက ရက္သတၱပတ္တစ္ခုမွာ ဘယ္ရက္ေတြကအလုပ္အၿပီးေျမာက္ဆုံးလဲ၊ Productive အျဖစ္ဆုံးလဲဆိုတာကို ေလ့လာခဲ့ၾကပါတယ္။အလုပ္ေတြၿပီးေျမာက္ေစဖို႔၊ ကိုယ့္ရဲ႕ Productivity ကိုျမႇင့္တင္ဖို႔ ဘာေတြလုပ္ႏိုင္မလဲဆိုတာကိုလည္းတစ္ပါတည္းမွ်ေဝေပးခ်င္ပါတယ္။

ေလ့လာမႈသုံးခုရဲ႕အဆိုအရ တနလၤာနဲ႔အဂၤါေန႔ေတြဟာ အလုပ္အၿပီးေျမာက္ဆုံးေန႔၊ Productive အျဖစ္ဆုံးေန႔ေတြလို႔ တူညီစြာပဲေဖာ္ျပၾကပါတယ္။ အဲဒီႏွစ္ရက္ဟာ လုပ္ငန္းခြင္မွာအလုပ္အရႈပ္ဆုံးေန႔ေတြလည္းျဖစ္တယ္လို႔ ဝန္ထမ္းေတြကဆိုၾကပါတယ္။ ဒီရက္ေတြဟာ
ပိတ္ရက္အၿပီးပထမဆုံးအလုပ္တက္ရက္ေတြျဖစ္တာေၾကာင့္ အားလုံးက အလုပ္ကိုပိုၿပီးအာ႐ုံစိုက္လုပ္ေဆာင္ၾကလို႔ျဖစ္ပါတယ္။ဝန္ ထမ္း 2% ေလာက္ကေတာ့ စေနနဲ႔တနဂၤ‌ေႏြေန႔ေတြဟာသူတို႔အတြက္အလုပ္အၿပီးေျမာက္ဆုံးေန႔ေတြလို႔ ေျပာၾကပါတယ္။ အလုပ္မ်ားမ်ားၿပီးတာ၊ Productive ျဖစ္တာဟာ တစ္ေယာက္နဲ႔တစ္ေယာက္ တူညီမွာေတာ့မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ Plan ဆြဲတတ္မႈ၊အခ်ိန္ကိုစီမံခန႔္ခြဲတတ္မႈနဲ႔သက္ဆိုင္ေနတာျဖစ္ပါတယ္။

ဒါေပမဲ့ အလုပ္တက္ရတဲ့ရက္ တစ္ပတ္မွာ 5 ရက္ သို႔မဟုတ္ 6 ရက္ရွိတဲ့အခ်ိန္မွာ 1 ရက္ေလာက္ပဲအလုပ္ေတြမ်ားမ်ားၿပီးေျမာက္တယ္ဆိုရင္ ကိုယ့္အတြက္ေရရွည္မွာအဆင္မေျပျဖစ္လာေတာ့မွာပါ။ Productive ျဖစ္ေစဖို႔ လူတိုင္းမွာသူ႔နည္းလမ္းနဲ႔သူရွိႏိုင္ၾကေပမယ့္ အားလုံးသိထားသင့္တဲ့အေျခခံအခ်က္ေလးေတြလည္း ရွိပါေသးတယ္။ အဲဒါေတြက…

-ဒီေန႔ဘာေတြလုပ္ရမယ္ဆိုတဲ့ to-do list ကိုခ်ေရးထားဖို႔လိုပါတယ္။တခ်ိဳ႕ရက္ေတြမွာအလုပ္တစ္ခုလုပ္ေနရင္း မြန္းက်ပ္လာၿပီ၊ ဘာမွစဥ္းစားမရေတာ့ဘူးဆိုရင္တျခားေပါ့ပါးတာေလးေတြေျပာင္းလုပ္ၿပီးမွ ခက္ခဲတဲ့အလုပ္ကိုျပန္စၾကည့္တာမ်ိဳး လုပ္သင့္ပါတယ္။

-အလုပ္ေတြအမ်ားႀကီးစထားၿပီး ဟိုတစဒီတစနဲ႔ ျပန႔္ႀကဲေနတာထက္စာရင္ တစ္ခုဆိုတစ္ခုသပ္သပ္ရပ္ရပ္ေလး ၿပီးစီးတာကပိုေကာင္းပါတယ္။ ဒါ့ေၾကာင့္မို႔လို႔တစ္ခုဆိုတစ္ခုအာ႐ုံစိုက္ႏိုင္ေအာင္ႀကိဳးစားသင့္ပါတယ္။

-ကိုယ့္ရဲ႕အလုပ္စားပြဲႀကီးကရႈပ္ပြေနရင္ တစ္ခုခုဆိုအလြယ္တကူရွာမေတြ႕ျဖစ္ေနရင္လည္းအလုပ္မၿပီးေစပါဘူးေနာ္။ ဒါ့ေၾကာင့္ အလုပ္စားပြဲေလးကိုလည္းရွင္းရွင္းလင္းလင္းသပ္သပ္ရပ္ရပ္ထားသင့္ပါတယ္။

-ကိုယ့္ရဲ႕ အလုပ္လုပ္လို႔အေကာင္းဆုံးအခ်ိန္ကိုလည္းသိထားသင့္ပါတယ္။ ဥပမာ -ေန႔လယ္စာမစားခင္အခ်ိန္လား၊ မနက္ေစာေစာလားဆိုတာမ်ိဳးပါ။ဒီလိုကိုယ့္အတြက္အေကာင္းဆုံးအခ်ိန္မွာ ခက္ခဲတဲ့အလုပ္ေတြကိုပိုလုပ္သင့္ပါတယ္။

-အာ႐ုံစိုက္ရမယ့္အလုပ္ကိုလုပ္ေနခ်ိန္မွာ ဖုန္းကိုပါပိတ္ထားႏိုင္ပါတယ္။အေႏွာင့္အယွက္ေပးမယ့္အရာေတြအားလုံးကို ႀကိဳတင္ရွင္းလင္းထားတာကအလုပ္တကယ္ၿပီးေျမာက္ေစမယ့္ အဓိကအခ်က္ပါပဲ။အားလုံးပဲ တနလၤာကေနေသာၾကာအထိအလုပ္ေတြအမ်ားႀကီးလုပ္ႏိုင္ၿပီးလုပ္ငန္းခြင္မွာေပ်ာ္႐ႊင္ႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*