ရုပ်ရှင်ကားသစ်စတင်ရိုက်ကူးနေတဲ့အွန်စော

အွန်စောလို့လူသိများတဲ့ မင်းသမီးဆောင်းဟေကျိုအနေနဲ့လက်ရှိမှာ ရုပ်ရှင်ကားသစ်တစ်ကားကိုစတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။ The Black Nuns ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုစတင်ရိုက်ကူးနေပြီဖြစ်ကြောင်း သူမရဲ့ Social Media Account ကနေဖေဖော်ဝါရီလ 28 ရက်နေ့ကကြေညာခဲ့တာဖြစ်ပါတယ်။သူမက Caption ကို Starting လို့ရေးထားပြီး The Black Nuns ရဲ့ဇာတ်ညွှန်းထဲမှာပါတဲ့ပုံရိပ်တွေကိုမျှဝေလာခဲ့တာတွေ့ရပါတယ်။ သူမရဲ့ Post ကို Lim Ji Yeon အပါအဝင်တွဲဖက်သရုပ်ဆောင်တွေက Fighting Sister ဆိုပြီး Comment ပေးခဲ့ကြတာတွေ့ရပါတယ်။

The Black Nuns ဟာ 2015 ခုနစ်ကထွက်ရှိခဲ့တဲ့နာမည်ကြီးသရဲကား The Priests ရဲ့နောက်ဆက်တွဲဖြစ်ပြီး ဒီကားမှာတော့ သီလရင်တွေကို အဓိကထားတိုက်ခိုက်နေတဲ့နတ်ဆိုးအကြောင်းကိုဖော်ပြမှာဖြစ်ပါတယ်။ ဟီဂျွန်းလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကိုနတ်ဆိုးကသိမ်းပိုက်ထားပြီး ဒီကောင်လေးကိုသီလရင်တွေကကယ်တင်ဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဆောင်းဟေကျိုအပြင် Jeon Yeo-been၊ Lee Jin-wook ၊ Heo Jun-ho နဲ့ Moon Woo-jin တို့ပါဝင်မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ အွန်စောအတွက် ဆယ်စုနှစ်တစ်ခုကြာမှရုပ်ရှင်ပိတ်ကားပေါ်ပြန်ရောက်လာတဲ့ ဇာတ်ကားလို့ဆိုရမှာပါ။ သူမဟာ 2014ခုနစ်ကထွက်ရှိတဲ့ My Brilliant Life ဆိုတဲ့ရုပ်ရှင်ကို နောက်ဆုံးရိုက်ကူးခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

အြန္ေစာလို႔လူသိမ်ားတဲ့ မင္းသမီးေဆာင္းေဟက်ိဳအေနနဲ႔လက္ရွိမွာ ႐ုပ္ရွင္ကားသစ္တစ္ကားကိုစတင္႐ိုက္ကူးေနၿပီလို႔ သိရပါတယ္။ The Black Nuns ဆိုတဲ့႐ုပ္ရွင္ဇာတ္ကားကိုစတင္႐ိုက္ကူးေနၿပီျဖစ္ေၾကာင္း သူမရဲ႕ Social Media Account ကေနေဖေဖာ္ဝါရီလ 28 ရက္ေန႔ကေၾကညာခဲ့တာျဖစ္ပါတယ္။သူမက Caption ကို Starting လို႔ေရးထားၿပီး The Black Nuns ရဲ႕ဇာတ္ၫႊန္းထဲမွာပါတဲ့ပုံရိပ္ေတြကိုမွ်ေဝလာခဲ့တာေတြ႕ရပါတယ္။ သူမရဲ႕ Post ကို Lim Ji Yeon အပါအဝင္တြဲဖက္သ႐ုပ္ေဆာင္ေတြက Fighting Sister ဆိုၿပီး Comment ေပးခဲ့ၾကတာေတြ႕ရပါတယ္။

The Black Nuns ဟာ 2015 ခုနစ္ကထြက္ရွိခဲ့တဲ့နာမည္ႀကီးသရဲကား The Priests ရဲ႕ေနာက္ဆက္တြဲျဖစ္ၿပီး ဒီကားမွာေတာ့ သီလရင္ေတြကို အဓိကထားတိုက္ခိုက္ေနတဲ့နတ္ဆိုးအေၾကာင္းကိုေဖာ္ျပမွာျဖစ္ပါတယ္။ ဟီဂြၽန္းလို႔ေခၚတဲ့ေကာင္ေလးတစ္ေယာက္ကိုနတ္ဆိုးကသိမ္းပိုက္ထားၿပီး ဒီေကာင္ေလးကိုသီလရင္ေတြကကယ္တင္ဖို႔ႀကိဳးစားေနၾကတာျဖစ္ပါတယ္။ဒီဇာတ္ကားမွာ ေဆာင္းေဟက်ိဳအျပင္ Jeon Yeo-been၊ Lee Jin-wook ၊ Heo Jun-ho နဲ႔ Moon Woo-jin တို႔ပါဝင္မွာျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ အြန္ေစာအတြက္ ဆယ္စုႏွစ္တစ္ခုၾကာမွ႐ုပ္ရွင္ပိတ္ကားေပၚျပန္ေရာက္လာတဲ့ ဇာတ္ကားလို႔ဆိုရမွာပါ။ သူမဟာ 2014ခုနစ္ကထြက္ရွိတဲ့ My Brilliant Life ဆိုတဲ့႐ုပ္ရွင္ကို ေနာက္ဆုံး႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*