
အဝေးကနေအလုပ်လုပ်ပေမယ့် Personal Brand ကိုဘယ်လိုတည်ဆောက်မလဲ
ရုံးမတက်ဘဲ ကိုယ်အဆင်ပြေတဲ့နေရာတွေကနေ အလုပ်ထိုင်လုပ်ပေးခြင်းက ကိုယ့်အတွက်သက်သောင့်သက်သာရှိပြီး အချိန်ကုန်၊အ လုပ်ရှုပ်တာတွေသက်သာစေပါတယ်။ ရုံးတက်ရတဲ့အချိန်ကုန်မယ့် သွားလာစရိတ်၊ အဝတ်အစားအတွက်ကုန်ကျစရိတ်၊အစားအသောက်အတွက်ကုန်ကျစရိတ်စတဲ့ငွေကုန်ပေါက်တွေနည်းပါစေပါတယ်။ ဒီလိုအဆင်ပြေတဲ့အချက်တွေရှိပေမယ့်အားနည်းချက်လေးတွေလည်းရှိနိုင်ပါသေးတယ်။ ကိုယ့်ရဲ့အလုပ်ရှင်ဖြစ်လာနိုင်သူတွေ၊ Client တွေ၊လုပ်ငန်းပူးပေါင်းမယ့်သူတွေကို ကိုယ့်ရဲ့တန်ဖိုးနဲ့စွမ်းဆောင်ရည်ကို ဘယ်လိုပေါ်လွင်အောင်ပြသမလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။အိမ် သို့မဟုတ် ဘယ်နေရာကနေပဲအလုပ်လုပ်ပါစေ ကိုယ့်ရဲ့ Personal Brand ကိုတည်ဆောက်နိုင်ဖို့ကအရေးတကြီးလိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း Virtual World […]