စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ဇာတ်လမ်းနှစ်သက်သူတွေအကြိုက်တွေ့ဦးမယ့် The Killing Vote
SBS ကထုတ်လွှင့်ပြသမယ့် The Killing Vote ရဲ့ပိုစတာကြောင့် ကိုရီးယားဒရာမာကြိုက်နှစ်သက်သူတွေအနေနဲ့ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ဆိုပါတယ်။နာမည်ကြီး Webtoon တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာတရားမျှတမှုဆိုတာကိုသင်ဘယ်လိုထင်သလဲဆိုတဲ့မေးခွန်းနဲ့အတူပရိသတ်ဆီကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ရဲဝန်ထမ်းရဲ့လာဘ်စားမှုအပြင် မဲရလဒ်အရပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရနေတဲ့ခွေးမျက်နှာဖုံးနဲ့လူသတ်သမားရဲ့လျှို့ဝှက်တဲ့ဘဝဇာတ်လမ်းကိုအဓိကတူးဖော်ပြသမှာဖြစ်ပါတယ်။ The Killing Vote ပိုစတာထဲမှာတော့ စိတ်ခံစားချက်ကင်းမဲ့နေတဲ့မျက်နှာတွေနဲ့ဇာတ်ကောင် ၉ ဦးကိုတွေ့မြင်ရမှာဖြစ်ပြီး သူတို့တွေကမဲပေးတဲ့အဖွဲ့ထဲမှာပါဝင်သူတွေဖြစ်ကြပါတယ်။ခွေးမျက်နှာဖုံးနဲ့လူဘေးမှာ အဓိကဝန်းရံမယ့်ဇာတ်ကောင်တွေကတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Park Sung Woong […]