လိုက်လျောညီထွေနေတတ်သူတို့ရွေးချယ်သင့်သောအလုပ်အကိုင်များ

လိုက်လျောညီထွေနေတတ်တယ်၊ မီးစင်ကြည့်ကတတ်တယ်ဆိုတာဟာလည်း အရည်အချင်းတစ်ရပ်ပါ။အလုပ်ကလိုအပ်ရင်လိုအပ်သလို ကိုယ်ကပြောင်းလဲလုပ်ဆောင်နိုင်တယ်၊လူတွေနဲ့လိုက်လျောညီ ထွေနေတတ်တဲ့အရည်အသွေးကို မွေးရာပါပိုင်ဆိုင်ထားတယ်ဆိုရင်ဒီအလုပ်တွေကိုရွေးချယ်သင့်ပါတယ်နော်။

Management
၂၁ ရာစု ခေါင်းဆောင်ကောင်းတွေရဲ့အရည်အချင်းထဲမှာ လိုက်လျောညီထွေနေတတ်ခြင်း၊ကြုံလာသမျှကိုအဆင်ပြေအောင်အမြန်ဆုံးပြောင်းလဲလုပ်ဆောင်နိုင်ခြင်းတွေလည်းပါဝင်နေပါတယ်။ခေါင်း ဆောင်မှုအနုပညာနဲ့ပတ်သက်ရင် လာမယ့်နှစ်တွေအတွင်းမှပေါ်ပြူလာဖြစ်လာမယ့် အချက် ၂ ချက်လည်းရှိပါတယ်။ အဲဒါတွေကတော့ ဝန်ထမ်းတွေကို Motivate ဖြစ်အောင်လုပ်နိုင်စွမ်းနဲ့မတူညီတဲ့ယဉ် ကျေးမှုဓလေ့ထုံးစံတွေကြားအဆင်ပြေအောင်နေထိုင်တတ်ခြင်းဆိုတဲ့ ၂ ချက်ပါပဲ။ခေါင်း ဆောင်တွေဟာ ဝန်ထမ်းတွေရဲ့လိုအပ်ချက်နဲ့သဘော သဘာဝကိုကြည့်ပြီး ကိုယ့်ရဲ့ခေါင်းဆောင်မှုပုံစံကို လိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲနိုင်ရမှာဖြစ်ပါတယ်။

Marketing နဲ့ဆက်နွယ်သောအလုပ်များ
မားကက်တင်းအလုပ်အမျိုးမျိုးအတွက် ရှိသင့်တဲ့တစ်ခုသောလိုအပ်ချက်ကိုပြောပါဆိုရင်လိုက် လျောညီထွေလုပ်ဆောင်တတ်ခြင်းပါပဲ။ Sales ၊ Marketing ၊ Advertising ၊ Event Management ၊ mPublic Relation စတဲ့နယ်ပယ်အားလုံးမှာ လိုက်လျောညီထွေဆုံးဖြတ်လုပ်ကိုင်တတ်ခြင်းဆိုတဲ့အရည်အချင်းကလိုအပ်နေပါတယ်။ ဒီအလုပ်တွေဟာ နယ်ပယ်အသီးသီးက Pro တွေနဲ့တွေ့ဆုံလုပ်ကိုင်ရတဲ့အပြင် ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းကိုလည်းအတူလိုက်ပါစီးမျောနိုင်ဖို့လိုအပ်ပါတယ်။

Business Consultant
အရေးကြီးတဲ့ပရောဂျက်တွေနဲ့ အရေးကြီးတဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အဖွဲ့အစည်းတော်တော်များများက Business Consultant တွေကိုငှားရမ်းကြပါတယ်။ဒီအလုပ်ကိုလုပ်မယ်ဆိုရင်တော့ Business နဲ့ပတ်သက်ပြီး အများကြီးအမြင်ကျယ်ဖို့တော့လိုပါတယ်။ကုမ္ပဏီတွေရဲ့ ခေါင်းဆောင်သူအမျိုးမျိုးကိုတွေ့ဆုံရမှာဖြစ်ပြီး မတူညီတဲ့ Communication Style တွေကိုလည်း အသုံးချရမှာဖြစ်ပါတယ်။ ဒီလို Service မျိုးကအလုပ်ချိန်သတ်သတ်မှတ်မှတ်မှန်းဆနိုင်ဖို့ခက်ခဲပြီး ကိုယ်ပိုင်ချိန်ရယ်လို့သီးသန့်ဖယ်လို့မရအောင်ရှိတတ်ကြပါတယ်။

Human Resources
HR Professional တွေက ကုမ္ပဏီရဲ့အလုပ်သမားစုဆောင်းရေး၊ ရွေးချယ်ရေး၊လူမှန်နေရာမှန်ထားရှိရေးစတဲ့အလုပ်တွေကိုလုပ်ဆောင်ကြရပါတယ်။ဒီနယ်ပယ်မှာလုပ်ဆောင်သူတွေဟာ လူအမျိုးမျိုးအပြင် နယ်ပယ်အသီးသီးက Pro တွေနဲ့တွေ့ဆုံလုပ်ကိုင်ရတာဖြစ်လို့ နယ်ပယ်အားလုံးကိုနားလည်သိရှိခြင်း၊လိုက်လျောညီထွေလုပ်ဆောင်တတ်ခြင်းစတဲ့ အရည်အချင်းတွေမဖြစ်မနေရှိဖို့လိုအပ်ပါတယ်နော်။မတူညီတဲ့ Personality Type ပေါ်မူတည်ပြီးလေ့ကျင့်သင်ကြားပေးရတာမျိုးတွေလည်းရှိပါတယ်။အလုပ်ရှင်အလုပ်သမားဥပဒေတွေကိုနားလည်တာ၊ခေတ်အလိုက်ပြောင်းလဲလာတဲ့ဥပဒေစည်းမျဉ်းတွေကိုမျက်ခြည်မပြတ်သိနေတာစတဲ့အရည်အချင်းတွေလည်းရှိရမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ်က လူတွေကိုကူညီရတာသဘောကျတယ်၊စိတ်ရှည်စွာနဲ့လိုက်လျောညီထွေလုပ်ကိုင်တတ်တယ်ဆိုရင်တော့ကိုယ်ဟာထူးခြားလှတဲ့အရည်အသွေးကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အတွက်ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူနိုင်ပါပြီ။

Ju Ju

zawgyi

လိုက္ေလ်ာညီေထြေနတတ္တယ္၊ မီးစင္ၾကည့္ကတတ္တယ္ဆိုတာဟာလည္း အရည္အခ်င္းတစ္ရပ္ပါ။အလုပ္ကလိုအပ္ရင္လိုအပ္သလို ကိုယ္ကေျပာင္းလဲလုပ္ေဆာင္ႏိုင္တယ္၊လူေတြနဲ႔လိုက္ေလ်ာညီ ေထြေနတတ္တဲ့အရည္အေသြးကို ေမြးရာပါပိုင္ဆိုင္ထားတယ္ဆိုရင္ဒီအလုပ္ေတြကိုေ႐ြးခ်ယ္သင့္ပါတယ္ေနာ္။

Management
၂၁ ရာစု ေခါင္းေဆာင္ေကာင္းေတြရဲ႕အရည္အခ်င္းထဲမွာ လိုက္ေလ်ာညီေထြေနတတ္ျခင္း၊ႀကဳံလာသမွ်ကိုအဆင္ေျပေအာင္အျမန္ဆုံးေျပာင္းလဲလုပ္ေဆာင္ႏိုင္ျခင္းေတြလည္းပါဝင္ေနပါတယ္။ေခါင္း ေဆာင္မႈအႏုပညာနဲ႔ပတ္သက္ရင္ လာမယ့္ႏွစ္ေတြအတြင္းမွေပၚျပဴလာျဖစ္လာမယ့္ အခ်က္ ၂ ခ်က္လည္းရွိပါတယ္။ အဲဒါေတြကေတာ့ ဝန္ထမ္းေတြကို Motivate ျဖစ္ေအာင္လုပ္ႏိုင္စြမ္းနဲ႔မတူညီတဲ့ယဥ္ ေက်းမႈဓေလ့ထုံးစံေတြၾကားအဆင္ေျပေအာင္ေနထိုင္တတ္ျခင္းဆိုတဲ့ ၂ ခ်က္ပါပဲ။ေခါင္း ေဆာင္ေတြဟာ ဝန္ထမ္းေတြရဲ႕လိုအပ္ခ်က္နဲ႔သေဘာ သဘာဝကိုၾကည့္ၿပီး ကိုယ့္ရဲ႕ေခါင္းေဆာင္မႈပုံစံကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ေျပာင္းလဲႏိုင္ရမွာျဖစ္ပါတယ္။

Marketing နဲ႔ဆက္ႏြယ္ေသာအလုပ္မ်ား
မားကက္တင္းအလုပ္အမ်ိဳးမ်ိဳးအတြက္ ရွိသင့္တဲ့တစ္ခုေသာလိုအပ္ခ်က္ကိုေျပာပါဆိုရင္လိုက္ ေလ်ာညီေထြလုပ္ေဆာင္တတ္ျခင္းပါပဲ။ Sales ၊ Marketing ၊ Advertising ၊ Event Management ၊ mPublic Relation စတဲ့နယ္ပယ္အားလုံးမွာ လိုက္ေလ်ာညီေထြဆုံးျဖတ္လုပ္ကိုင္တတ္ျခင္းဆိုတဲ့အရည္အခ်င္းကလိုအပ္ေနပါတယ္။ ဒီအလုပ္ေတြဟာ နယ္ပယ္အသီးသီးက Pro ေတြနဲ႔ေတြ႕ဆုံလုပ္ကိုင္ရတဲ့အျပင္ ေျပာင္းလဲလာတဲ့ေခတ္ေရစီးေၾကာင္းကိုလည္းအတူလိုက္ပါစီးေမ်ာႏိုင္ဖို႔လိုအပ္ပါတယ္။

Business Consultant
အေရးႀကီးတဲ့ပေရာဂ်က္ေတြနဲ႔ အေရးႀကီးတဲ့ျပႆနာေတြကိုေျဖရွင္းႏိုင္ဖို႔အဖြဲ႕အစည္းေတာ္ေတာ္မ်ားမ်ားက Business Consultant ေတြကိုငွားရမ္းၾကပါတယ္။ဒီအလုပ္ကိုလုပ္မယ္ဆိုရင္ေတာ့ Business နဲ႔ပတ္သက္ၿပီး အမ်ားႀကီးအျမင္က်ယ္ဖို႔ေတာ့လိုပါတယ္။ကုမၸဏီေတြရဲ႕ ေခါင္းေဆာင္သူအမ်ိဳးမ်ိဳးကိုေတြ႕ဆုံရမွာျဖစ္ၿပီး မတူညီတဲ့ Communication Style ေတြကိုလည္း အသုံးခ်ရမွာျဖစ္ပါတယ္။ ဒီလို Service မ်ိဳးကအလုပ္ခ်ိန္သတ္သတ္မွတ္မွတ္မွန္းဆႏိုင္ဖို႔ခက္ခဲၿပီး ကိုယ္ပိုင္ခ်ိန္ရယ္လို႔သီးသန႔္ဖယ္လို႔မရေအာင္ရွိတတ္ၾကပါတယ္။

Human Resources
HR Professional ေတြက ကုမၸဏီရဲ႕အလုပ္သမားစုေဆာင္းေရး၊ ေ႐ြးခ်ယ္ေရး၊လူမွန္ေနရာမွန္ထားရွိေရးစတဲ့အလုပ္ေတြကိုလုပ္ေဆာင္ၾကရပါတယ္။ဒီနယ္ပယ္မွာလုပ္ေဆာင္သူေတြဟာ လူအမ်ိဳးမ်ိဳးအျပင္ နယ္ပယ္အသီးသီးက Pro ေတြနဲ႔ေတြ႕ဆုံလုပ္ကိုင္ရတာျဖစ္လို႔ နယ္ပယ္အားလုံးကိုနားလည္သိရွိျခင္း၊လိုက္ေလ်ာညီေထြလုပ္ေဆာင္တတ္ျခင္းစတဲ့ အရည္အခ်င္းေတြမျဖစ္မေနရွိဖို႔လိုအပ္ပါတယ္ေနာ္။မတူညီတဲ့ Personality Type ေပၚမူတည္ၿပီးေလ့က်င့္သင္ၾကားေပးရတာမ်ိဳးေတြလည္းရွိပါတယ္။အလုပ္ရွင္အလုပ္သမားဥပေဒေတြကိုနားလည္တာ၊ေခတ္အလိုက္ေျပာင္းလဲလာတဲ့ဥပေဒစည္းမ်ဥ္းေတြကိုမ်က္ျခည္မျပတ္သိေနတာစတဲ့အရည္အခ်င္းေတြလည္းရွိရမွာျဖစ္ပါတယ္။ဒါေၾကာင့္ကိုယ္က လူေတြကိုကူညီရတာသေဘာက်တယ္၊စိတ္ရွည္စြာနဲ႔လိုက္ေလ်ာညီေထြလုပ္ကိုင္တတ္တယ္ဆိုရင္ေတာ့ကိုယ္ဟာထူးျခားလွတဲ့အရည္အေသြးကိုပိုင္ဆိုင္ထားတာျဖစ္တဲ့အတြက္ကိုယ့္ကိုယ္ကိုယ္ဂုဏ္ယူႏိုင္ပါၿပီ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*