အင်တာဗျူးဖြေတဲ့အခါကိုယ့်အားနည်းချက်တွေကိုအားသာချက်ဖြစ်သွားအောင်ဘယ်လိုဖြေကြမလဲ

အလုပ်အင်တာဗျူးတစ်ခုမှာ သူဌေးကကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တာရော၊လုပ်ငန်းကျွမ်းကျင်မှုနဲ့ပတ်သက်တာရောစုံစုံစိစိမေးမယ်ဆိုတာကိုကြိုတင်တွက်ဆပြင်ဆင်ထားသင့်ပါတယ်နော်။ အင်တာဗျူးဖြေချိန်မှာကိုယ့်ရဲ့အားနည်းချက်တွေကိုချန်လှပ်ထားလို့မရဘဲ ဖြေရမယ့်အနေ အထားရောက်လာတတ်ပါတယ်။ဒီလိုအချိန်မှာ ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်သွားအောင်မေးခွန်းတွေကိုဘယ်လိုလှလှပပဖြေဆိုနိုင်မလဲဆိုတဲ့အကြံပြုချက်လေးတွေကိုမျှဝေပေးချင်ပါတယ်နော်။

အရင်အလုပ်ကအခက်အခဲ
အရင်အလုပ်မှာဘာတွေအဆင်မပြေတာရှိလဲ၊ ဘာအခက်အခဲတွေရှိခဲ့လဲဆိုတဲ့မေးခွန်းမျိုးကိုအင် တာဗျူးတဲ့သူအားလုံးနီးပါးမေးလေ့ရှိကြပါတယ်။ ဒီလိုအချိန်မှာ အရင်အလုပ်ရှင်ကိုအပြစ်တင်တာ၊လုပ်ငန်းခွင်ကိုအပြစ်တင်ပြောဆိုတာထက် အခက်အခဲတွေကိုကိုယ်ဘယ် လိုကြိုးစားကျော်လွှားခဲ့လဲဆိုတဲ့အချက်ကိုပဲ အလေးပေးပြီးဖြေကြားပေးပါ။ကိုယ်ရခဲ့တဲ့အတွေ့အကြုံတွေကိုအသုံးချပြီး နောက်အလုပ်မှာဘယ်လိုအကျိုးရှိအောင်လုပ်နိုင်မလဲဆိုတာမျိုးကို ပြောပြနိုင်ပါတယ်။

လုပ်ငန်းအတွေ့အကြုံမရှိခြင်း
အလုပ်ရှင်ခန့်ထားချင်တဲ့ရာထူးနေရာနဲ့ ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံကကိုက်ညီမှုမရှိဘူးဆိုရင်စိတ် ပျက်သွားဖို့မလိုပါဘူး။ အဲဒီရာထူးနေရာကိုမလုပ်ဖူးပေမယ့် ကျွန်တော်၊ကျွန်မကဒီဘက်အပိုင်းမှာပိုအတွေ့အကြုံများခဲ့တော့ လက်ရှိအလုပ်ကိုဘယ်လိုကူညီနိုင်ပါတယ်ဆိုတာမျိုးကိုအလေးပေးပြောဆိုသင့်ပါတယ်။ အကြောင်းအရာအသစ်တွေကိုသင်ယူလိုစိတ်ရှိတာ၊အချိန်တိုအတွင်းတတ်မြောက်လွယ်သူဖြစ်တာ၊ အတွေ့အကြုံမရှိသူအနေနဲ့ရှုထောင့်အသစ်ကနေတွေးနိုင်မြင်နိုင်တာ စတဲ့အားသာချက်တွေကိုပိုပြီးပြောဆိုနိုင်ပါတယ်။

အကြီးမားဆုံးအားနည်းချက်
သင့်ရဲ့အကြီးမားဆုံးအားနည်းချက်ကဘာဖြစ်မလဲဆိုတာမျိုးမေးလာတဲ့အခါကိုယ့်ရဲ့အားနည်းချက်တွေကိုစိတ်ပျက်လက်ပျက်ပြောပြလိုက်ဖို့မစဉ်းစားပါနဲ့နော်။ဒီမေးခွန်းက ကိုယ်အခက်အခဲတွေကိုဘယ်လိုကျော်လွှားနိုင်တယ်၊ ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဆန္ဒကတော့ဘာပါဆိုတာမျိုးကို မေးတယ်လို့သဘောထားလိုက်ပါ။ “ကျွန်မရဲ့အားနည်းချက်ကအလုပ်ကိုတိတိကျကျပဲလုပ်ချင်တယ်၊ ဒါပေမဲ့တခါတလေမှာ လူ့ဂွစာလိုဖြစ်မှာစိုးလို့လျှော်ပေးလိုက်ရတာမျိုးတွေရှိခဲ့ဖူးတယ်” စသဖြင့် ဖြေနိုင်သလို “ကျွန်တော့်အားနည်းချက်ကလူတွေရှေ့စကားထွက်ပြောရမှာကိုလန့်တာပါ။ ဒါပေမဲ့ အခုတော့ Public Speaking သင်တန်းတွေတက်တယ်၊ ကိုယ်တိုင်ကလည်းအရဲစွန့်ပြီးပြောကြည့်တော့အဆင် ပြေသွားပါပြီ”ဆိုတာမျိုးဖြေဆိုနိုင်ပါတယ်။

အတိတ်ကကျရှုံးမှုများ
လူတိုင်းဟာ ဘဝမှာတစ်နည်းတစ်ဖုံနဲ့ကျရှုံးခဲ့ဖူးသူချည်းပါပဲ။အတိတ်ကရှုံးနိမ့်ခဲ့မှုတွေအကြောင်းမေးလာတဲ့အခါအမှားတွေကနေကိုယ်ရခဲ့တဲ့အတွေ့အကြုံနဲ့သင်ခန်းစာတွေကိုပြောပြနိုင်သလိုကိုယ့်ရဲ့ခိုင်မာပြတ်သားတဲ့စိတ်ကိုလည်းဖော်ပြနိုင်ပါတယ်။ “အရင်အလုပ်ကနေ ၃ လနဲ့ထွက်လိုက်တယ်နော်၊ ဘာလို့လဲ” ဆိုတာမျိုးမေးလာခဲ့ရင် ကိုယ့်ကျွမ်းကျင်မှု၊ ကိုယ့်ရည်မှန်းချက်နဲ့လုပ်နေရတဲ့အလုပ်နေရာဟာ ကိုက်ညီမှုမရှိလို့ဆိုတာမျိုးပြောနိုင်ပါတယ်။ အခုဆိုရင်တော့ကိုယ်စိတ်ဝင်စားတဲ့ Career လမ်းကြောင်းပေါ်ရောက်လာပြီဖြစ်တဲ့အတွက်အလုပ်ကိုစိတ်အားထက်သန်စွာလုပ်ချင်ကြောင်းကိုလည်း ပြောဆိုနိုင်ပါတယ်။ဒါကြောင့် အင်တာဗျုးဖြေမယ့်သူတွေအနေနဲ့ ကိုယ့်ကိုအငိုက်မိစေမယ့်မေးခွန်းတွေဘယ်လိုလာလာအကောင်းဘက်ကနေလှည့်ပြီး စဉ်းစားဖြေဆိုနိုင်ဖို့သာလိုပါတယ်နော်။

Ju Ju

zawgyi

အလုပ္အင္တာဗ်ဴးတစ္ခုမွာ သူေဌးကကိုယ့္ရဲ႕ ကိုယ္ေရးကိုယ္တာနဲ႔ပတ္သက္တာေရာ၊လုပ္ငန္းကြၽမ္းက်င္မႈနဲ႔ပတ္သက္တာေရာစုံစုံစိစိေမးမယ္ဆိုတာကိုႀကိဳတင္တြက္ဆျပင္ဆင္ထားသင့္ပါတယ္ေနာ္။ အင္တာဗ်ဴးေျဖခ်ိန္မွာကိုယ့္ရဲ႕အားနည္းခ်က္ေတြကိုခ်န္လွပ္ထားလို႔မရဘဲ ေျဖရမယ့္အေန အထားေရာက္လာတတ္ပါတယ္။ဒီလိုအခ်ိန္မွာ ကိုယ့္ရဲ႕အားနည္းခ်က္ေတြကို အားသာခ်က္ျဖစ္သြားေအာင္ေမးခြန္းေတြကိုဘယ္လိုလွလွပပေျဖဆိုႏိုင္မလဲဆိုတဲ့အႀကံျပဳခ်က္ေလးေတြကိုမွ်ေဝေပးခ်င္ပါတယ္ေနာ္။

အရင္အလုပ္ကအခက္အခဲ
အရင္အလုပ္မွာဘာေတြအဆင္မေျပတာရွိလဲ၊ ဘာအခက္အခဲေတြရွိခဲ့လဲဆိုတဲ့ေမးခြန္းမ်ိဳးကိုအင္ တာဗ်ဴးတဲ့သူအားလုံးနီးပါးေမးေလ့ရွိၾကပါတယ္။ ဒီလိုအခ်ိန္မွာ အရင္အလုပ္ရွင္ကိုအျပစ္တင္တာ၊လုပ္ငန္းခြင္ကိုအျပစ္တင္ေျပာဆိုတာထက္ အခက္အခဲေတြကိုကိုယ္ဘယ္ လိုႀကိဳးစားေက်ာ္လႊားခဲ့လဲဆိုတဲ့အခ်က္ကိုပဲ အေလးေပးၿပီးေျဖၾကားေပးပါ။ကိုယ္ရခဲ့တဲ့အေတြ႕အႀကဳံေတြကိုအသုံးခ်ၿပီး ေနာက္အလုပ္မွာဘယ္လိုအက်ိဳးရွိေအာင္လုပ္ႏိုင္မလဲဆိုတာမ်ိဳးကို ေျပာျပႏိုင္ပါတယ္။

လုပ္ငန္းအေတြ႕အႀကဳံမရွိျခင္း
အလုပ္ရွင္ခန႔္ထားခ်င္တဲ့ရာထူးေနရာနဲ႔ ကိုယ့္ရဲ႕လုပ္ငန္းအေတြ႕အႀကဳံကကိုက္ညီမႈမရွိဘူးဆိုရင္စိတ္ ပ်က္သြားဖို႔မလိုပါဘူး။ အဲဒီရာထူးေနရာကိုမလုပ္ဖူးေပမယ့္ ကြၽန္ေတာ္၊ကြၽန္မကဒီဘက္အပိုင္းမွာပိုအေတြ႕အႀကဳံမ်ားခဲ့ေတာ့ လက္ရွိအလုပ္ကိုဘယ္လိုကူညီႏိုင္ပါတယ္ဆိုတာမ်ိဳးကိုအေလးေပးေျပာဆိုသင့္ပါတယ္။ အေၾကာင္းအရာအသစ္ေတြကိုသင္ယူလိုစိတ္ရွိတာ၊အခ်ိန္တိုအတြင္းတတ္ေျမာက္လြယ္သူျဖစ္တာ၊ အေတြ႕အႀကဳံမရွိသူအေနနဲ႔ရႈေထာင့္အသစ္ကေနေတြးႏိုင္ျမင္ႏိုင္တာ စတဲ့အားသာခ်က္ေတြကိုပိုၿပီးေျပာဆိုႏိုင္ပါတယ္။

အႀကီးမားဆုံးအားနည္းခ်က္
သင့္ရဲ႕အႀကီးမားဆုံးအားနည္းခ်က္ကဘာျဖစ္မလဲဆိုတာမ်ိဳးေမးလာတဲ့အခါကိုယ့္ရဲ႕အားနည္းခ်က္ေတြကိုစိတ္ပ်က္လက္ပ်က္ေျပာျပလိုက္ဖို႔မစဥ္းစားပါနဲ႔ေနာ္။ဒီေမးခြန္းက ကိုယ္အခက္အခဲေတြကိုဘယ္လိုေက်ာ္လႊားႏိုင္တယ္၊ ကိုယ့္ရဲ႕ျဖစ္ခ်င္တဲ့ဆႏၵကေတာ့ဘာပါဆိုတာမ်ိဳးကို ေမးတယ္လို႔သေဘာထားလိုက္ပါ။ “ကြၽန္မရဲ႕အားနည္းခ်က္ကအလုပ္ကိုတိတိက်က်ပဲလုပ္ခ်င္တယ္၊ ဒါေပမဲ့တခါတေလမွာ လူ႔ဂြစာလိုျဖစ္မွာစိုးလို႔ေလွ်ာ္ေပးလိုက္ရတာမ်ိဳးေတြရွိခဲ့ဖူးတယ္” စသျဖင့္ ေျဖႏိုင္သလို “ကြၽန္ေတာ့္အားနည္းခ်က္ကလူေတြေရွ႕စကားထြက္ေျပာရမွာကိုလန႔္တာပါ။ ဒါေပမဲ့ အခုေတာ့ Public Speaking သင္တန္းေတြတက္တယ္၊ ကိုယ္တိုင္ကလည္းအရဲစြန႔္ၿပီးေျပာၾကည့္ေတာ့အဆင္ ေျပသြားပါၿပီ”ဆိုတာမ်ိဳးေျဖဆိုႏိုင္ပါတယ္။

အတိတ္ကက်ရႈံးမႈမ်ား
လူတိုင္းဟာ ဘဝမွာတစ္နည္းတစ္ဖုံနဲ႔က်ရႈံးခဲ့ဖူးသူခ်ည္းပါပဲ။အတိတ္ကရႈံးနိမ့္ခဲ့မႈေတြအေၾကာင္းေမးလာတဲ့အခါအမွားေတြကေနကိုယ္ရခဲ့တဲ့အေတြ႕အႀကဳံနဲ႔သင္ခန္းစာေတြကိုေျပာျပႏိုင္သလိုကိုယ့္ရဲ႕ခိုင္မာျပတ္သားတဲ့စိတ္ကိုလည္းေဖာ္ျပႏိုင္ပါတယ္။ “အရင္အလုပ္ကေန ၃ လနဲ႔ထြက္လိုက္တယ္ေနာ္၊ ဘာလို႔လဲ” ဆိုတာမ်ိဳးေမးလာခဲ့ရင္ ကိုယ့္ကြၽမ္းက်င္မႈ၊ ကိုယ့္ရည္မွန္းခ်က္နဲ႔လုပ္ေနရတဲ့အလုပ္ေနရာဟာ ကိုက္ညီမႈမရွိလို႔ဆိုတာမ်ိဳးေျပာႏိုင္ပါတယ္။ အခုဆိုရင္ေတာ့ကိုယ္စိတ္ဝင္စားတဲ့ Career လမ္းေၾကာင္းေပၚေရာက္လာၿပီျဖစ္တဲ့အတြက္အလုပ္ကိုစိတ္အားထက္သန္စြာလုပ္ခ်င္ေၾကာင္းကိုလည္း ေျပာဆိုႏိုင္ပါတယ္။ဒါေၾကာင့္ အင္တာဗ်ဳးေျဖမယ့္သူေတြအေနနဲ႔ ကိုယ့္ကိုအငိုက္မိေစမယ့္ေမးခြန္းေတြဘယ္လိုလာလာအေကာင္းဘက္ကေနလွည့္ၿပီး စဥ္းစားေျဖဆိုႏိုင္ဖို႔သာလိုပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*