Instagram ပြန်သုံးတာနဲ့ Follower တွေအံ့မခန်းတိုးလာခဲ့တဲ့မီဂန်မာကယ်

တော်ဝင်မင်းသားဟယ်ရီနဲ့လက်ထပ်ပြီးတဲ့နောက် ၂၀၂၀ ခုနစ်မှာ မီဂန်မာကယ်ဟာမင်းသားဟယ်ရီနဲ့သူမအတူသုံးတဲ့ အင်စတာဂရမ်အကောင့်ကိုဖျက်ပစ်ခဲ့ပြီး Royal Family အကောင့်ကနေပဲ သူတို့ရဲ့ပုံရိပ်တွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူမဟာကိုယ်ပိုင်အင်စတာဂရမ်အကောင့်တစ်ခုဖွင့်လိုက်ပါတယ်။ ဖွင့်ပြီးဘာPostမှမတင်ရသေးပေမယ့် Follower ၉၄၁၀၀ ထိရှိလာခဲ့ပါတယ်။ မကြာခင်မှာသူမဟာ ဘီယွန်းဆေး၊ကင်မ်ကာဒက်ရှန်တို့လိုပဲ အင်စတာဂရမ်ကနေငွေတွေအများကြီးရှာနိုင်လိမ့်မယ်လို့ PRကျွမ်းကျင်သူဖြစ်တဲ့ Mayah Riaz ကသုံးသပ်ထားပါတယ်။

သူမရဲ့ခန့်မှန်းချက်အရ မီဂန်မာကယ်ဟာကြော်ငြာ Post တစ်ခုကို အမေရိကန်ဒေါ်လာတစ်သန်းနှုန်းရလာနိုင်တယ်လို့ဆိုထားပါတယ်။ဆယ်လီနာဂိုမက်ဇ်၊ ဘီယွန်းဆေးနဲ့ကင်မ်ကာဒက်ရှန်တို့ဟာ အင်စတာဂရမ်ကြော်ငြာ Post တစ်ခုကိုအမေရိကန်ဒေါ်လာတစ်သန်းနှုန်းရရှိနေပြီး စီရော်နယ်လ်ဒိုကတော့ တစ် Post ကိုအမေရိကန်ဒေါ်လာ နှစ်သန်းထိကြော်ငြာခရရှိနေတာဖြစ်ပါတယ်။ဟယ်ရီနဲ့လက်မထပ်ခင်က မီဂန်မာကယ်မှာ The Tig ဆိုတဲ့သူမရဲ့ကိုယ်ပိုင် Blog ရှိခဲ့တာမို့အခုဖွင့်လိုက်တဲ့အင်စတာဂရမ်အကောင့်နဲ့ချိတ်ဆက်ပြီးအလုပ်တွေလုပ်လာနိုင်ခြေရှိတယ်လို့ Mayah Riaz ကခန့်မှန်းထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*