လစာတိုးတောင်းဖို့အကောင်းဆုံးအချိန်

ကုမ္ပဏီအလုပ်တွေဟာ လုပ်သက်ကြာလာတိုင်းလစာတိုးပေးတာမျိုးတော့မဟုတ်ပါဘူး။တချို့အလုပ်လုပ်ခါစလူငယ်လေးတွေအနေနဲ့ ဘေးလူတွေက မင်းဒီလောက်ဆိုလစာတိုးခိုင်းသင့်နေပြီဘာညာဆိုတဲ့မြှောက်ပေးမှုတွေကြောင့် လစာတိုးတောင်းမိတာမျိုးဆိုရင် တခါတလေမှာအလုပ်တောင်ထုတ်ခံလိုက်ရတဲ့အဖြစ်မျိုးရှိကြပါတယ်။ ဒါကြောင့်လစာတိုးတောင်းနိုင်ဖို့ဘာတွေပြင်ဆင်ထားရမလဲ၊ ဘယ်အချိန်မှာတိုးတောင်းသင့်သလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။အရင်ဆုံး ကိုယ့်ကိုဘာလို့လစာပိုပေးသင့်တာလဲဆိုတာကို ကိုယ်တိုင်ကရော၊သူဌေးကရောရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်နော်။ လစာတိုးတောင်းဖို့အတွက်ကိုယ့်ကိုယ်ကိုယ်ရိုးသားဖို့၊ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်ချက်ရှိဖို့လိုပါတယ်။ ကိုယ်ကတကယ်ရောတိုးတောင်းမယ့်လစာနဲ့ညီမျှတဲ့အလုပ်ကိုလုပ်နိုင်ပြီလားဆိုတာသုံးသပ်ရပါမယ်။ကိုယ်ကလစာတိုးဖို့အတွက်အရည်အချင်းမမီဘဲပြောမိတယ်ဆိုရင်လူလျှော့တဲ့ထဲပါသွားနိုင်လို့ဖြစ်ပါတယ်။

ကိုယ်ကဒီ့ထက်မကလစာပိုရဖို့ထိုက်တန်ပြီဆိုရင် စိတ်ရှည်ပါ။ အချိန်အခါကောင်းကိုစောင့်ကြည့်ပါ။အကောင်းဆုံးကတော့ နှစ်ဝက်၊သို့မဟုတ် နှစ်ပြည့်လိုအချိန်မျိုးမှာ ပြောတာအကောင်းဆုံးပါပဲ။Performance Review လုပ်တဲ့အချိန်မျိုးက လခတိုးတောင်းကြည့်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ဒီလိုလစာတိုးတောင်းဖို့ရည်ရွယ်ထားပြီဆိုရင် Meeting တွေမှာလည်းကိုယ့်ရဲ့တိုးတက်လာမှုူ၊လေ့လာသင်ယူနေမှုတွေကို မြင်သာအောင်ပြောပါ၊ပြသပါ။လစာတိုးပေးဖို့အတွက် လက်ရှိမှာလိုအပ်တဲ့ စံနှုန်းတွေပြည့်မီပြီးကြောင်းပြောပြဖို့လိုပါတယ်။

ကိုယ်က Executive ကနေ မန်နေဂျာရာထူးမှန်းထားတယ်ဆိုရင် အဖွဲ့ကိုဦးဆောင်နိုင်တာတွေ၊ Leadership skill တွေပြသနိုင်ရမှာဖြစ်ပါတယ်။ KPI လည်းပြည့်မီသလို Performance လည်းကောင်းထားဖို့လိုပါတယ်။လစာတိုးမတောင်းခင် ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကျော်ဇောအောင်အရင်လုပ်ဆောင်ထားသင့်ပါတယ်။မန်နေဂျာရဲ့အလုပ်တွေကိုကူလုပ်နိုင်တာ၊ကိုယ့်ထက်ရာထူးမြင့်မားသူရဲ့တာဝန်တွေကိုကူညီပေးနေတာတွေကကိုယ့်ကိုနာမည်ကောင်းရစေပါတယ်။ကိုယ်ဦးဆောင်ခဲ့တဲ့ Project တွေ၊ လုပ်ခဲ့ရတဲ့တာဝန်တွေ၊ Customer ရဲ့ကျေနပ်မှု၊ Manager ရဲ့ Feedback စတာတွေကို သေသေချာချာမှတ်တမ်းလေးလုပ်ပြီးသိမ်းထားသင့်ပါတယ်။ ဒါတွေကိုလစာတိုးဖို့ပြောဆိုတဲ့အချိန်မှာ သက်သေအနေနဲ့တိတိကျကျပြောပြနိုင်ပါတယ်။ကိုယ်တိုးတောင်းချင်တဲ့လစာပမာဏဟာ ကိုယ်နဲ့ထိုက်တန်တဲ့ပမာဏဖြစ်ဖို့တော့လိုပါတယ်။ကိုယ်မှန်းတာထက်နည်းနေရင်လည်းညှိနှိုင်းပြောဆိုရပါမယ်။လစာတိုးတောင်းတဲ့နေရာမှာ Timing is everything လို့ဆိုရမှာပါ။

လစာကိစ္စမပြောခင်ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်းတည်ဆောက်ထားဖို့လိုသလို ကိုယ်ကလည်းလစာများများရဖို့တကယ့်ကိုထိုက်တန်သူဖြစ်နေဖို့လိုပါတယ်နော်။နောက်ထပ်အရေးကြီးတဲ့အချက်က ကုမ္ပဏီကလည်းအခြေအနေကောင်းနေဖို့လိုပါတယ်။လစာတိုးတောင်းဖို့ အချိန်အခါတွေမစောင့်ဘဲပြောသင့်တဲ့အချိန်တစ်ခုရှိပါသေးတယ်။အဲဒါကတော့ ကိုယ့်ကိုတခြားသောအလုပ်တစ်ခုက လာကမ်းလှမ်းတဲ့အချိန်ပါပဲ။လာကမ်းလှမ်းတဲ့အလုပ်က လစာလည်းပိုများတယ်၊အခြေအနေလည်းကောင်းတယ်၊ ဒါပေမဲ့ကိုယ်ကလက်ရှိအလုပ်ကိုရော လုပ်ဖော်ကိုင်ဖက်တွေကိုရော သံယောဇဥ်ရှိနေတယ်ဆိုရင်ပွင့်ပွင့်လင်းလင်းပဲ လခတိုးတောင်းကြည့်နိုင်ပါတယ်နော်။အားလုံးပဲလခအများကြီးရပြီး အောင်မြင်တဲ့ Career ကိုတည်ဆောက်နိုင်ကြပါစေ။

Ju Ju

zawgyi

ကုမၸဏီအလုပ္ေတြဟာ လုပ္သက္ၾကာလာတိုင္းလစာတိုးေပးတာမ်ိဳးေတာ့မဟုတ္ပါဘူး။တခ်ိဳ႕အလုပ္လုပ္ခါစလူငယ္ေလးေတြအေနနဲ႔ ေဘးလူေတြက မင္းဒီေလာက္ဆိုလစာတိုးခိုင္းသင့္ေနၿပီဘာညာဆိုတဲ့ေျမႇာက္ေပးမႈေတြေၾကာင့္ လစာတိုးေတာင္းမိတာမ်ိဳးဆိုရင္ တခါတေလမွာအလုပ္ေတာင္ထုတ္ခံလိုက္ရတဲ့အျဖစ္မ်ိဳးရွိၾကပါတယ္။ ဒါေၾကာင့္လစာတိုးေတာင္းႏိုင္ဖို႔ဘာေတြျပင္ဆင္ထားရမလဲ၊ ဘယ္အခ်ိန္မွာတိုးေတာင္းသင့္သလဲဆိုတာကိုမွ်ေဝေပးခ်င္ပါတယ္။အရင္ဆုံး ကိုယ့္ကိုဘာလို႔လစာပိုေပးသင့္တာလဲဆိုတာကို ကိုယ္တိုင္ကေရာ၊သူေဌးကေရာရွင္းရွင္းလင္းလင္းသိဖို႔လိုပါတယ္ေနာ္။ လစာတိုးေတာင္းဖို႔အတြက္ကိုယ့္ကိုယ္ကိုယ္႐ိုးသားဖို႔၊ ကိုယ့္ကိုယ့္ကိုယ္ယုံၾကည္ခ်က္ရွိဖို႔လိုပါတယ္။ ကိုယ္ကတကယ္ေရာတိုးေတာင္းမယ့္လစာနဲ႔ညီမွ်တဲ့အလုပ္ကိုလုပ္ႏိုင္ၿပီလားဆိုတာသုံးသပ္ရပါမယ္။ကိုယ္ကလစာတိုးဖို႔အတြက္အရည္အခ်င္းမမီဘဲေျပာမိတယ္ဆိုရင္လူေလွ်ာ့တဲ့ထဲပါသြားႏိုင္လို႔ျဖစ္ပါတယ္။

ကိုယ္ကဒီ့ထက္မကလစာပိုရဖို႔ထိုက္တန္ၿပီဆိုရင္ စိတ္ရွည္ပါ။ အခ်ိန္အခါေကာင္းကိုေစာင့္ၾကည့္ပါ။အေကာင္းဆုံးကေတာ့ ႏွစ္ဝက္၊သို႔မဟုတ္ ႏွစ္ျပည့္လိုအခ်ိန္မ်ိဳးမွာ ေျပာတာအေကာင္းဆုံးပါပဲ။Performance Review လုပ္တဲ့အခ်ိန္မ်ိဳးက လခတိုးေတာင္းၾကည့္ဖို႔အေကာင္းဆုံးအခ်ိန္ပဲျဖစ္ပါတယ္။ဒီလိုလစာတိုးေတာင္းဖို႔ရည္႐ြယ္ထားၿပီဆိုရင္ Meeting ေတြမွာလည္းကိုယ့္ရဲ႕တိုးတက္လာမႈူ၊ေလ့လာသင္ယူေနမႈေတြကို ျမင္သာေအာင္ေျပာပါ၊ျပသပါ။လစာတိုးေပးဖို႔အတြက္ လက္ရွိမွာလိုအပ္တဲ့ စံႏႈန္းေတြျပည့္မီၿပီးေၾကာင္းေျပာျပဖို႔လိုပါတယ္။

ကိုယ္က Executive ကေန မန္ေနဂ်ာရာထူးမွန္းထားတယ္ဆိုရင္ အဖြဲ႕ကိုဦးေဆာင္ႏိုင္တာေတြ၊ Leadership skill ေတြျပသႏိုင္ရမွာျဖစ္ပါတယ္။ KPI လည္းျပည့္မီသလို Performance လည္းေကာင္းထားဖို႔လိုပါတယ္။လစာတိုးမေတာင္းခင္ ကိုယ့္ရဲ႕နာမည္ဂုဏ္သတင္းေက်ာ္ေဇာေအာင္အရင္လုပ္ေဆာင္ထားသင့္ပါတယ္။မန္ေနဂ်ာရဲ႕အလုပ္ေတြကိုကူလုပ္ႏိုင္တာ၊ကိုယ့္ထက္ရာထူးျမင့္မားသူရဲ႕တာဝန္ေတြကိုကူညီေပးေနတာေတြကကိုယ့္ကိုနာမည္ေကာင္းရေစပါတယ္။ကိုယ္ဦးေဆာင္ခဲ့တဲ့ Project ေတြ၊ လုပ္ခဲ့ရတဲ့တာဝန္ေတြ၊ Customer ရဲ႕ေက်နပ္မႈ၊ Manager ရဲ႕ Feedback စတာေတြကို ေသေသခ်ာခ်ာမွတ္တမ္းေလးလုပ္ၿပီးသိမ္းထားသင့္ပါတယ္။ ဒါေတြကိုလစာတိုးဖို႔ေျပာဆိုတဲ့အခ်ိန္မွာ သက္ေသအေနနဲ႔တိတိက်က်ေျပာျပႏိုင္ပါတယ္။ကိုယ္တိုးေတာင္းခ်င္တဲ့လစာပမာဏဟာ ကိုယ္နဲ႔ထိုက္တန္တဲ့ပမာဏျဖစ္ဖို႔ေတာ့လိုပါတယ္။ကိုယ္မွန္းတာထက္နည္းေနရင္လည္းညႇိႏႈိင္းေျပာဆိုရပါမယ္။လစာတိုးေတာင္းတဲ့ေနရာမွာ Timing is everything လို႔ဆိုရမွာပါ။

လစာကိစၥမေျပာခင္ကိုယ့္ကိုယ္ကိုယ္ေကာင္းေကာင္းတည္ေဆာက္ထားဖို႔လိုသလို ကိုယ္ကလည္းလစာမ်ားမ်ားရဖို႔တကယ့္ကိုထိုက္တန္သူျဖစ္ေနဖို႔လိုပါတယ္ေနာ္။ေနာက္ထပ္အေရးႀကီးတဲ့အခ်က္က ကုမၸဏီကလည္းအေျခအေနေကာင္းေနဖို႔လိုပါတယ္။လစာတိုးေတာင္းဖို႔ အခ်ိန္အခါေတြမေစာင့္ဘဲေျပာသင့္တဲ့အခ်ိန္တစ္ခုရွိပါေသးတယ္။အဲဒါကေတာ့ ကိုယ့္ကိုတျခားေသာအလုပ္တစ္ခုက လာကမ္းလွမ္းတဲ့အခ်ိန္ပါပဲ။လာကမ္းလွမ္းတဲ့အလုပ္က လစာလည္းပိုမ်ားတယ္၊အေျခအေနလည္းေကာင္းတယ္၊ ဒါေပမဲ့ကိုယ္ကလက္ရွိအလုပ္ကိုေရာ လုပ္ေဖာ္ကိုင္ဖက္ေတြကိုေရာ သံေယာဇဥ္ရွိေနတယ္ဆိုရင္ပြင့္ပြင့္လင္းလင္းပဲ လခတိုးေတာင္းၾကည့္ႏိုင္ပါတယ္ေနာ္။အားလုံးပဲလခအမ်ားႀကီးရၿပီး ေအာင္ျမင္တဲ့ Career ကိုတည္ေဆာက္ႏိုင္ၾကပါေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*