သူမနာမည်ကိုမှားခေါ်သူတွေများနေလို့စိတ်ညစ်တဲ့ အန်နီရာတေလာဂျွိုင်း

Queen’s Gambit ရဲ့ကြယ်ပွင့်လေး အန်နီရာတေလာဂျွိုင်းက သူမနာမည်ကိုအသံထွက်အမှားကြီးနဲ့ခေါ်နေကြလို့ နာမည်ရဲ့အသံထွက်အမှန်ကို TikTok ဗီဒီယိုကနေပြောပြခဲ့တယ်လို့သိရပါတယ်။သူမရဲ့နောက်ထပ်ထွက်ရှိလာမယ့်ရုပ်ရှင်ကားသစ် Furiosa: A Mad Max Saga ရဲ့ Trailer ထွက်ရှိလာချိန်မှာ သူမက အသံထွက်အမှန်ကိုပြောလာခဲ့တာပါ။“ကျွန်မနာမည်က အန်ညာမဟုတ်ပါဘူးနော်။ အန်နီရာပါ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

သူမနဲ့အတူရုပ်ရှင်ရိုက်တဲ့ ရုပ်ရှင်အဖွဲ့သားအားလုံးကလည်း သူမကို “အန်ညာ အန်ညာ”လို့ပဲခေါ်ကြတာမို့ရိုက်ကူးရေးနောက်ဆုံးရက်မှာ ကျွန်မနာမည်ကအန်နီရာပါလို့ ပြောခဲ့ရသေးတယ်လို့ သူမကဆိုပါတယ်။“ကျွန်မရဲ့ပထမဆုံးဒါရိုက်တာက ကျွန်မနာမည်နဲ့ပတ်သက်ပြီးစိတ်ဆိုးခဲ့ဖူးပါတယ်။ရုပ်ရှင်တစ်ကားလုံးပြီးတော့မှ အဲဒါကကျွန်မနာမည်မဟုတ်ဘူး။ နာမည်အမှန်က အန်နီရာပါလို့နောက်မှပြောလိုက်လို့ပါ” လို့ သူမက Extra နဲ့အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။သူမပါဝင်ထားတဲ့ Furiosa: A Mad Max Saga ရုပ်ရှင်ဟာ ၂၀၂၄ ခုနစ်၊ မေလ ၂၃ ရက်နေ့မှာ ဩစတေးလျ၊ မေလ ၂၄ ရက်နေ့မှာ အမေရိကန်နိုင်ငံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Queen’s Gambit ရဲ႕ၾကယ္ပြင့္ေလး အန္နီရာေတလာဂြၽိဳင္းက သူမနာမည္ကိုအသံထြက္အမွားႀကီးနဲ႔ေခၚေနၾကလို႔ နာမည္ရဲ႕အသံထြက္အမွန္ကို TikTok ဗီဒီယိုကေနေျပာျပခဲ့တယ္လို႔သိရပါတယ္။သူမရဲ႕ေနာက္ထပ္ထြက္ရွိလာမယ့္႐ုပ္ရွင္ကားသစ္ Furiosa: A Mad Max Saga ရဲ႕ Trailer ထြက္ရွိလာခ်ိန္မွာ သူမက အသံထြက္အမွန္ကိုေျပာလာခဲ့တာပါ။“ကြၽန္မနာမည္က အန္ညာမဟုတ္ပါဘူးေနာ္။ အန္နီရာပါ”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

သူမနဲ႔အတူ႐ုပ္ရွင္႐ိုက္တဲ့ ႐ုပ္ရွင္အဖြဲ႕သားအားလုံးကလည္း သူမကို “အန္ညာ အန္ညာ”လို႔ပဲေခၚၾကတာမို႔႐ိုက္ကူးေရးေနာက္ဆုံးရက္မွာ ကြၽန္မနာမည္ကအန္နီရာပါလို႔ ေျပာခဲ့ရေသးတယ္လို႔ သူမကဆိုပါတယ္။“ကြၽန္မရဲ႕ပထမဆုံးဒါ႐ိုက္တာက ကြၽန္မနာမည္နဲ႔ပတ္သက္ၿပီးစိတ္ဆိုးခဲ့ဖူးပါတယ္။႐ုပ္ရွင္တစ္ကားလုံးၿပီးေတာ့မွ အဲဒါကကြၽန္မနာမည္မဟုတ္ဘူး။ နာမည္အမွန္က အန္နီရာပါလို႔ေနာက္မွေျပာလိုက္လို႔ပါ” လို႔ သူမက Extra နဲ႔အင္တာဗ်ဴးမွာ ေျဖခဲ့ဖူးပါတယ္။သူမပါဝင္ထားတဲ့ Furiosa: A Mad Max Saga ႐ုပ္ရွင္ဟာ ၂၀၂၄ ခုနစ္၊ ေမလ ၂၃ ရက္ေန႔မွာ ဩစေတးလ်၊ ေမလ ၂၄ ရက္ေန႔မွာ အေမရိကန္ႏိုင္ငံေတြမွာ ႐ုံတင္ျပသမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*