16 ချပ်မြောက်အယ်လ်ဘမ်ထွက်ရှိမယ့် Bon Jovi

Bon Jovi ရဲ့ 16 ချပ်မြောက်အယ်လ်ဘမ်ဖြစ်တဲ့ Forever ဟာ ဇွန်လ 7 ရက်နေ့မှာထွက်ရှိမယ်လို့သိရပါတယ်။“ဒီအယ်လ်ဘမ်ဟာ ပျော်ရွှင်မှုတွေကိုတစ်ဖန်သယ်ဆောင်လာပေးပါတယ်။ သီချင်းရေး၊ အသံသွင်း၊သီဆိုတာကစလို့ လုပ်ဆောင်ရမှုအားလုံးကိုကျွန်တော်အားရကျေနပ်တယ်”လို့ Jon Bon Jovi ကအယ်လ်ဘမ်အသစ်နဲ့ပတ်သက်ပြီးဖွင့်ဟပါတယ်။ Bon Jovi ရဲ့ Forever အယ်လ်ဘမ်ထဲမှာသီချင်းအပုဒ်ရေ 12 ပုဒ်ပါဝင်မှာဖြစ်ပြီး ဒီအယ်လ်ဘမ်ထဲမှာပါဝင်မယ့် Legendary သီချင်းရဲ့ Music Video ကိုတော့ ပြီးခဲ့တဲ့နှစ်ပတ်အကြာကဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။

ဒီ Music Video ဟာ နှစ်ပတ်အတွင်းကြည့်ရှုသူ 2.1 သန်းကျော်ရှိခဲ့တာတွေ့ရပါတယ်။ Bon Jovi Band အနေနဲ့ တေးအယ်လ်ဘမ်အ သစ်ကိုထွက်ရှိနိုင်ခဲ့ပေမယ့် အဆိုရှင် Jon Bon Joviဟာလည်ချောင်းအသံမျှင်ခွဲစိပ်ထားရတာမို့ Concert Tour တွေမှာဖျော်ဖြေနိုင်ဖို့မသေချာသေးဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ 66 ကြိမ်မြောက်ဂရမ်မီပွဲမှာ Jon Bon Jovi ဟာ 2024 MusiCares Person of the Year ဆုကိုချီးမြှင့်ခံခဲ့ရပါတယ်။

Ju Ju

zawgyi

Bon Jovi ရဲ႕ 16 ခ်ပ္ေျမာက္အယ္လ္ဘမ္ျဖစ္တဲ့ Forever ဟာ ဇြန္လ 7 ရက္ေန႔မွာထြက္ရွိမယ္လို႔သိရပါတယ္။“ဒီအယ္လ္ဘမ္ဟာ ေပ်ာ္႐ႊင္မႈေတြကိုတစ္ဖန္သယ္ေဆာင္လာေပးပါတယ္။ သီခ်င္းေရး၊ အသံသြင္း၊သီဆိုတာကစလို႔ လုပ္ေဆာင္ရမႈအားလုံးကိုကြၽန္ေတာ္အားရေက်နပ္တယ္”လို႔ Jon Bon Jovi ကအယ္လ္ဘမ္အသစ္နဲ႔ပတ္သက္ၿပီးဖြင့္ဟပါတယ္။ Bon Jovi ရဲ႕ Forever အယ္လ္ဘမ္ထဲမွာသီခ်င္းအပုဒ္ေရ 12 ပုဒ္ပါဝင္မွာျဖစ္ၿပီး ဒီအယ္လ္ဘမ္ထဲမွာပါဝင္မယ့္ Legendary သီခ်င္းရဲ႕ Music Video ကိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ပတ္အၾကာကျဖန႔္ခ်ိခဲ့ၿပီးျဖစ္ပါတယ္။

ဒီ Music Video ဟာ ႏွစ္ပတ္အတြင္းၾကည့္ရႈသူ 2.1 သန္းေက်ာ္ရွိခဲ့တာေတြ႕ရပါတယ္။ Bon Jovi Band အေနနဲ႔ ေတးအယ္လ္ဘမ္အ သစ္ကိုထြက္ရွိႏိုင္ခဲ့ေပမယ့္ အဆိုရွင္ Jon Bon Joviဟာလည္ေခ်ာင္းအသံမွ်င္ခြဲစိပ္ထားရတာမို႔ Concert Tour ေတြမွာေဖ်ာ္ေျဖႏိုင္ဖို႔မေသခ်ာေသးဘူးလို႔သိရပါတယ္။ၿပီးခဲ့တဲ့ 66 ႀကိမ္ေျမာက္ဂရမ္မီပြဲမွာ Jon Bon Jovi ဟာ 2024 MusiCares Person of the Year ဆုကိုခ်ီးျမႇင့္ခံခဲ့ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*