2024 နှစ်ကုန်ပိုင်းမှာကြည့်ခွင့်ရတော့မယ့် Squid Game Season 2

Netflix ရဲ့ CEO ဖြစ်တဲ့ Ted Sarandos က Squid Game Season 2 နဲ့ပတ်သက်ပြီးထွက်ရှိမယ့်အချိန်ကိုအရိပ်အမြွက်ပြောလာခဲ့တယ်လို့ The Hollywood Reporter မှာဖော်ပြထားပါတယ်။ Ted Sarandos က 2024 ခုနစ်ရဲ့ နှစ်ကုန်ပိုင်း အောက်တိုဘာ၊နိုဝင်ဘာလောက်မှာ Squid Game Season 2 ကို ထုတ်လွှင့်သွားမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ Squid Game ဟာ Netflix ရဲ့စံချိန်တင်မှတ်တမ်းဝင်ထားတဲ့ အအောင်မြင်ဆုံးစီးရီးတစ်ခုဖြစ်ပါတယ်။

2022 ခုနစ်၊ ဇွန်လကတည်းက Squid Game Season 2 အတွက်ပြင်ဆင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ Netflix အနေနဲ့ Squid Game ဇာတ်လမ်းတွဲအောင်မြင်မှုူရပြီးနောက်ပိုင်း Squid Game: The Challenge ဆိုတဲ့ Reality Competition တစ်ခုကိုထုတ်လွှင့်ခဲ့ပါသေးတယ်။ 2024 နှစ်ကုန်ပိုင်းမှာ ထုတ်လွှင့်မယ့်ဇာတ်လမ်းတွဲတွေထဲမှာ Squid Game Season 2 သာမက The Night Agent ၊ Outer Banks ၊ Emily in Paris နဲ့ Ryan Murphy ရဲ့ Monster Anthology တွေလည်းပါဝင်ပါတယ်။

Ju Ju

zawgyi

Netflix ရဲ႕ CEO ျဖစ္တဲ့ Ted Sarandos က Squid Game Season 2 နဲ႔ပတ္သက္ၿပီးထြက္ရွိမယ့္အခ်ိန္ကိုအရိပ္အႁမြက္ေျပာလာခဲ့တယ္လို႔ The Hollywood Reporter မွာေဖာ္ျပထားပါတယ္။ Ted Sarandos က 2024 ခုနစ္ရဲ႕ ႏွစ္ကုန္ပိုင္း ေအာက္တိုဘာ၊ႏိုဝင္ဘာေလာက္မွာ Squid Game Season 2 ကို ထုတ္လႊင့္သြားမယ္လို႔ေျပာခဲ့တာျဖစ္ပါတယ္။ Squid Game ဟာ Netflix ရဲ႕စံခ်ိန္တင္မွတ္တမ္းဝင္ထားတဲ့ အေအာင္ျမင္ဆုံးစီးရီးတစ္ခုျဖစ္ပါတယ္။

2022 ခုနစ္၊ ဇြန္လကတည္းက Squid Game Season 2 အတြက္ျပင္ဆင္႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။ Netflix အေနနဲ႔ Squid Game ဇာတ္လမ္းတြဲေအာင္ျမင္မႈူရၿပီးေနာက္ပိုင္း Squid Game: The Challenge ဆိုတဲ့ Reality Competition တစ္ခုကိုထုတ္လႊင့္ခဲ့ပါေသးတယ္။ 2024 ႏွစ္ကုန္ပိုင္းမွာ ထုတ္လႊင့္မယ့္ဇာတ္လမ္းတြဲေတြထဲမွာ Squid Game Season 2 သာမက The Night Agent ၊ Outer Banks ၊ Emily in Paris နဲ႔ Ryan Murphy ရဲ႕ Monster Anthology ေတြလည္းပါဝင္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*