သင့်ကိုစည်းကမ်းကောင်းလွန်းသူလို့ သိစေနိုင်တဲ့ မနက်ခင်းအလေ့အထများ

မနက်ခင်းကိုဖြတ်သန်းပုံတွေက သင်စည်းကမ်းကောင်းသူဟုတ် မဟုတ်၊ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်သူဟုတ် မဟုတ်ညွှန်ပြနိုင်ပါတယ်။စိတ်ကိုထိန်းချုပ်နိုင်တာ၊ ကိုယ်ကိုယ့်ကိုယ်စည်းကမ်းသတ်မှတ်ပြီး လက်တွေ့လိုက်နာနိုင်တာတွေက သင့်ကိုအောင်မြင်မှုလမ်းကြောင်းပေါ်တွန်းပို့နိုင်ပါလိမ့်မယ်။ မနက်ခင်းတိုင်းမှာ ဒီအလေ့အကျင့်တွေကို မပျက်မကွက်လုပ်နိုင်သူတွေကို စည်းကမ်းမြင့်မားသူအဖြစ် ယေဘုယျသတ်မှတ်ကြပါတယ်။

၁. စောစောထခြင်း
မနက်စောစောထလေ့ရှိတဲ့သူဟာ နောက်ကျမှထသူထက်၂၄ နာရီကိုပိုမိုပိုင်ဆိုင်ရသလို ခံစားရပါလိမ့်မယ်။ မနက်ခင်းမှာတင်လေ့ကျင့်ခန်းလုပ်၊ မနက်စာစား၊ အရေးကြီးသတင်းတွေဖတ် စတဲ့အရာတွေကို လုပ်နိုင်တဲ့အတွက် တစ်ကိုယ်ရည်စာ အပိုအလုပ်ရှုပ်မှုတွေကင်းဝေးပြီးအချိန်ပိုရလာတာကတော့ အမှန်ပါပဲ။

၂. မနက်ခင်းကို လေ့ကျင့်ခန်းနဲ့စတင်ခြင်း
မနက်ခင်းမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်လေ့ရှိသူက ဉာဏ်ပိုရွှင်ပြီး ကျန်းမာရေးလည်းပိုကောင်းပါတယ်။ ခန္ဓာကိုယ်သက်လုံ ကောင်းပြီး Stress တွေကို ဖယ်ရှားပစ်နိုင်စွမ်းလည်းပိုပါတယ်။ မနက်ခင်းတိုင်းကို Workout လုပ်နိုင်ဖို့ဆိုတာ စိတ်ဓာတ်ကြံ့ခိုင်မှုလည်းလိုအပ်ပါတယ်။

၃. ကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာစားခြင်း
စည်းကမ်းကောင်းသူတွေဟာ မနက်စာရွေးချယ်မှုမှာလည်းတော်ကြပါတယ်။သူတို့တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာကို မျှမျှ တတစားသုံးဖို့ သတိထားတတ်ကြသူတွေပါ။

၄. ဦးစားပေးအလုပ်များသတ်မှတ်ခြင်း
မနက်ခင်းစတင်တာနဲ့ တစ်နေ့တာ လုပ်ရမယ့်အလုပ်တွေချရေးတာ၊ ဦးစားပေးအလုပ်တွေသတ်မှတ်တာမျိုးကို လုပ်လေ့ရှိကြပါတယ်။ ဒီလိုအကျင့်လေးက အလုပ်တွေများများပြီးမြောက်စေပြီး အလုပ်တစ်ခုဆိုတစ်ခု အာရုံစူးစိုက်မှု ကောင်းစေပါတယ်။

၅. တစ်သမတ်တည်းရှိခြင်း
စည်းကမ်းကောင်းသူတွေဟာ ချမှတ်ထားတဲ့ Rule တစ်ခုကို မပျက်မယွင်းလုပ်ဆောင်နိုင်ကြပါတယ်။ ကောက်ရိုးမီးလိုဝုန်းခနဲတောက် တာမျိုးမဟုတ်ကြပါဘူး။ တစ်ပတ် ငါးရက် Gym သွားမယ်ဆိုရင် မပျက်မကွက်သွားနိုင်ကြသူတွေပါ။ ချမှတ်ထားတဲ့စည်းကမ်းအပေါ် တော်ရုံနဲ့အပျက်မခံကြပါဘူး။ဒီအချက်လေးတွေ ကိုယ့်ဆီမှာပိုင်ဆိုင်ထားတယ်ဆိုရင် သင်ဟာစည်းကမ်းကောင်းသူတစ်ယောက်ဖြစ်သ လို ဘဝနဲ့အလုပ်မှာ အများထက်သာလွန်တဲ့အောင်မြင်မှုတွေကို ရယူနိုင်မှာပါ။

Ju Ju

zawgyi

မနက္ခင္းကိုျဖတ္သန္းပုံေတြက သင္စည္းကမ္းေကာင္းသူဟုတ္ မဟုတ္၊ ဆုံးျဖတ္ခ်က္ကို အေကာင္အထည္ေဖာ္ႏိုင္သူဟုတ္ မဟုတ္ၫႊန္ျပႏိုင္ပါတယ္။စိတ္ကိုထိန္းခ်ဳပ္ႏိုင္တာ၊ ကိုယ္ကိုယ့္ကိုယ္စည္းကမ္းသတ္မွတ္ၿပီး လက္ေတြ႕လိုက္နာႏိုင္တာေတြက သင့္ကိုေအာင္ျမင္မႈလမ္းေၾကာင္းေပၚတြန္းပို႔ႏိုင္ပါလိမ့္မယ္။ မနက္ခင္းတိုင္းမွာ ဒီအေလ့အက်င့္ေတြကို မပ်က္မကြက္လုပ္ႏိုင္သူေတြကို စည္းကမ္းျမင့္မားသူအျဖစ္ ေယဘုယ်သတ္မွတ္ၾကပါတယ္။

၁. ေစာေစာထျခင္း
မနက္ေစာေစာထေလ့ရွိတဲ့သူဟာ ေနာက္က်မွထသူထက္၂၄ နာရီကိုပိုမိုပိုင္ဆိုင္ရသလို ခံစားရပါလိမ့္မယ္။ မနက္ခင္းမွာတင္ေလ့က်င့္ခန္းလုပ္၊ မနက္စာစား၊ အေရးႀကီးသတင္းေတြဖတ္ စတဲ့အရာေတြကို လုပ္ႏိုင္တဲ့အတြက္ တစ္ကိုယ္ရည္စာ အပိုအလုပ္ရႈပ္မႈေတြကင္းေဝးၿပီးအခ်ိန္ပိုရလာတာကေတာ့ အမွန္ပါပဲ။

၂. မနက္ခင္းကို ေလ့က်င့္ခန္းနဲ႔စတင္ျခင္း
မနက္ခင္းမွာ ကိုယ္လက္လႈပ္ရွားေလ့က်င့္ခန္းလုပ္ေလ့ရွိသူက ဉာဏ္ပို႐ႊင္ၿပီး က်န္းမာေရးလည္းပိုေကာင္းပါတယ္။ ခႏၶာကိုယ္သက္လုံ ေကာင္းၿပီး Stress ေတြကို ဖယ္ရွားပစ္ႏိုင္စြမ္းလည္းပိုပါတယ္။ မနက္ခင္းတိုင္းကို Workout လုပ္ႏိုင္ဖို႔ဆိုတာ စိတ္ဓာတ္ႀကံ့ခိုင္မႈလည္းလိုအပ္ပါတယ္။

၃. က်န္းမာေရးနဲ႔ညီၫြတ္တဲ့မနက္စာစားျခင္း
စည္းကမ္းေကာင္းသူေတြဟာ မနက္စာေ႐ြးခ်ယ္မႈမွာလည္းေတာ္ၾကပါတယ္။သူတို႔ေတြဟာ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့မနက္စာကို မွ်မွ် တတစားသုံးဖို႔ သတိထားတတ္ၾကသူေတြပါ။

၄. ဦးစားေပးအလုပ္မ်ားသတ္မွတ္ျခင္း
မနက္ခင္းစတင္တာနဲ႔ တစ္ေန႔တာ လုပ္ရမယ့္အလုပ္ေတြခ်ေရးတာ၊ ဦးစားေပးအလုပ္ေတြသတ္မွတ္တာမ်ိဳးကို လုပ္ေလ့ရွိၾကပါတယ္။ ဒီလိုအက်င့္ေလးက အလုပ္ေတြမ်ားမ်ားၿပီးေျမာက္ေစၿပီး အလုပ္တစ္ခုဆိုတစ္ခု အာ႐ုံစူးစိုက္မႈ ေကာင္းေစပါတယ္။

၅. တစ္သမတ္တည္းရွိျခင္း
စည္းကမ္းေကာင္းသူေတြဟာ ခ်မွတ္ထားတဲ့ Rule တစ္ခုကို မပ်က္မယြင္းလုပ္ေဆာင္ႏိုင္ၾကပါတယ္။ ေကာက္႐ိုးမီးလိုဝုန္းခနဲေတာက္ တာမ်ိဳးမဟုတ္ၾကပါဘူး။ တစ္ပတ္ ငါးရက္ Gym သြားမယ္ဆိုရင္ မပ်က္မကြက္သြားႏိုင္ၾကသူေတြပါ။ ခ်မွတ္ထားတဲ့စည္းကမ္းအေပၚ ေတာ္႐ုံနဲ႔အပ်က္မခံၾကပါဘူး။ဒီအခ်က္ေလးေတြ ကိုယ့္ဆီမွာပိုင္ဆိုင္ထားတယ္ဆိုရင္ သင္ဟာစည္းကမ္းေကာင္းသူတစ္ေယာက္ျဖစ္သ လို ဘဝနဲ႔အလုပ္မွာ အမ်ားထက္သာလြန္တဲ့ေအာင္ျမင္မႈေတြကို ရယူႏိုင္မွာပါ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*