ကလို့ကောင်းတဲ့သီချင်းလေး Cha Cha Slide ကိုဖန်တီးသူ Dj Casper ကွယ်လွန်ရှာပြီ

တစ်ကမ္ဘာလုံးကလူတွေကိုတက်တက်ကြွကြွကခုန်စေခဲ့တဲ့ Cha Cha Slide သီချင်းရဲ့ဖန်တီးရှင် Dj Casper ကို Mr. C The Slide Man လို့လူသိများပါတယ်။ သူဟာကင်ဆာဝေဒနာကိုနှစ်ရှည်ခံစားနေခဲ့ရပြီး အသက် ၅၈ နှစ်အရွယ်မှာကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့ နာမည်ကျော် Cha Cha Slide သီချင်းကို ၁၉၉၈ ခုနစ်ကဖန်တီးခဲ့တာဖြစ်ပြီး Personal Trainer လုပ်နေတဲ့တူလေးဖြစ်သူအတွက်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းဟာတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့နာမည်ကြီးလာခဲ့ပြီးစာသင်ကျောင်းတိုင်းလိုလိုကာယချိန်တွေမှာဒီသီချင်းကိုအသုံးပြုကခုန်ခဲ့ကြပါတယ်။ နောက်ထပ်ဖန်တီးတဲ့ Casper Slide Part 2ကို Chicago ရေဒီယိုဌာနကရွေးချယ်ထုတ်လွှင့်ပြီးချိန်မှာတော့သူ့သီချင်းတွေဟာပိုပြီးပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။Casper Slide Part 2 ဟာ ဗြိတိန်နိုင်ငံရဲ့ Music Chart တွေမှာ ဆယ်စုနှစ် ၂ စုကြာနံပါတ် ၁နေရာယူထားနိုင်ခဲ့တဲ့သီချင်းလည်းဖြစ်ပါတယ်။သူ့သီချင်းတွေကလူတွေကိုကျန်းမာပျော်ရွှင်စေနိုင်ခဲ့ပေမယ့် သူကတော့ကျောက်ကပ်ကင်ဆာကို ၂၀၁၆ခုနစ်ကစတင်ခံစားခဲ့ရပြီး ၂၀၂၃ ဩဂုတ်လ ၇ ရက်နေ့မှာကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

တစ္ကမာၻလုံးကလူေတြကိုတက္တက္ႂကြႂကြကခုန္ေစခဲ့တဲ့ Cha Cha Slide သီခ်င္းရဲ႕ဖန္တီးရွင္ Dj Casper ကို Mr. C The Slide Man လို႔လူသိမ်ားပါတယ္။ သူဟာကင္ဆာေဝဒနာကိုႏွစ္ရွည္ခံစားေနခဲ့ရၿပီး အသက္ ၅၈ ႏွစ္အ႐ြယ္မွာကြယ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။သူ႔ရဲ႕ နာမည္ေက်ာ္ Cha Cha Slide သီခ်င္းကို ၁၉၉၈ ခုနစ္ကဖန္တီးခဲ့တာျဖစ္ၿပီး Personal Trainer လုပ္ေနတဲ့တူေလးျဖစ္သူအတြက္ဖန္တီးခဲ့တာျဖစ္ပါတယ္။ ဒီသီခ်င္းဟာတစ္ကမာၻလုံးအတိုင္းအတာနဲ႔နာမည္ႀကီးလာခဲ့ၿပီးစာသင္ေက်ာင္းတိုင္းလိုလိုကာယခ်ိန္ေတြမွာဒီသီခ်င္းကိုအသုံးျပဳကခုန္ခဲ့ၾကပါတယ္။ ေနာက္ထပ္ဖန္တီးတဲ့ Casper Slide Part 2ကို Chicago ေရဒီယိုဌာနကေ႐ြးခ်ယ္ထုတ္လႊင့္ၿပီးခ်ိန္မွာေတာ့သူ႔သီခ်င္းေတြဟာပိုၿပီးေပၚျပဴလာျဖစ္လာခဲ့ပါတယ္။Casper Slide Part 2 ဟာ ၿဗိတိန္ႏိုင္ငံရဲ႕ Music Chart ေတြမွာ ဆယ္စုႏွစ္ ၂ စုၾကာနံပါတ္ ၁ေနရာယူထားႏိုင္ခဲ့တဲ့သီခ်င္းလည္းျဖစ္ပါတယ္။သူ႔သီခ်င္းေတြကလူေတြကိုက်န္းမာေပ်ာ္႐ႊင္ေစႏိုင္ခဲ့ေပမယ့္ သူကေတာ့ေက်ာက္ကပ္ကင္ဆာကို ၂၀၁၆ခုနစ္ကစတင္ခံစားခဲ့ရၿပီး ၂၀၂၃ ဩဂုတ္လ ၇ ရက္ေန႔မွာကြယ္လြန္သြားခဲ့တာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*