ရုံးကပေးထားတဲ့ကွန်ပျူတာထဲထည့်မသိမ်းသင့်တဲ့အရာများ

တချို့ရုံးတွေမှာ အလုပ်လုပ်ဖို့ တစ်ယောက်ကို PC သို့မဟုတ်လက်ပ်တော့တစ်လုံးစီပေးထားတာမျိုးရှိကြပါတယ်။ ကုမ္ပဏီမှာအလုပ်လုပ်နေစဥ်အတွင်းကိုယ်ပိုင်ပစ္စည်းတစ်ခုလိုပဲ ထိတွေ့သုံးစွဲနေရပေမယ့် တခါတလေမေ့လျော့ပြီးမသိမ်းဆည်းသင့်တာလေးတွေကို စက်ထဲသိမ်းဆည်းထားမိတတ်ကြပါတယ်နော်။ဒါကြောင့်အားလုံးသတိထားမိနိုင်စေဖို့အတွက် အလုပ်အတွက်သုံးရတဲ့ကွန်ပျူတာထဲဘာတွေသိမ်းမထားသင့်ဘူးလဲဆိုတာမျှဝေပေးချင်ပါတယ်။ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေကိုယ့်ဓာတ်ပုံတွေကို ခဏသိမ်းထားပြီး မေ့သွားတာမျိုး၊ Download လုပ်ရင်းစက်ထဲကျန်ခဲ့တာမျိုးမဖြစ်စေသင့်ပါဘူးနော်။ကိုယ့်ရဲ့ကိုယ်ပိုင်စက်မဟုတ်တဲ့အတွက် အခြေအနေအမျိုးမျိုးကြောင့်အခြားသူလက်ထဲရောက်နိုင်ပါတယ်။ရုံးမှာရုပ်တည်ကြီးနဲ့မန်နေဂျာလုပ်နေပေမယ့် မူးတုန်းကကွက်မျိုးစုံကထားတဲ့
ဗီဒီယိုတွေတွေ့သွားလို့ကတော့ အရှက်တွေဗျန်းဗျန်းကွဲနိုင်ပါတယ်။နောက်အလုပ်တစ်ခုရဲ့ Data တွေကိုယ်ကနောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခု ဒါမှမဟုတ် အကူအညီပေးနေရတဲ့ အလုပ်ရှိတယ်ဆိုရင်ဒီအလုပ်နဲ့ပတ်သက်တဲ့ Data တွေကို ရုံးကကွန်ပျုတာထဲမှာ လုံးဝရှိမနေပါစေနဲ့။ခြေရာလက်ရာကျန်မနေအောင်ပါဂရုတစိုက်နဲ့သတိထားပေးပါ။

Thumb Drive ၊ External Hard Diskတို့ကိုလည်းသီးသန့်သုံးပါ။မသင့်တော်တဲ့အရာတွေရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် ၁၈ ယောက်စုကြည့်လို့ရတဲ့ဇာတ်ကားမျိုးတွေပါ။ ဒါမျိုးကိုမတော်တဆတွေ့သွားလို့ကတော့ လူပြောစရာတွေဖြစ်နိုင်ပါတယ်။ယောကျ်ားလေးချင်းကနားလည်ပေးပေမယ့် အပျိုကြီးမမတွေ၊ကောင်မလေးတွေသာတွေ့သွားရင်ကိုယ့်ကိုနှာခေါင်းကြီးပဲလို့ ထင်သွားနိုင်ပါတယ်။အစည်းအဝေးမှာမှားနှိပ်မိတာမျိုးဆို ပြဿနာကြီးသွားနိုင်ပါတယ်နော်။လျှို့ဝှက်ဖိုင်မှန်းသိစေတဲ့နာမည်ကွန်ပျူတာထဲအရေးကြီးတဲ့ Data တွေသိမ်းတဲ့အခါ Top Secret တို့ Very Very Importantတို့လိုနာမည်တွေရေးပြီး ဖိုင်တွေမသိမ်းသင့်ပါဘူးနော်။ ဒါတွေကလူကိုပိုပြီးစိတ်ဝင်တစားကြည့်ချင်မိစေပါတယ်။အကောင်းဆုံးကတော့ အရေးကြီးတဲ့ Data တွေဆိုကိုယ့်လျှို့ဝှက်အမှတ်အသားနဲ့ကိုယ်သိမ်းဖို့ပါပဲ။ရုပ်ရှင်ကားတွေနဲ့ဂိမ်းတွေအလုပ်အတွက်သုံးရတဲ့ကွန်ပျူတာထဲမှာ Download လုပ်ထားတဲ့ ဗီဒီယိုတွေ၊ ဂိမ်းတွေရှိနေတာကဝန်ထမ်းကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့မညီပါဘူး။ ဂိမ်းတွေကြောင့်သူဌေးဆီကိုတလွဲမက်ဆေ့ချ်တွေရောက်သွားစေနိုင်သလို ဗိုင်းရပ်စ်ကိုက်နိုင်ခြေလည်းရှိနေပါတယ်။ဒါကြောင့် အလုပ် Data တွေပြည့်နေတဲ့စက်ထဲကို ဂိမ်းနဲ့ရုပ်ရှင်ကားတွေမထားမိဖို့သတိထားသင့်ပါတယ်နော်။

Ju Ju
zawgyi

တခ်ိဳ႕႐ုံးေတြမွာ အလုပ္လုပ္ဖို႔ တစ္ေယာက္ကို PC သို႔မဟုတ္လက္ပ္ေတာ့တစ္လုံးစီေပးထားတာမ်ိဳးရွိၾကပါတယ္။ ကုမၸဏီမွာအလုပ္လုပ္ေနစဥ္အတြင္းကိုယ္ပိုင္ပစၥည္းတစ္ခုလိုပဲ ထိေတြ႕သုံးစြဲေနရေပမယ့္ တခါတေလေမ့ေလ်ာ့ၿပီးမသိမ္းဆည္းသင့္တာေလးေတြကို စက္ထဲသိမ္းဆည္းထားမိတတ္ၾကပါတယ္ေနာ္။ဒါေၾကာင့္အားလုံးသတိထားမိႏိုင္ေစဖို႔အတြက္ အလုပ္အတြက္သုံးရတဲ့ကြန္ပ်ဴတာထဲဘာေတြသိမ္းမထားသင့္ဘူးလဲဆိုတာမွ်ေဝေပးခ်င္ပါတယ္။ကိုယ္ေရးကိုယ္တာဓာတ္ပုံေတြကိုယ့္ဓာတ္ပုံေတြကို ခဏသိမ္းထားၿပီး ေမ့သြားတာမ်ိဳး၊ Download လုပ္ရင္းစက္ထဲက်န္ခဲ့တာမ်ိဳးမျဖစ္ေစသင့္ပါဘူးေနာ္။ကိုယ့္ရဲ႕ကိုယ္ပိုင္စက္မဟုတ္တဲ့အတြက္ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္အျခားသူလက္ထဲေရာက္ႏိုင္ပါတယ္။႐ုံးမွာ႐ုပ္တည္ႀကီးနဲ႔မန္ေနဂ်ာလုပ္ေနေပမယ့္ မူးတုန္းကကြက္မ်ိဳးစုံကထားတဲ့ဗီဒီယိုေတြေတြ႕သြားလို႔ကေတာ့ အရွက္ေတြဗ်န္းဗ်န္းကြဲႏိုင္ပါတယ္။ေနာက္အလုပ္တစ္ခုရဲ႕ Data ေတြ
ကိုယ္ကေနာက္ထပ္အခ်ိန္ပိုင္းအလုပ္တစ္ခု ဒါမွမဟုတ္ အကူအညီေပးေနရတဲ့ အလုပ္ရွိတယ္ဆိုရင္ဒီအလုပ္နဲ႔ပတ္သက္တဲ့ Data ေတြကို ႐ုံးကကြန္ပ်ဳတာထဲမွာ လုံးဝရွိမေနပါေစနဲ႔။ေျခရာလက္ရာက်န္မေနေအာင္ပါဂ႐ုတစိုက္နဲ႔သတိထားေပးပါ။

Thumb Drive ၊ External Hard Diskတို႔ကိုလည္းသီးသန႔္သုံးပါ။မသင့္ေတာ္တဲ့အရာေတြရွင္းရွင္းလင္းလင္းေျပာရမယ္ဆိုရင္ ၁၈ ေယာက္စုၾကည့္လို႔ရတဲ့ဇာတ္ကားမ်ိဳးေတြပါ။ ဒါမ်ိဳးကိုမေတာ္တဆေတြ႕သြားလို႔ကေတာ့ လူေျပာစရာေတြျဖစ္ႏိုင္ပါတယ္။ေယာက်္ားေလးခ်င္းကနားလည္ေပးေပမယ့္ အပ်ိဳႀကီးမမေတြ၊ေကာင္မေလးေတြသာေတြ႕သြားရင္ကိုယ့္ကိုႏွာေခါင္းႀကီးပဲလို႔ ထင္သြားႏိုင္ပါတယ္။အစည္းအေဝးမွာမွားႏွိပ္မိတာမ်ိဳးဆို ျပႆနာႀကီးသြားႏိုင္ပါတယ္ေနာ္။လွ်ိဳ႕ဝွက္ဖိုင္မွန္းသိေစတဲ့နာမည္ကြန္ပ်ဴတာထဲအေရးႀကီးတဲ့ Data ေတြသိမ္းတဲ့အခါ Top Secret တို႔ Very Very Importantတို႔လိုနာမည္ေတြေရးၿပီး ဖိုင္ေတြမသိမ္းသင့္ပါဘူးေနာ္။ ဒါေတြကလူကိုပိုၿပီးစိတ္ဝင္တစားၾကည့္ခ်င္မိေစပါတယ္။အေကာင္းဆုံးကေတာ့ အေရးႀကီးတဲ့ Data ေတြဆိုကိုယ့္လွ်ိဳ႕ဝွက္အမွတ္အသားနဲ႔ကိုယ္သိမ္းဖို႔ပါပဲ။႐ုပ္ရွင္ကားေတြနဲ႔ဂိမ္းေတြအလုပ္အတြက္သုံးရတဲ့ကြန္ပ်ဴတာထဲမွာ Download လုပ္ထားတဲ့ ဗီဒီယိုေတြ၊ ဂိမ္းေတြရွိေနတာကဝန္ထမ္းေကာင္းတစ္ေယာက္ရဲ႕ က်င့္ဝတ္နဲ႔မညီပါဘူး။ ဂိမ္းေတြေၾကာင့္သူေဌးဆီကိုတလြဲမက္ေဆ့ခ်္ေတြေရာက္သြားေစႏိုင္သလို ဗိုင္းရပ္စ္ကိုက္ႏိုင္ေျခလည္းရွိေနပါတယ္။ဒါေၾကာင့္ အလုပ္ Data ေတြျပည့္ေနတဲ့စက္ထဲကို ဂိမ္းနဲ႔႐ုပ္ရွင္ကားေတြမထားမိဖို႔သတိထားသင့္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*