Motivation နောက်ကွယ်က အပြုအမူဆိုင်ရာ တွန်းအား (၄) ခု

Motivation က ကိုယ့်ရဲ့ ဆန္ဒတွေ၊ ကြောက်ရွံ့မှုတွေကို လုပ်ဆောင်ဖို့ တွန်းအားဖြစ်စေပါတယ်။အတွင်းပိုင်း ဒါမှမဟုတ် ပြင်ပလွှမ်းမိုးမှုများ ဝင်ရောက်လာတဲ့အခါမှာ ပန်းတိုင်ဆီကိုတက်လှမ်းဖို့အတွက် ကိုယ့်ရဲ့အပြုအမူတွေက လှုံ့ဆော်ပေးပြီး ခွန်အားဖြစ်စေပါတယ်။
ဒီအချက်တွေကတော့ Motivation နောက်ကွယ်က အပြုအမူဆိုင်ရာ တွန်းအား (၄)ခုပဲဖြစ်ပါတယ်။

တခြားသူတွေနဲ့ ရင်းနှီးဖို့ တွန်းအား

သုခချမ်းသာကို လူမှုကျန်းမာရေးက လွှမ်းမိုးထားသောကြောင့် သက်တောင့်သက်သာရှိပြီးဘေးကင်းစေမယ့်သူများနဲ့ ခင်မင်ရင်းနှီးမှုက သင့်အတွက်ကောင်းမွန်ပါတယ်။ သင်ကကြီးမားတဲ့ လူမှုရေးကွန်ရက်တခုရှိတာက Motivation ကို တနည်းမဟုတ်တနည်းလှုံ့ဆော်ခံရနိုင်ဖွယ်ရှိပါတယ်။သင့်ဘဝကို အပြန်အလှန် ပံ့ပိုးကူညီမှုများနဲ့ ဖြည့်စွမ်းပေးတဲ့ စိတ်တူကိုယ်တူရှိသူများက သင့်ကိုပိုမိုကောင်းမွန်တဲ့ နား ထောင်သူဖြစ်စေတာ၊ ကျေးဇူးတင်ကြောင်းပြသမှုနဲ့ ပိုမိုစိတ်ရှည်မှုလိုမျိုးအရေးကြီးတဲ့ လူမှုဆက်ဆံရေးစွမ်းရည်များကို လေ့ကျင့်ဖို့အ တွက် လှုံ့ဆော်ပေးပါတယ်။

ကာကွယ်ဖို့တွန်းအား

သင့်ကို ပျော်ရွှင်မှုနဲ့ ပြည့်စေတဲ့အရာများကို ကာကွယ်ဖို့ လိုအပ်တယ်လို့ သင်ခံစားရပါလိမ့်မယ်။အဲဒီအထဲမှာ လူတဦး၊ နေရာတခု၊အလုပ် ၊ သင်တန်ဖိုးထားတဲ့အရာ စတာတွေပါဝင်နိုင်ပါတယ်။သင်ချစ်မြတ်နိုးတဲ့အရာတွေ ခြိမ်းခြောက်ခံရတာအခါ သူတို့ဘက်က ရပ်တည်ပြီး
ခုခံကာကွယ်ဖို့အတွက် လှုံ့ဆော်ခံရပါလိမ့်မယ်။

အောင်မြင်ဖို့အတွက် တွန်းအား

အောင်မြင်မှုက အဆုံးအစမရှိပါဘူး။ နေ့စဉ်နေ့တိုင်းမှာ သင်ရဲ့အောင်မြင်မှုစာရင်းမှာအကြီးဆုံးကနေ အသေးအမွှားလေးအထိ ထည့်သွင်းနိုင်ပါတယ်။ ဒီအချက်တွေထဲမှာပရိုရှင်းတခု၊ အကြီးအကဲဆီက ချီးကျူးခံရမှု၊ အောင်မြင်တဲ့ ပရောဂျက်တခု၊အသင်းအဖွဲ့တွေရဲ့ အောင် မြင်မှုစတဲ့အချက်တွေအားလုံး ပါဝင်နိုင်ပါတယ်။ အချို့အောင်မြင်မှုများက လျင်မြန်စွာပြီးမြောက်သွားနိုင်ပေမဲ့ တချို့ကတော့ ဇွဲလုံ့လလို အပ်ပါတယ်။ရေတိုနဲ့ ရေရှည်ကတိကဝတ်များ လိုအပ်တဲ့ မှတ်တိုင်းများကို သင်ယူတာကသင့်ကိုရှေ့ကိုတွန်းတဲ့ ပြည့်စုံတဲ့ခံစားချက်ကိုပေးပါတယ်။

အသစ်ကို သင်ယူဖို့တွန်းအား

“ဘာကြောင့်လဲ” ဆိုတာကို ရှာဖွေပြီး သင်စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုကိုရှင်းရှင်းလင်းလင်း သိလာစေဖို့ လှုံ့ဆော်ခံရနိုင်ပါတယ်။ ပဟေဠိအပိုင်းအစများကိုပေါင်းစည်းလိုက်တာနဲ့အမျှ အချက်အလက်အသစ်တိုင်းက သင့်ကို ကျေနပ်မှုအပြည့်နဲ့ဖြည့်ဆည်းပေးပါတယ်။ လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့အရည်အချင်းတွေထက်မြက်အောင်လုပ်ဖို့၊အသိပညာကိုချဲ့ထွင်းပြီး လက်ဆင့်ကမ်းအတွေ့အကြုံတွေရယူတာ စတာတွေအားလုံးကအသစ်ကိုသင်ယူစေဖို့ တွန်းအားတခုပါပဲ။

MYit

zawgyi




ကာကွယ်ဖို့တွန်းအား






MYit

Be the first to comment

Leave a Reply

Your email address will not be published.


*