စစ်မှုထမ်းရတော့မှာမို့ ပရိသတ်တွေအတွက်နှုတ်ဆက်စာရေးခဲ့တဲ့ Jungkook

BTS အဖွဲ့က Jungkook ဟာ မကြာခင်မှာကိုရီးယားနိုင်ငံရဲ့ စစ်မှုထမ်းတာဝန်ကိုထမ်းဆောင်တော့မှာမို့ပရိသတ်တွေဆီကို ကိုယ်တိုင်စာ ရေးသားနှုတ်ဆက်ခဲ့တယ်လို့သိရပါတယ်။ BTS အဖွဲ့ထဲမှာအငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Jungkook ဟာ မကြာခင်ကမှတစ်ကိုယ်တော်အယ်လ်ဘမ် Golden ကိုထွက်ရှိထားပြီး အောင်မြင်မှုတွေပိုမိုရရှိနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့နှုတ်ဆက်စာထဲမှာ“ကျွန်တော်ချစ်တဲ့ ARMY များသို့နိုဝင်ဘာလကုန်တော့မယ်ဆိုတော့ လေတွေကလည်းတဖြည်းဖြည်းအေးလာပြီ။အားလုံးလည်းသိရှိပြီးဖြစ်တာမို့ ဒီစာကိုကျွန်တော်ရေးလိုက်တာပါ။ ဒီဇင်ဘာမှာကျွန်တော်စစ်မှုထမ်းပါတော့မယ်။ ဒီလိုပြောရတာခက်ခဲလေးလံပေမယ့် ARMY တွေနဲ့အတူမျှဝေခဲ့တဲ့အရာတွေကိုပြန်တွေးကြည့်ရင် ကျွန်တော့်နှလုံးသားလေးနွေးလာပါတယ်။

ကျွန်တော့်ဘဝရဲ့အတောက်ပဆုံးအချိန်တွေကို ခင်ဗျားတို့နဲ့အတူအမြဲဖြတ်သန်းခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့အပြုံး၊ အားပေးမှုနဲ့အချစ်တွေက ကျွန်တော့်ကိုဒီနေရာမှာရောက်နေစေခဲ့တာပါ။စစ်မှုထမ်းနေတဲ့အတောအတွင်း ကျွန်တော့်ကိုမေ့မပစ်ဘဲ စောင့်နေပေးပါဦး။ ကျွန်တော်သွားရမယ့်တစ်နှစ်ခွဲဆိုတာ ကြာမြင့်ပါတယ်။ ဒါကြောင့်ခုလိုတစ်ကိုယ်ကောင်းဆန်တဲ့စကားကိုမပြောချင်ပေမယ့်ကျွန်တော်ပြန်လာခဲ့မှာပါ။ စင်ပေါ်မှာသီချင်းတွေပြန်ဆိုဦးမှာပါ။ အားလုံးပဲကျန်းမာပျော်ရွှင်စွာနေထိုင်ကြပါ။ ခင်ဗျားတို့ကို ကျွန်တော့်နှလုံးသားထဲကနေ သတိရနေပါ့မယ်”ဆိုပြီးရေးသားခဲ့တာဖြစ်ပါတယ်။BTS အဖွဲ့မှ SUGA ၊ Jin နဲ့ J-hope တို့ဟာလည်း လက်ရှိမှာ စစ်မှုထမ်းတာဝန်ထမ်းဆောင်နေပြီးတခြားသောအဖွဲ့ဝင်တွေကတော့ ဒီဇင်ဘာလမှာစတင်တာဝန်ထမ်းဆောင်မယ်လို့သိရပါတယ်။

Ju Ju

zawgyi

BTS အဖြဲ႕က Jungkook ဟာ မၾကာခင္မွာကိုရီးယားႏိုင္ငံရဲ႕ စစ္မႈထမ္းတာဝန္ကိုထမ္းေဆာင္ေတာ့မွာမို႔ပရိသတ္ေတြဆီကို ကိုယ္တိုင္စာ ေရးသားႏႈတ္ဆက္ခဲ့တယ္လို႔သိရပါတယ္။ BTS အဖြဲ႕ထဲမွာအငယ္ဆုံးအဖြဲ႕ဝင္ျဖစ္တဲ့ Jungkook ဟာ မၾကာခင္ကမွတစ္ကိုယ္ေတာ္အယ္လ္ဘမ္ Golden ကိုထြက္ရွိထားၿပီး ေအာင္ျမင္မႈေတြပိုမိုရရွိေနခဲ့တာျဖစ္ပါတယ္။ သူ႔ရဲ႕ႏႈတ္ဆက္စာထဲမွာ“ကြၽန္ေတာ္ခ်စ္တဲ့ ARMY မ်ားသို႔ႏိုဝင္ဘာလကုန္ေတာ့မယ္ဆိုေတာ့ ေလေတြကလည္းတျဖည္းျဖည္းေအးလာၿပီ။အားလုံးလည္းသိရွိၿပီးျဖစ္တာမို႔ ဒီစာကိုကြၽန္ေတာ္ေရးလိုက္တာပါ။ ဒီဇင္ဘာမွာကြၽန္ေတာ္စစ္မႈထမ္းပါေတာ့မယ္။ ဒီလိုေျပာရတာခက္ခဲေလးလံေပမယ့္ ARMY ေတြနဲ႔အတူမွ်ေဝခဲ့တဲ့အရာေတြကိုျပန္ေတြးၾကည့္ရင္ ကြၽန္ေတာ့္ႏွလုံးသားေလးေႏြးလာပါတယ္။

ကြၽန္ေတာ့္ဘဝရဲ႕အေတာက္ပဆုံးအခ်ိန္ေတြကို ခင္ဗ်ားတို႔နဲ႔အတူအၿမဲျဖတ္သန္းခဲ့ပါတယ္။ ခင္ဗ်ားတို႔ရဲ႕အၿပဳံး၊ အားေပးမႈနဲ႔အခ်စ္ေတြက ကြၽန္ေတာ့္ကိုဒီေနရာမွာေရာက္ေနေစခဲ့တာပါ။စစ္မႈထမ္းေနတဲ့အေတာအတြင္း ကြၽန္ေတာ့္ကိုေမ့မပစ္ဘဲ ေစာင့္ေနေပးပါဦး။ ကြၽန္ေတာ္သြားရမယ့္တစ္ႏွစ္ခြဲဆိုတာ ၾကာျမင့္ပါတယ္။ ဒါေၾကာင့္ခုလိုတစ္ကိုယ္ေကာင္းဆန္တဲ့စကားကိုမေျပာခ်င္ေပမယ့္ကြၽန္ေတာ္ျပန္လာခဲ့မွာပါ။ စင္ေပၚမွာသီခ်င္းေတြျပန္ဆိုဦးမွာပါ။ အားလုံးပဲက်န္းမာေပ်ာ္႐ႊင္စြာေနထိုင္ၾကပါ။ ခင္ဗ်ားတို႔ကို ကြၽန္ေတာ့္ႏွလုံးသားထဲကေန သတိရေနပါ့မယ္”ဆိုၿပီးေရးသားခဲ့တာျဖစ္ပါတယ္။BTS အဖြဲ႕မွ SUGA ၊ Jin နဲ႔ J-hope တို႔ဟာလည္း လက္ရွိမွာ စစ္မႈထမ္းတာဝန္ထမ္းေဆာင္ေနၿပီးတျခားေသာအဖြဲ႕ဝင္ေတြကေတာ့ ဒီဇင္ဘာလမွာစတင္တာဝန္ထမ္းေဆာင္မယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*