V နဲ့ပူးပေါင်းမယ့် IU ရဲ့တေးအယ်လ်ဘမ်အသစ်

နာမည်ကြီးအဆိုရှင်လည်းဖြစ် သရုပ်ဆောင်လည်းဖြစ်တဲ့ IU က အချိန်တော်တော်လေးကြာပြီးမှတေးအယ်လ်ဘမ်အသစ်နဲ့အတူပရိ သတ်တွေဆီပြန်လည်ရောက်ရှိလာတော့မှာပါ။ ဒါဟာ IU အတွက် ၂နှစ်ခွဲအကြာမှ တေးအယ်လ်ဘမ်အသစ်ထွက်ရှိနိုင်ခဲ့တာဖြစ်ပါတယ်။
သူမရဲ့လက်ရှိထုတ်လုပ်မယ့် အယ်လ်ဘမ်မှာ BTS က V နဲ့အတူပူးပေါင်းဖန်တီးမှုလေးတွေပါဝင်မယ်လို့သိရပါတယ်။ IU ရဲ့ အေဂျင်စီဖြစ်တဲ့ EDAM Entertainment က IU အနေနဲ့ V ပါဝင်ထားတဲ့သီချင်းအတွက် Music Video ကိုရိုက်ကူးပြီးစီးသွားပြီလို့ပြောခဲ့ပါတယ်။

ထိုသီချင်းမှာ V က Featuring ဆိုထားတာဖြစ်ပါတယ်။ V အနေနဲ့ မကြာခင်မှာ စစ်မှုထမ်းတော့မှာဖြစ်တဲ့အတွက် V မသွားခင်မှာ MV ကိုပြီးစီးအောင်ရိုက်ကူးထားတာဖြစ်ပါတယ်။ IU နဲ့ V ဟာ ဂီတနဲ့ပတ်သက်တဲ့ပူးပေါင်းဖန်တီးမှုတွေသာမကဘဲ IU ရဲ့ Web Talk Series ဖြစ်တဲ့ IU’s Palette မှာလည်း V ကပါဝင်ခဲ့ဖူးပါတယ်။သူမရဲ့တေးအယ်လ်ဘမ်တစ်ခုလုံးကိုတော့ ၂၀၂၄ ခုနစ်နှစ်ဝက်လောက်မှာထွက်ရှိနိုင်ဖို့ခန့်မှန်းထားကြပါတယ်။ IU ရဲ့နောက်ဆုံးထွက်ရှိခဲ့တဲ့ EP ‘Pieces’ ဟာ ၂၀၂၁ ခုနစ်၊ ဒီဇင်ဘာလမှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ဇာတ် လမ်းတွဲရိုက်ကူးမှုအနေနဲ့တော့ IU ဟာ You Have Done Well ဆိုတဲ့ဇာတ်လမ်းတွဲသစ်ကိုရိုက်ကူးပြီးစီးထားပါတယ်။

Ju Ju

zawgyi

နာမည္ႀကီးအဆိုရွင္လည္းျဖစ္ သ႐ုပ္ေဆာင္လည္းျဖစ္တဲ့ IU က အခ်ိန္ေတာ္ေတာ္ေလးၾကာၿပီးမွေတးအယ္လ္ဘမ္အသစ္နဲ႔အတူပရိ သတ္ေတြဆီျပန္လည္ေရာက္ရွိလာေတာ့မွာပါ။ ဒါဟာ IU အတြက္ ၂ႏွစ္ခြဲအၾကာမွ ေတးအယ္လ္ဘမ္အသစ္ထြက္ရွိႏိုင္ခဲ့တာျဖစ္ပါတယ္။
သူမရဲ႕လက္ရွိထုတ္လုပ္မယ့္ အယ္လ္ဘမ္မွာ BTS က V နဲ႔အတူပူးေပါင္းဖန္တီးမႈေလးေတြပါဝင္မယ္လို႔သိရပါတယ္။ IU ရဲ႕ ေအဂ်င္စီျဖစ္တဲ့ EDAM Entertainment က IU အေနနဲ႔ V ပါဝင္ထားတဲ့သီခ်င္းအတြက္ Music Video ကို႐ိုက္ကူးၿပီးစီးသြားၿပီလို႔ေျပာခဲ့ပါတယ္။

ထိုသီခ်င္းမွာ V က Featuring ဆိုထားတာျဖစ္ပါတယ္။ V အေနနဲ႔ မၾကာခင္မွာ စစ္မႈထမ္းေတာ့မွာျဖစ္တဲ့အတြက္ V မသြားခင္မွာ MV ကိုၿပီးစီးေအာင္႐ိုက္ကူးထားတာျဖစ္ပါတယ္။ IU နဲ႔ V ဟာ ဂီတနဲ႔ပတ္သက္တဲ့ပူးေပါင္းဖန္တီးမႈေတြသာမကဘဲ IU ရဲ႕ Web Talk Series ျဖစ္တဲ့ IU’s Palette မွာလည္း V ကပါဝင္ခဲ့ဖူးပါတယ္။သူမရဲ႕ေတးအယ္လ္ဘမ္တစ္ခုလုံးကိုေတာ့ ၂၀၂၄ ခုနစ္ႏွစ္ဝက္ေလာက္မွာထြက္ရွိႏိုင္ဖို႔ခန႔္မွန္းထားၾကပါတယ္။ IU ရဲ႕ေနာက္ဆုံးထြက္ရွိခဲ့တဲ့ EP ‘Pieces’ ဟာ ၂၀၂၁ ခုနစ္၊ ဒီဇင္ဘာလမွာထြက္ရွိခဲ့တာျဖစ္ပါတယ္။ဇာတ္ လမ္းတြဲ႐ိုက္ကူးမႈအေနနဲ႔ေတာ့ IU ဟာ You Have Done Well ဆိုတဲ့ဇာတ္လမ္းတြဲသစ္ကို႐ိုက္ကူးၿပီးစီးထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*