AI မသုံးဘဲ ကိုယ့် Career ကို ကာကွယ်နိုင်မယ့် နည်းလမ်း (၃) ခု

အခုခေတ် ကျောင်းပြီးခါစ လူငယ်တွေဟာ ကျောင်းတုန်းကတော့ AI ကို သုံးခဲ့ကြပေမဲ့ တကယ်တမ်း အလုပ်ခွင်ထဲ ရောက်တဲ့အခါမှာတော့ AI သုံးရမှာကို တော်တော်လေး စိုးရိမ်နေကြပါတယ်။ Monster ကုမ္ပဏီရဲ့ ၂၀၂၆ ဘွဲ့ရလူငယ်များကို AI အဆင်သင့်ဖြစ်မှု အစီရင်ခံစာအရ စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ၈၉ရာခိုင်နှုန်း က AI ကြောင့် အခြေခံအဆင့် အလုပ်အကိုင်တွေ ပျောက်သွားမှာကို စိုးရိမ်နေကြတယ် (ဒါဟာ ၂၀၂၅ တုန်းကထက် ပိုများလာတာပါ)။ ၆၄ရာခိုင်နှုန်းက ကျောင်းမှာ သင်ခဲ့ရတာတွေဟာ အလုပ်ခွင်မှာ AI သုံးဖို့ မလုံလောက်ဘူးလို့ ခံစားနေရတယ်လို့ ဆိုထားပါတယ်။ ၅၈ ရာခိုင်နှုန်းကတော့ အနာဂတ်အလုပ်တွေမှာ AI သုံးရမှာကိုကြောက် နေကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

တကယ်တော့ အလုပ်အကိုင်ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက AI ကို ကျွမ်းကျင်အောင် လုပ်ထားတာပါပဲ။ ဒါပေမဲ့ သင်က AI ကို လုံးဝ မသုံးချင်ဘူးဆိုရင်တော့ သင့် Career ကို ကာကွယ်ဖို့ ဒီနည်းလမ်း (၃) ခုကို သုံးကြည့်ဖို့ Forbes မဂ္ဂဇင်းရဲ့ Careers Senior Contributor တဦးဖြစ်တဲ့ ကာရိုလိုင်း ဆဲနီးဇာ လီဗင်းက သူမရဲ့ ဆောင်းပါးထဲမှာ အခုလို အကြံပြုထားပါတယ်။

AI အစားထိုးဖို့ခက်တဲ့ အသက်မွေးဝမ်းကျောင်း လမ်းကြောင်းကို ရွေးပါ

အလုပ်စလုပ်မယ့်သူပဲ ဖြစ်ဖြစ်၊ အလုပ်ပြောင်းမယ့်သူပဲ ဖြစ်ဖြစ် AI နဲ့ အစားထိုးဖို့ ခက်ခဲတဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်နိုင်ပါတယ်။ AI ဒဏ်ခံနိုင်တဲ့ အလုပ်တွေကို ပစ်မှတ်ထားပါ။ ResumeNow ရဲ့ စာရင်းအရ ကျန်းမာရေးစောင့်ရှောက်မှု (Healthcare) နဲ့ လေကြောင်းလိုင်း (Air Transportation) လို နယ်ပယ်တွေက AI နဲ့ အစားထိုးဖို့ အခက်ဆုံး အလုပ်တွေထဲမှာ ပါပါတယ်။

နောက်တခုကကုမ္ပဏီအသေးစားလေးတွေမှာ အလုပ်လုပ်ပါ။ မိသားစုပိုင် ဆိုင်လေးတွေ၊ အဖွဲ့အစည်းငယ်လေးတွေဟာ AI သုံးဖို့ ဘတ်ဂျက် အများကြီး မရှိတတ်ကြပါဘူး။ ကုမ္ပဏီကြီးတွေပဲ လိုက်ရှာမယ့်အစား ဒီလို လုပ်ငန်းငယ်လေးတွေကို ရှာဖွေကြည့်ပါ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ငွေကြေးအခြေအနေ ခိုင်မာမှု ရှိ၊ မရှိကိုတော့ သေချာ စစ်ဆေးဖို့ လိုပါတယ်။ နောက်တခုက ကိုယ်ပိုင်အလုပ်လုပ်ဖို့ပါ။ ကျူရှင်ပြတာပဲဖြစ်ဖြစ်၊ အိမ်ဝန်ဆောင်မှုပေးတာပဲဖြစ်ဖြစ် ကိုယ်ပိုင်အလုပ် လုပ်မယ်ဆိုရင် AI ကို ဘယ်လောက်သုံးမလဲဆိုတာ ကိုယ်တိုင် စိတ်ကြိုက် ဆုံးဖြတ်လို့ ရပါတယ်။

ဝင်ငွေလမ်းကြောင်း ခွဲထားပါ (အလုပ်တစ်ခုတည်းအပေါ် မမှီခိုပါနဲ့)

အခြေအနေအရ AI သုံးရတဲ့ အလုပ်ကို လုပ်နေရရင်တောင် ကိုယ့်မှာ တခြားဝင်ငွေရှိနေရင် ငွေကြေးအရ လွတ်လပ်မှု (Financial Independence) ရှိလာမှာဖြစ်လို့ AI ကို ဘယ်လောက်အထိ လက်ခံမလဲဆိုတာ ကိုယ်တိုင် ရွေးချယ်နိုင်စွမ်း ရှိလာပါလိမ့်မယ်။

ဘေးပန်းအလုပ် (Side Hustle) လုပ်ပါ။ စန္ဒရားသင်ပေးတာ၊ စာရင်းကိုင်တာ ဒါမှမဟုတ် တခြား ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်တစ်ခုခုနဲ့ အပိုဝင်ငွေ ရှာထားပါ။ ဒါက အရင်းအနှီးလည်း မလိုသလို လိုသလို ချဲ့ထွင်လို့လည်း ရပါတယ်။

ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါ။ ရှယ်ယာတွေ၊ အိမ်ခြံမြေ ငှားခတွေလိုမျိုး အလုပ်လုပ်စရာ မလိုဘဲ ဝင်ငွေရမယ့် (Passive Income) လမ်းကြောင်းတွေ ဖန်တီးထားပါ။ အရင်းအနှီးနည်းရင်တောင် အခုကတည်းက စုဆောင်းပြီး စတင်ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

အသုံးစရိတ်ကို အစွန်းကုန် ချွေတာပါ။ အသုံးစရိတ်ကို လျှော့ချပြီး စုဆောင်းငွေ များအောင် လုပ်ပါ။ အိမ်ခန်း စပ်တူငှားနေတာ၊ စက်ဘီးစီးတာမျိုးတွေအပြင် အဝေးကနေ အလုပ်လုပ်လို့ရတဲ့ အလုပ်မျိုးဆိုရင် ကုန်ကျစရိတ်သက်သာတဲ့ တခြားနိုင်ငံတွေမှာ သွားရောက်နေထိုင်တာမျိုး (Working Abroad) လည်း လုပ်နိုင်ပါတယ်။

AI ကုမ္ပဏီတွေမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံပါ

ကိုယ်တိုင်က AI ကို အလုပ်မှာ မသုံးချင်ရင်တောင် AI ကဏ္ဍ တိုးတက်လာမှုကနေ ကိုယ်က ပိုက်ဆံပြန်ရအောင် လုပ်တဲ့ နည်းလမ်းပါ။ AI နယ်ပယ်ကို လေ့လာစောင့်ကြည့်ပါ။ AI ကုမ္ပဏီတွေအကြောင်း လေ့လာတာက ဗဟုသုတ တိုးစေသလို၊ နောက်ပိုင်း အလုပ်ပြောင်းတဲ့အခါမှာလည်း အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံထားရင် ပိုစိတ်ဝင်စားလာမယ်။ AI ကုမ္ပဏီတွေမှာ ကိုယ့်ပိုက်ဆံ ရင်းနှီးထားတဲ့အခါ ဒီနည်းပညာအပေါ် ပိုပြီး ရင်းနှီးကျွမ်းဝင်လာသလို၊ ကြောက်စိတ်လည်း လျော့နည်းသွားနိုင်ပါတယ်။အလုပ်မှာ AI မသုံးရရင်တောင် AI တိုးတက်မှုကနေ ရလာတဲ့ အမြတ်ငွေတွေကို ကိုယ့်ရဲ့ စုဆောင်းငွေထဲ ထည့်ထားနိုင်ပါတယ်။ ဒါမှမဟုတ် နောက်ပိုင်းမှာ AI ကို စိတ်ဝင်စားလာပြီး ကိုယ့်အလုပ်ထဲမှာပါ သုံးချင်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရင်တော့ သင်ဟာ AI ကို အလုပ်မှာ မသုံးချင်ဘူးဆိုရင် တခြား AI နည်းပါးတဲ့ အလုပ်တွေကို ရွေးတာပဲဖြစ်ဖြစ်၊ ဝင်ငွေလမ်းကြောင်း ခွဲထားတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် AI ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ် လုပ်ဆောင်ပြီး သင့်ရဲ့ အနာဂတ် Career ကို ကြိုတင် ကာကွယ်ထားနိုင်ပါတယ်။

ကျော့ကေခိုင်

zawgyi

အခုေခတ္ ေက်ာင္းၿပီးခါစ လူငယ္ေတြဟာ ေက်ာင္းတုန္းကေတာ့ AI ကို သုံးခဲ့ၾကေပမဲ့ တကယ္တမ္း အလုပ္ခြင္ထဲ ေရာက္တဲ့အခါမွာေတာ့ AI သုံးရမွာကို ေတာ္ေတာ္ေလး စိုးရိမ္ေနၾကပါတယ္။ Monster ကုမၸဏီရဲ႕ ၂၀၂၆ ဘြဲ႕ရလူငယ္မ်ားကို AI အဆင္သင့္ျဖစ္မႈ အစီရင္ခံစာအရ စစ္တမ္းေကာက္ၾကည့္တဲ့အခါမွာ ၈၉ရာခိုင္ႏႈန္း က AI ေၾကာင့္ အေျခခံအဆင့္ အလုပ္အကိုင္ေတြ ေပ်ာက္သြားမွာကို စိုးရိမ္ေနၾကတယ္ (ဒါဟာ ၂၀၂၅ တုန္းကထက္ ပိုမ်ားလာတာပါ)။ ၆၄ရာခိုင္ႏႈန္းက ေက်ာင္းမွာ သင္ခဲ့ရတာေတြဟာ အလုပ္ခြင္မွာ AI သုံးဖို႔ မလုံေလာက္ဘူးလို႔ ခံစားေနရတယ္လို႔ ဆိုထားပါတယ္။ ၅၈ ရာခိုင္ႏႈန္းကေတာ့ အနာဂတ္အလုပ္ေတြမွာ AI သုံးရမွာကိုေၾကာက္ ေနၾကတယ္လို႔ စစ္တမ္းက ေဖာ္ျပထားပါတယ္။

တကယ္ေတာ့ အလုပ္အကိုင္ကို ကာကြယ္ဖို႔ အေကာင္းဆုံးနည္းလမ္းက AI ကို ကြၽမ္းက်င္ေအာင္ လုပ္ထားတာပါပဲ။ ဒါေပမဲ့ သင္က AI ကို လုံးဝ မသုံးခ်င္ဘူးဆိုရင္ေတာ့ သင့္ Career ကို ကာကြယ္ဖို႔ ဒီနည္းလမ္း (၃) ခုကို သုံးၾကည့္ဖို႔ Forbes မဂၢဇင္းရဲ႕ Careers Senior Contributor တဦးျဖစ္တဲ့ ကာ႐ိုလိုင္း ဆဲနီးဇာ လီဗင္းက သူမရဲ႕ ေဆာင္းပါးထဲမွာ အခုလို အႀကံျပဳထားပါတယ္။

AI အစားထိုးဖို႔ခက္တဲ့ အသက္ေမြးဝမ္းေက်ာင္း လမ္းေၾကာင္းကို ေ႐ြးပါ

အလုပ္စလုပ္မယ့္သူပဲ ျဖစ္ျဖစ္၊ အလုပ္ေျပာင္းမယ့္သူပဲ ျဖစ္ျဖစ္ AI နဲ႔ အစားထိုးဖို႔ ခက္ခဲတဲ့ ေနရာေတြကို ရည္႐ြယ္ခ်က္ရွိရွိ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ AI ဒဏ္ခံႏိုင္တဲ့ အလုပ္ေတြကို ပစ္မွတ္ထားပါ။ ResumeNow ရဲ႕ စာရင္းအရ က်န္းမာေရးေစာင့္ေရွာက္မႈ (Healthcare) နဲ႔ ေလေၾကာင္းလိုင္း (Air Transportation) လို နယ္ပယ္ေတြက AI နဲ႔ အစားထိုးဖို႔ အခက္ဆုံး အလုပ္ေတြထဲမွာ ပါပါတယ္။

ေနာက္တခုကကုမၸဏီအေသးစားေလးေတြမွာ အလုပ္လုပ္ပါ။ မိသားစုပိုင္ ဆိုင္ေလးေတြ၊ အဖြဲ႕အစည္းငယ္ေလးေတြဟာ AI သုံးဖို႔ ဘတ္ဂ်က္ အမ်ားႀကီး မရွိတတ္ၾကပါဘူး။ ကုမၸဏီႀကီးေတြပဲ လိုက္ရွာမယ့္အစား ဒီလို လုပ္ငန္းငယ္ေလးေတြကို ရွာေဖြၾကည့္ပါ။ ဒါေပမဲ့ ကုမၸဏီရဲ႕ ေငြေၾကးအေျခအေန ခိုင္မာမႈ ရွိ၊ မရွိကိုေတာ့ ေသခ်ာ စစ္ေဆးဖို႔ လိုပါတယ္။ ေနာက္တခုက ကိုယ္ပိုင္အလုပ္လုပ္ဖို႔ပါ။ က်ဴရွင္ျပတာပဲျဖစ္ျဖစ္၊ အိမ္ဝန္ေဆာင္မႈေပးတာပဲျဖစ္ျဖစ္ ကိုယ္ပိုင္အလုပ္ လုပ္မယ္ဆိုရင္ AI ကို ဘယ္ေလာက္သုံးမလဲဆိုတာ ကိုယ္တိုင္ စိတ္ႀကိဳက္ ဆုံးျဖတ္လို႔ ရပါတယ္။

ဝင္ေငြလမ္းေၾကာင္း ခြဲထားပါ (အလုပ္တစ္ခုတည္းအေပၚ မမွီခိုပါနဲ႔)

အေျခအေနအရ AI သုံးရတဲ့ အလုပ္ကို လုပ္ေနရရင္ေတာင္ ကိုယ့္မွာ တျခားဝင္ေငြရွိေနရင္ ေငြေၾကးအရ လြတ္လပ္မႈ (Financial Independence) ရွိလာမွာျဖစ္လို႔ AI ကို ဘယ္ေလာက္အထိ လက္ခံမလဲဆိုတာ ကိုယ္တိုင္ ေ႐ြးခ်ယ္ႏိုင္စြမ္း ရွိလာပါလိမ့္မယ္။

ေဘးပန္းအလုပ္ (Side Hustle) လုပ္ပါ။ စႏၵရားသင္ေပးတာ၊ စာရင္းကိုင္တာ ဒါမွမဟုတ္ တျခား ကိုယ္ကြၽမ္းက်င္တဲ့ ပညာရပ္တစ္ခုခုနဲ႔ အပိုဝင္ေငြ ရွာထားပါ။ ဒါက အရင္းအႏွီးလည္း မလိုသလို လိုသလို ခ်ဲ႕ထြင္လို႔လည္း ရပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ထားပါ။ ရွယ္ယာေတြ၊ အိမ္ၿခံေျမ ငွားခေတြလိုမ်ိဳး အလုပ္လုပ္စရာ မလိုဘဲ ဝင္ေငြရမယ့္ (Passive Income) လမ္းေၾကာင္းေတြ ဖန္တီးထားပါ။ အရင္းအႏွီးနည္းရင္ေတာင္ အခုကတည္းက စုေဆာင္းၿပီး စတင္ရင္းႏွီးျမႇဳပ္ႏွံသင့္ပါတယ္။

အသုံးစရိတ္ကို အစြန္းကုန္ ေခြၽတာပါ။ အသုံးစရိတ္ကို ေလွ်ာ့ခ်ၿပီး စုေဆာင္းေငြ မ်ားေအာင္ လုပ္ပါ။ အိမ္ခန္း စပ္တူငွားေနတာ၊ စက္ဘီးစီးတာမ်ိဳးေတြအျပင္ အေဝးကေန အလုပ္လုပ္လို႔ရတဲ့ အလုပ္မ်ိဳးဆိုရင္ ကုန္က်စရိတ္သက္သာတဲ့ တျခားႏိုင္ငံေတြမွာ သြားေရာက္ေနထိုင္တာမ်ိဳး (Working Abroad) လည္း လုပ္ႏိုင္ပါတယ္။

AI ကုမၸဏီေတြမွာ ျပန္ၿပီး ရင္းႏွီးျမႇဳပ္ႏွံပါ

ကိုယ္တိုင္က AI ကို အလုပ္မွာ မသုံးခ်င္ရင္ေတာင္ AI က႑ တိုးတက္လာမႈကေန ကိုယ္က ပိုက္ဆံျပန္ရေအာင္ လုပ္တဲ့ နည္းလမ္းပါ။ AI နယ္ပယ္ကို ေလ့လာေစာင့္ၾကည့္ပါ။ AI ကုမၸဏီေတြအေၾကာင္း ေလ့လာတာက ဗဟုသုတ တိုးေစသလို၊ ေနာက္ပိုင္း အလုပ္ေျပာင္းတဲ့အခါမွာလည္း အေထာက္အကူ ျဖစ္ေစႏိုင္ပါတယ္။

ရင္းႏွီးျမႇဳပ္ႏွံထားရင္ ပိုစိတ္ဝင္စားလာမယ္။ AI ကုမၸဏီေတြမွာ ကိုယ့္ပိုက္ဆံ ရင္းႏွီးထားတဲ့အခါ ဒီနည္းပညာအေပၚ ပိုၿပီး ရင္းႏွီးကြၽမ္းဝင္လာသလို၊ ေၾကာက္စိတ္လည္း ေလ်ာ့နည္းသြားႏိုင္ပါတယ္။အလုပ္မွာ AI မသုံးရရင္ေတာင္ AI တိုးတက္မႈကေန ရလာတဲ့ အျမတ္ေငြေတြကို ကိုယ့္ရဲ႕ စုေဆာင္းေငြထဲ ထည့္ထားႏိုင္ပါတယ္။ ဒါမွမဟုတ္ ေနာက္ပိုင္းမွာ AI ကို စိတ္ဝင္စားလာၿပီး ကိုယ့္အလုပ္ထဲမွာပါ သုံးခ်င္လာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

အခ်ဳပ္အားျဖင့္ဆိုရင္ေတာ့ သင္ဟာ AI ကို အလုပ္မွာ မသုံးခ်င္ဘူးဆိုရင္ တျခား AI နည္းပါးတဲ့ အလုပ္ေတြကို ေ႐ြးတာပဲျဖစ္ျဖစ္၊ ဝင္ေငြလမ္းေၾကာင္း ခြဲထားတာပဲျဖစ္ျဖစ္၊ ဒါမွမဟုတ္ AI က႑မွာ ရင္းႏွီးျမႇဳပ္ႏွံတာပဲျဖစ္ျဖစ္ လုပ္ေဆာင္ၿပီး သင့္ရဲ႕ အနာဂတ္ Career ကို ႀကိဳတင္ ကာကြယ္ထားႏိုင္ပါတယ္။

ေက်ာ့ေကခိုင္

Be the first to comment

Leave a Reply

Your email address will not be published.


*