Business Plan ရေးဆွဲဖို့ အသုံးချနိုင်တဲ့ AI Tools များ

December 7, 2023 Aung Khant Mon 0

Business Plan ရေးဆွဲတာက အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်ပြီး တချို့သောရင်းနှီးမြှုပ်နှံသူတွေနဲ့ငွေကြေးထုတ်ပေးတဲ့ဌာနတွေက ကိုယ့်ရဲ့ Business Plan ကိုအရင်ဆုံးမြင်တွေ့လိုကြပါတယ်။လုပ်ငန်းတစ်ခုရဲ့ Business Plan ကိုမြင်တွေ့ပြီးမှ အားလုံးကပူးပေါင်းဖို့၊ ပါဝင်ဖို့စိတ်ဝင်စားလာကြတာသဘာဝပါ။ စွန့်ဦးတီထွင်သူတော်တော်များများက Business Plan ရေးဆွဲတာကို ဝန်ထုပ်ဝန်ပိုးတစ်ခုလိုခံစားကြရပြီးဘာတွေပါဝင်ရမယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုမသိတာ၊ ဘယ်လိုအိုင်ဒီယာထုတ်ရမယ်ကိုမသိတာတွေကြောင့် စိတ်ဖိစီးကြရတာဖြစ်ပါတယ်။ဒီလိုပြဿနာတွေကို ကူညီပေးနိုင်ဖို့ Business Plan ဆွဲပေးတဲ့ […]

ပိတ်ရက်ရှည်တွေကြောင့် ကိုယ့်အလုပ်မထိခိုက်ရလေအောင်

December 7, 2023 Aung Khant Mon 0

ခရစ္စမတ်နဲ့ New Year ပိတ်ရက်တွေ၊ မြန်မာနှစ်သစ်ကူးပိတ်ရက်တွေလိုရက်ရှည်ပိတ်ရက်တွေကြုံလာတဲ့အခါ ကိုယ့်အလုပ်မထိခိုက်ရ အောင်၊အရင်လိုပဲအဆင်ပြေပြေချောချောမွေ့မွေ့ဆက်သွားနိုင်အောင် ဘာတွေလုပ်ဆောင်သင့်ပါသလဲ။သူသူကိုယ်ကိုယ်အားလုံးနားချင်ကြတဲ့ပိတ်ရက်ရှည်တွေမှာ ကိုယ့်ရဲ့လုပ်ငန်းကနားပစ်လိုက်လို့မရတဲ့အခါကြိုတင်ပြင်ဆင်တတ်ခြင်းက အရေးကြီးတဲ့နေရာကပါဝင်လာပါတယ်။ ဒါကြောင့်ဘာတွေလုပ်ဆောင်သင့်လဲဆိုတာကိုအတူတူ စဉ်းစားကြည့်ရအောင်။ စောစော Plan ချပါ ပိတ်ရက်တွေအတွင်းမှာ ဝန်ထမ်းတွေကို အချိန်ဇယားဆွဲပေးတာ၊ အလုပ်တာဝန်တွေခွဲပေးတာကခပ်စောစောကတည်းကစတင်ရမယ့်အလုပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေအတွက်အချိန်နဲ့တာဝန်ညှိနှိုင်းတာကို စောစောဆောင်ရွက်နိုင်မှဝန်ထမ်းတွေကလည်းလုပ်ကိုင်ဖို့အဆင် ပြေမပြေသိနိုင်ပြီး ပိတ်ရက်တွေအတွက်အကောင်းဆုံးစီမံနိုင်မှာဖြစ်ပါတယ်။ ဒီအချိန်မှာ တစ်ဦးချင်းရဲ့နားလည်မှုနဲ့ […]

ကိုယ့်ဝါသနာကို Business အဖြစ်ပြောင်းလဲနိုင်ဖို့

December 6, 2023 Aung Khant Mon 0

လူတိုင်းလူတိုင်းမှာမတူညီတဲ့ ဝါသနာကိုယ်စီရှိတတ်ကြပါတယ်။တချို့တွေက အားလပ်ချိန်မှာကိုယ်ဝါသနာပါတာလေးတွေလုပ်ရင်းစိတ်ချမ်းသာမှုကိုရှာဖွေကြပါတယ်။နိုင်ငံတကာကလူငယ်တွေကတော့ ကိုယ်ဝါသနာပါတဲ့အရာကနေ ဝင်ငွေရဖို့ Hobby to Business ကို အမြဲစဉ်းစားလေ့ရှိကြပါတယ်။လူတစ်ယောက်မှာ ဝါသနာပါတဲ့အရာတစ်ခုရှိတယ်၊ ဒီဝါသနာဟာကျွမ်းကျင်တဲ့အဆင့်ရောက်လာတယ်၊ငွေရှာဖွေလို့လည်းရနိုင်တယ်ဆိုရင် ဝါသနာအဆင့်မှာတင်ရပ်တန့်မနေဘဲဝင်ငွေရတဲ့ကိုယ်ပိုင်စီးပွားရေးဖြစ်အောင်ပြောင်းလဲကြည့်သင့်ပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှု၊ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာကို ဘေးနားက Technique တွေ Skills တွေနဲ့ခြံရံလိုက်တဲ့အခါအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်လာနိုင်ပါတယ်။ဟင်းချက်ဝါသနာပါရာကနေ စားကောင်းတဲ့မီနူးတွေဖန်တီးရောင်းချရင်းသူဌေးဖြစ်သွားသူတွေလည်းရှိပါတယ်။ ဒီလိုဝါသနာကနေ Business ဆီကူးပြောင်းတဲ့အခါအဓိကစဉ်းစားသင့်တဲ့အချက်က ကိုယ့်ဝါသနာ၊ကိုယ်လုပ်နိုင်တဲ့အရာက ဈေးကွက်လိုအပ်ချက်ဖြစ်နိုင်မလားဆိုတာပါ။ […]

Online ကနေ အင်တာဗျူးဖြေချိန်မှာ ဘာအရေးအကြီးဆုံးလဲ

December 5, 2023 Aung Khant Mon 0

Online ကနေ အင်တာဗျူးဖြေရတာဟာလည်း လူကိုယ်တိုင်အင်တာဗျူးခန်းထဲဝင်ပြီးဖြေရသလိုမျိုးပဲစိတ်လှုပ်ရှားစရာကောင်းသလို စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်။ကိုယ့်ကို Skype ၊ Zoom နဲ့ HireVue တို့ကနေ အင်တာဗျူးတာ၊ ဖုန်းကောလ်နဲ့တင်အင်တာဗျူးတာ ဒါမှမဟုတ် ကြိုတင်ရိုက်ကူးထားတဲ့ဗီဒီယိုကိုပြသရတာ အားလုံးဟာ Online အင်တာဗျူးထဲအကျုံးဝင်ပါတယ်။ဒါတွေကိုဘယ်လိုအ ဆင်ပြေပြေကျော်လွှားမလဲဆိုတာက အရေးကြီးတဲ့ဒီအချက် (၁၀) ချက်ပေါ်မူတည်ပါတယ်။ Software ပထမအရေးအကြီးဆုံးအချက်ကတော့ အင်တာဗျူးဖြေဖို့အသုံးပြုရမယ့် […]

ကိုယ့်အတွက် Recommendation Letter ရေးပေးဖို့ဘယ်လိုတောင်းဆိုရမလဲ

December 3, 2023 Aung Khant Mon 0

ကိုယ့်အတွက်အလုပ်နဲ့ပတ်သက်တဲ့ထောက်ခံစာလို့ခေါ်ရမယ့် Recommendation Letter တစ်စောင်ဟာအလုပ်လျှောက်သူတွေအများကြီးကြားမှာ ကိုယ့်ကိုပိုပြီးအသာစီးရစေပါတယ်။ထောက်ခံစာတစ်စောင်ဟာ ကိုယ့်ရဲ့အရည်အချင်းကိုအရှိအတိုင်းဖော်ပြထားရမှာဖြစ်သလိုပိုပိုသာသာတွေရေးထားတာမဟုတ်တဲ့ ၊အများကလက်ခံနိုင်တဲ့ သဘာဝကျတဲ့အနေအထားရှိရမှာဖြစ်ပါတယ်။ ဒီတော့ ကိုယ့်အ တွက်ထောက်ခံစာတစ်စောင်ရဖို့ဘယ်သူတွေဆီကတောင်းခံရမလဲ၊ ဘယ်လိုတောင်းခံရမလဲ ဆိုတာလေးတွေကိုမျှဝေပေးချင်ပါတယ်။ အလုပ်အတွက် Recommendation Letter တောင်းတယ်ဆိုရင် ကိုယ်ရဲ့အလုပ်ဟောင်းဆီကနေတောင်းခံရတာဖြစ်ပြီး အလုပ်မှာရှိတဲ့တခြားလုပ်ဖော်ကိုင်ဖက်တွေဆီကလည်းထောက်ခံချက်လက်မှတ်တွေ ရယူနိုင်ပါတယ်။ Recommendation Letter ကောင်းကောင်းရဖို့အတွက် ဒီအဆင့်တွေအတိုင်းလုပ်ဆောင်ကြည့်ပါ။ – […]

သင့်ရဲ့ Career ရွေးချယ်မှုအတွက်တလွဲအကြံပေးလေ့ရှိသူ ၅ မျိုး

December 2, 2023 Aung Khant Mon 0

ဘယ် Career နဲ့ဘဝရပ်တည်ရမလဲ၊ ဘာလုပ်ရင်ကောင်းမလဲဆိုတာကလူငယ်တော်တော်များများအလေးအနက်ထား စဉ်းစားရလေ့ရှိတဲ့အရာဖြစ်ပါတယ်။ တချို့တွေကကိုယ်ဘာနဲ့အသက်မွေးဝမ်းကျောင်းလုပ်ချင်တာလဲဆိုတာကို တိတိကျကျသိသလိုမိဘကလည်းပံ့ပိုးနိုင်တယ်ဆိုရင် အေးအေးဆေးဆေးကိုယ်လုပ်စရာရှိတာဆက်လုပ်သွားလို့ရပါတယ်။ဒါပေမဲ့ တချို့တွေက ဘာနဲ့အသက်မွေးရင်ကောင်းမလဲဆိုတာကို ဝေဝါးနေရတာမျိုးလည်းရှိပါတယ်။ဒီလိုအချိန်မျိုးမှာ ဒီလူ ၅ မျိုးပေးတဲ့အကြံတွေကိုတော့ အဟုတ်မှတ်ပြီးအတည်မယူဖို့ လေ့လာသူတွေကပြောပြထားကြပါတယ်။ Career နဲ့ပတ်သက်ရင် ကိုယ့်ကိုအဲဒီလိုတလွဲအကြံဉာဏ်ပေးလေ့ရှိတတ်သူတွေကဘယ်သူတွေလဲဆိုတော့ …. Career Counselors – ၈% ဟုတ်ပါတယ်။ […]

Productivity ကောင်းဖို့ Email Inbox ကိုဘယ်လိုရှင်းလင်းထားကြမလဲ

November 30, 2023 Aung Khant Mon 0

တခြားသော Professional တွေလိုပဲ ကိုယ့်ရဲ့အီးမေးလ်အကောင့်ထဲကို တစ်နေ့တစ်နေ့မေးလ်တွေရာချီပြီးဝင်နေတယ်ဆိုပါစို့။အရေးကြီးတဲ့မေးလ်တွေကိုမတွေ့လိုက်ဘဲကျော်သွားတာမျိုးမဖြစ်ရအောင်၊စိတ်ပူပန်မှုတွေနဲ့ Inbox ကိုပြူးတူးပြဲတဲကြည့်မနေရအောင် ဘယ်လိုစီမံကြပါသလဲနော်။ကိုယ့်ဆီရောက်လာနေတဲ့ မေးလ်တွေဖတ်ရင်းနဲ့ပဲအချိန်တွေနေ့တဝက်လောက်ကုန်သွားတာမျိုးမဖြစ်ရအောင် စီမံတတ်ဖို့လည်းလိုပါတယ်။အခုဖော်ပြပေးမယ့်အချက်တွေကတော့ ကိုယ့်ရဲ့ Email Inbox ကိုသပ်သပ်ရပ်ရပ်ရှင်းရှင်းလင်းလင်းထားတတ်ဖို့၊ အီးမေးလ်အတွက်ကိုယ့်ရဲ့အလုပ်ချိန်တွေ၊စွမ်းအင်တွေပဲ့ပါသွားတာမျိုးမဖြစ်ရအောင် စနစ်တကျသုံးနိုင်စေဖို့အကြံဉာဏ်ကောင်းလေးတွေပဲဖြစ်ပါတယ်။ Folders နဲ့ Labels တွေခွဲပါ Email Inbox ကိုအသပ်ရပ်ဆုံးဖြစ်စေတဲ့နည်းကတော့ မတူညီတဲ့အခန်းကဏ္ဍတွေအတွက် Folders […]

Gen Z တွေနဲ့အလုပ်လုပ်တော့မယ်ဆိုရင်

November 29, 2023 Aung Khant Mon 0

Generation Z လို့ခေါ်တဲ့ Gen Z တွေဟာ အရင့်အရင် Generation တွေနဲ့မတူဘဲနည်းပညာခေတ်မှာတိုးဝင်အလုပ်လုပ်ကြရသူတွေပါ။ စူးစမ်းလေ့လာချက်တွေအရ Gen Z တွေဟာကိုယ်ချင်းစာမှုနဲ့ရိုးသားမှုကို ဦးစားပေးသူတွေဖြစ်တယ်လို့သိရပါတယ်။ သူတို့တွေကသူ ဌေးကိုပွင့်လင်းမြင်သာမှုရှိရှိနဲ့ လေးလေးစားစားစကားပြောဆိုချင်တတ်ကြပါတယ်။သူတို့ရဲ့ လုပ်ငန်းခွင်ကိုလည်း အခွင့်အလမ်းတွေ၊ လေ့လာစရာတွေရှိနေစေချင်ကြပါတယ်။ အလုပ်မှာနောက်ဆုံးပေါ်နည်းပညာတွေရှိနေတာ၊ အလုပ်ချိန်ညှိနှိုင်းလုပ်ကိုင်လို့ရတာမျိုးက သူတို့မက်မောတဲ့အရာထဲပါဝင်နေပါတယ်။ ကိုယ်က Gen […]

စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိခြင်းကအားကျလောက်စရာ Skill တစ်ခုပါ

November 27, 2023 Aung Khant Mon 0

Deadline အမီပြီးရမယ့်အလုပ်တွေ၊ အစည်းအဝေးတွေ၊လိုချင်တဲ့ရလဒ်ထွက်လာအောင်လုပ်ရမယ့်အရာတွေ၊ မိသားစုအရေးကိစ္စတွေကြောင့်ဖြစ်လာရတဲ့စိတ်ဖိစီးမှုတွေဟာလူတွေကို စိတ်ပျက်၊ စိတ်ဓာတ်ကျစေတာမှန်ပါတယ်။ ဒါပေမဲ့စိတ်ဖိစီးမှုကိုကောင်းကောင်းကိုင် တွယ်နိုင်ခြင်းက အောင်မြင်မှုဆီမြန်မြန်ရောက်စေနိုင်တဲ့အရည်အချင်းတစ်ခုဖြစ်လို့နေပြန်ပါတယ်။စိတ်ဖိစီးမှုများပေမယ့် စိတ်ကိုထိန်းနိုင်ခြင်း၊ အလုပ်တွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်းကခေါင်းဆောင်တစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေပါ။ ဒါကြောင့်လည်းစိတ်ဖိစီးမှုကိုအကောင်းဆုံးဘယ်လိုစီမံကြမလဲ၊ ခံနိုင်ရည်ရှိလာအောင်ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကို သိထားသင့်ပါတယ်။ Stress Management အတွက်အဓိကအရေးကြီးတဲ့အရာက ရှုမြင်ပုံပြောင်းဖို့ပါ။ Stress ဟာ ရည်မှန်းချက်ရှိခြင်းရဲ့သဘာဝထုတ်ကုန်ပါ        […]

အလုပ်ရွေးတဲ့အခါ ဘယ်တော့မှတစ်ခဏလို့မတွေးပါနဲ့

November 26, 2023 Aung Khant Mon 0

ဆယ်ကျော်သက်အရွယ်လူငယ်လေးတွေထဲမှာ ဘွဲ့တစ်ခုရလို့လုပ်ငန်းခွင်ဝင်မယ်ဆိုတဲ့အခါကိုယ့်အနာဂတ်အတွက်အများကြီးစဉ်းစားသူရှိသလို ရရာလုပ်မယ်၊ ပိုက်ဆံရရင်ပြီးတာပဲလို့တွေးထားသူတွေလည်းရှိမှာပါ။ အဝေးကြီးမစဉ်းစားဘူးဆိုတာထက် ဘဝအခြေအနေကြောင့်စဉ်းစားခွင့်မရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် အလုပ်တစ်ခုခုဝင်လုပ်တော့မယ်ဆိုရင်သေသေချာချာစဉ်းစားရွေးချယ်ခြင်းကသာ အမှန်ကန်ဆုံးပါပဲ။ ငယ်သေးတဲ့အရွယ်တွေမှာသူငယ်ချင်းနဲ့အတူတူအလုပ်လုပ်ရမှာမို့၊ သိပ်မပင်ပန်းလို့၊ အတွေ့အကြုံရရင်ပြီးရောဆိုတဲ့အတွေးလေးတွေတွေးမိကြတာအမှန်ပါ။ ကိုယ်ကအချိန်ယူပြင်ဆင်နိုင်သေးတဲ့အနေအထားရှိတယ်၊ မဖြစ်မနေပိုက်ဆံရှာဖို့ မလိုသေးဘူးဆိုရင် ဒီလိုကလေးအတွေးတွေကိုပယ်ဖျက်ပြီးကိုယ့် Career အတွက်သေသေချာချာပြင် ဆင်စေချင်ပါတယ်။ ငါခဏဝင်လုပ်လိုက်မယ်၊ ပြီးမှ သင်တန်းလေးထပ်တက်ပြီးကိုယ်လုပ်ချင်တဲ့လိုင်းကိုကူးတော့မယ်ဆိုတဲ့အတွေးဟာလည်းလက်တွေ့မှာဖြစ်လာဖို့ခက်ခဲတတ်ပါတယ်။ အမျိုးမျိုးသောအခြေအနေတွေကြောင့်အလုပ်ကနေမထွက်နိုင်တော့တာ၊ နေရာတစ်ခုရလာလို့ […]