အောင်မြင်မှုရဖို့ Talent ရှိရုံနဲ့လုံလောက်ပြီလား
Talent ဆိုတာမိမိနဲ့အတူမွေးဖွားလာတဲ့အရာ၊ ဘုရားကပေးတဲ့လက်ဆောင်လို့လည်းဆိုနိုင်ပါတယ်။အားကစားနယ်ပယ်က ကြယ်ပွင့်တွေ၊ အသက်ငယ်ငယ်လေးနဲ့ လူကြီးတွေ လက်ဖျားခါလောက်အောင်တီးပြနိုင်တဲ့စန္ဒရားပညာရှင်လေးတွေ၊ စာကိုတစ်ချက်လေးပဲကြည့်ပြီးအမှတ်ပြည့်ရအောင်ဖြေနိုင်တဲ့ဉာဏ်ကြီးရှင်လေးတွေ ဒါတွေကထူးခြားတဲ့ပါရမီတွေနဲ့မွေးဖွားလာသူတွေဖြစ်ပါတယ်။အလုပ်လုပ်တဲ့နေရာမှာ၊ တစ်ခုခုကိုအောင်မြင်အောင်လုပ်တဲ့နေရာမှာ Talent ရှိရုံနဲ့အောင်မြင်နိုင်လားဆိုတဲ့အရာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အ ဖြေကလည်းလွယ်ကူရိုးရှင်းပါတယ်။ ကြိုးစားမှုနဲ့ ဇွဲရှိမှုမပါဘဲ အောင်မြင်မှုကိုရယူနိုင်ဖို့ခက်တယ်ဆိုတာပါပဲ။အရည်အချင်းတစ်ခုကိုအားကိုးတာက အချိန်အတိုင်းအတာတစ်ခုအထိနေရာတစ်ခုမှာရပ်တည်နိုင်အောင် ဆွဲခေါ်ပေးနိုင်တာမှန်ပေမယ့် ဇွဲရှိသူနဲ့ကြိုးစားမှုရှိသူ၊ အမြဲတမ်းလေ့လာသင်ယူနေသူကသာ အဆုံးမှာအောင်မြင်မှုကိုရရှိနိုင်တာဖြစ်ပါတယ်။ သွေး၊ချွေးနဲ့ရင်းပြီးကြိုးစားရယူခဲ့ရတဲ့အောင်မြင်မှုကသာကိုယ့်ကိုအမှန်တကယ်ကျေနပ်ဂုဏ်ယူစေမှာဖြစ်ပါတယ်။ ဘတ်စကစ်ဘောသမား […]