5 နှစ်အကြာမှာပြိုကွဲသွားတဲ့ Cherry Bullet အဖွဲ့

April 23, 2024 Aung Khant Mon 0

အမျိုးသမီးအဖွဲ့ဝင် 7 ယောက်ပါဝင်တဲ့ Cherry Bullet အဖွဲ့ဟာ 5 နှစ်အကြာမှာအဖွဲ့ကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ ဧပြီလ 22 ရက်နေ့မှာပဲ သူတို့ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment က ဒီသတင်းကိုထုတ်ပြန်ခဲ့တာပါ။ Cherry Bullet အဖွဲ့မှာပါဝင်တဲ့ Haeyoon ၊ Jiwon ၊ Remi နဲ့ […]

အလုပ်လျှောက်ချိန်ကြုံရနိုင်တဲ့ Personality Test တွေကိုဘယ်လိုကျော်လွှားမလဲ

April 23, 2024 Aung Khant Mon 0

တချို့သောအလုပ်တွေ၊ အဖွဲ့အစည်းတွေမှာ အလုပ်လျှောက်သူကို Personality Test သီးသန့်စစ်လေ့ရှိကြပါတယ်။ ဒီလိုကိုယ်ရည်ကိုယ်သွေးစစ်ဆေးတာမျိုးကို ကြုံလာခဲ့မယ်ဆိုရင်ဘယ်လိုမေးခွန်းတွေကိုဘယ်လိုဖြေဆိုကြမလဲ၊ သတိလက်လွတ်အမှားမပါသွားစေဖို့ဘယ်အချက်တွေကိုသိထားရမလဲဆိုတာ အတွေ့အကြုံရှိသူတွေက အခုလိုအကြံပြုထားကြပါတယ်။ Personality Test ဆိုတာဘာလဲ အလုပ်ရှင်တွေက ကိုယ့်ကိုအလုပ်မခန့်ခင် ကိုယ်ဟာဘယ်လိုလူစားလဲ၊ဘယ်လိုဝန်ထမ်းမျိုးဖြစ်မလဲဆိုတာကို သိရှိနိုင်ဖို့အတွက်ပြင်ဆင် ထားတဲ့မေးခွန်းတွေကိုဖြေခိုင်းခြင်းဖြစ်ပါတယ်။ကိုယ်ပေးလိုက်တဲ့အဖြေတွေက လုပ်ငန်းခွင်အတွင်းကြုံလာရနိုင်တဲ့ကိစ္စရပ်တွေအပေါ် ကိုယ်ဘယ်လိုတုံ့ပြန်မလဲ၊ ကိုင်တွယ်မလဲဆိုတာကိုဖော်ပြနေပြီးပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်နေတတ်သူ၊ ဆက်သွယ်ပြောဆိုရာမှာတော်သူ၊ဝန်ထမ်းကောင်းစိတ်ဓာတ်ရှိသူဟုတ်၊မဟုတ်ကိုလည်းပြသနေတာဖြစ်ပါတယ်။ Personality Test […]

သရုပ်ဆောင်ကောင်းတယ်လို့ ကိုရီးယားပရိသတ်တွေရဲ့ချီးကျူးတာခံနေရတဲ့ ကင်မ်ဂျီဝမ်

April 22, 2024 Aung Khant Mon 0

Queen of Tears (Episode 14) အပြီးမှာတော့ သရုပ်ဆောင်အရမ်းကောင်းတယ်လို့မှတ်ချက်ပေးခံရသူက မင်းသမီးကင်မ်ဂျီဝမ်ပဲဖြစ်ပါတယ်။ Episode 14 ထုတ်လွှင့်ရာမှာသူမရဲ့ငိုကြွေးတဲ့အခန်းက အရမ်းကိုပီပြင်လွန်းပြီးအစစ်လို့တောင်ထင်မိတယ်လို့ ကိုရီးယားပရိသတ်တွေက တုံ့ပြန်ခဲ့ကြတာပါ။ “သူမအရမ်းတော်လာတယ်နော်” “သရုပ်ဆောင်နေတယ်လို့တောင်မထင်ဘူး၊ တကယ်ဖြစ်ပျက်နေသလိုပဲ” “သူ့ကိုကြည့်ပြီးကိုယ်ပါလိုက်ငိုမိတယ်” စတဲ့ Comment တွေရေးခဲ့ကြတာပါ။ ကင်မ်ဂျီဝမ်သာ အသက် ၃၁ နှစ်ရှိပြီး […]

တေလာဆွပ်ဖ်ရဲ့အယ်လ်ဘမ်အသစ်အပေါ် ချစ်သူဟောင်းလေး Matty ဘယ်လိုတုံ့ပြန်သလဲ

April 22, 2024 Aung Khant Mon 0

တေလာဆွပ်ဖ်ရဲ့မကြာခင်ကဖြန့်ချိခဲ့တဲ့ The Tortured Poets Department (TTPD) အယ်လ်ဘမ်ဟာသီချင်း 31 ပုဒ်ပါဝင်ပြီး တစ်ရက်အတွင်း Stream အများဆုံးအယ်လ်ဘမ်အဖြစ်စံချိန်တင်သွားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ 10ချပ်မြောက်အယ်လ်ဘမ်ဖြစ်တဲ့ Midnights ထက် Stream စံချိန်ချိုးသွားခဲ့ပြီး pre-order မှာယူမှုအများဆုံးအဖြစ်လည်းစံချိန်တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့စိတ်ခံစားချက်၊ အတွေးအမြင်၊အချစ်ရေး အားလုံးကို သီချင်းထဲထည့်ရေးလေ့ရှိတဲ့ တေလာကသူမရဲ့အယ်လ်ဘမ်အသစ်မှာ […]

အောင်မြင်မှုဆီတွန်းပို့ပေးမယ့် ၂ မိနစ်စည်းမျဉ်း

April 22, 2024 Aung Khant Mon 0

New York Times ရဲ့အရောင်းရဆုံးစာအုပ်ဖြစ်တဲ့ Atomic Habits ကိုရေးသားသူ James Clear ကအမူအကျင့်ပြောင်းလဲဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုကို ဟောပြောပွဲတစ်ခုမှာမျှဝေခဲ့ပါတယ်။ James Clear ဟာ ဟောပြောသူတစ်ယောက်၊ စာရေးဆရာတစ်ယောက်ဖြစ်တဲ့အပြင် သူရေးသားတဲ့ Atomic Habits စာအုပ်ဟာလည်း ၁၅ သန်းကျော် ပုံနှိပ်ရောင်းချခဲ့ရတာဖြစ်ပါတယ်။ Atomic […]

တစ်ကိုယ်တော်သီချင်းတွေနဲ့ပရိသတ်ဆီပြန်လာမယ့် Twice မှ Nayeon

April 11, 2024 Aung Khant Mon 0

Twice အဖွဲ့မှ Nayeon တစ်ယောက် ဇွန်လမှာတစ်ကိုယ်တော်သီချင်းတွေထွက်ရှိမယ်လို့ ဧပြီ 9 ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ 2022 ခုနစ်ကထွက်ရှိခဲ့တဲ့ ‘IM NAYEON’ Solo Album အပြီး 2 နှစ်အကြာမှ သီချင်းသစ်ထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။ သူမဟာ Twice အဖွဲ့ဝင်တွေထဲမှာပထမဆုံး Solo Album ထွက်ရှိနိုင်ခဲ့သူဖြစ်ပြီး […]

အသက် 70 ပြည့်သွားပြီဖြစ်တဲ့ဂျက်ကီချန်း

April 11, 2024 Aung Khant Mon 0

ဧပြီလ 7 ရက်နေ့မှာ အသက် 70 ပြည့်သွားပြီဖြစ်တဲ့ ဂျက်ကီချန်းက သူ့ရဲ့ငယ်စဥ်ကဓာတ်ပုံတွေကို Instagram မှာ မွေးနေ့အမှတ်တရအဖြစ်မျှဝေလာခဲ့တာပါ။“သိပ်မကြာခင်တုန်းက ကျွန်တော်အရမ်းအိုစာနေတဲ့ပုံတွေ၊ ဆံပင်တွေဖြူဖွေးနေတဲ့ပုံတွေကိုအင်တာနက်မှာတွေ့ရမှာပါ။ အဲဒီပုံတွေက ကျွန်တော်ဇာတ်ကားရိုက်ဖို့အတွက် ပြင်ဆင်ထားတဲ့ပုံတွေပါ။ Character တစ်ခုအတွက်ပုံတွေပါ။ ဆံပင်နဲ့မုတ် ဆိတ်တွေဖြူရမယ်၊အိုမင်းနေရမယ်ဆိုလို့ပြင်ထားရတာပါ။ ကျွန်တော်ကျန်းမာရေးကောင်းပါတယ်။ မစိုးရိမ်ကြပါနဲ့နော်”ဆိုပြီး ပရိသတ်တွေကိုအသိပေးလာခဲ့တာ ဖြစ်ပါတယ်။ “အသက်အရွယ်အိုမင်းလာတယ်ဆိုတာကလည်း […]

လုပ်ငန်းခွင်မှာစိတ်ထိန်းချုပ်နိုင်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ

April 11, 2024 Aung Khant Mon 0

အလုပ်မှာဒေါသကိုမထိန်းချုပ်နိုင်ဘဲပေါက်ကွဲမိတယ်ဆိုရင် ဒါကိုပရော်ဖက်ရှင်နယ်မဆန်တဲ့အပြုအမူလို့သတ်မှတ်ခံရဆဲ၊ ဝေဖန်ခံနေရဆဲပါ။ဒါပေမဲ့လည်းအလုပ်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလုံးလုံးဖိနှိပ်ထားဖို့ဆိုတာကလည်းခက်ခဲနိုင်ပါတယ်။အလုပ်မှာကိုယ့်ရဲ့ခံစားချက်တွေကိုထိန်းသိမ်းတတ်ဖို့၊လိမ္မာပါးနပ်စွာထုတ်ဖော်ပြသတတ်ဖို့ဆိုတာကလည်း ပရော်ဖက်ရှင်နယ်တစ်ယောက်အတွက်မဖြစ်မနေတတ် မြောက်ထားသင့်တဲ့ပညာရပ်တစ်ခုပါ။ဒါ့ကြောင့်အလုပ်မှာကိုယ့်ရဲ့ Emotion တွေကို ဒီအဆင့်ငါးဆင့်အတိုင်း ထိန်းချုပ်ကြည့်နိုင်ပါတယ်။ Negative Emotion တွေစတင်ပြီဆိုတာနဲ့သိပါ စိတ်တိုလာပြီ၊ စိတ်အဆင်မပြေတော့ဘူးဆိုတာနဲ့ ဒါကိုသတိထားမိဖို့အလေ့အကျင့်လုပ်ထားသင့်ပါတယ်။ ပါးတွေနီမြန်းလာတယ်၊ ခေါင်းထဲမှာဆူဝေလာတယ်ဆိုရင်ဒေါသစိတ်ကရုပ်မှာထင်ရှားလာတာပါ။ ကိုယ်စိုးရိမ်တယ်၊ ကြောက်ရွံ့တယ်ဆိုရင်နဖူးနဲ့ပခုံးတွေမှာတင်းလာတတ်ပါတယ်။ ဒီလိုခံစားချက်တွေနဲ့အတူ ရုပ်မှာပြောင်းလဲလာတာကိုအရင်ဆုံးသတိထားမိဖို့အရေးကြီးပါတယ်။ သိပြီးလက်ခံပါ ကိုယ့်မှာလုပ်ပေးရမယ့်အလုပ်တွေအရမ်းများလာပြီ၊အလုပ်အပ်ရမယ့်ရက်နီးလာပြီစတဲ့အခြေအနေတွေမှာ လူတွေဟာစိတ်မရှည်တာ၊ […]

ငရုတ်ပွတောင့်ရနံ့ Tequila ထုတ်လုပ်ရောင်းချမယ့် Cindy Crawford

April 11, 2024 Aung Khant Mon 0

စူပါမော်ဒယ်လ် Cindy Crawford တစ်ယောက် Tequila အမှတ်တံဆိပ်သစ်တစ်ခုကိုထုတ်လုပ်‌ရောင်းချမှာဖြစ်ပါတယ်။Casamigos ကိုတွဲဖက်တည်ထောင်သူ Rande Gerber ဟာ သူမရဲ့ခင်ပွန်းဖြစ်တာမို့ Tequilaထုတ်လုပ်မှုကိုလည်း Casamigos ရဲ့လုပ်ငန်းခွဲတစ်ခုအနေနဲ့ လုပ်ဆောင်မှာဖြစ်ပြီးအမှတ်တံဆိပ်ကို Casamigos Jalapeno လို့နာမည်ပေးထားပါတယ်။သူမဟာ Casamigos Jalapeno ကိုထုတ်လုပ်ဖို့လွန်ခဲ့တဲ့ 6 နှစ်ကတည်းကစဥ်းစားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ နေဝင်ချိန်ကိုကြည့်ရင်း Jalapeno […]

မင်္ဂလာပွဲဆင်နွှဲတော့မယ့် မင်းသားကြီးမာဒုံဆော့

April 11, 2024 Aung Khant Mon 0

Train to Busan ထဲကချစ်စရာ မင်းသားကြီးမာဒုံဆော့တစ်ယောက် သူနဲ့နှစ်ရှည်လများတွဲလာခဲ့သူယယ်ဂျန်းဟွာနဲ့မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲတော့မယ်လို့သိရပါတယ်။ သူတို့နှစ်ဦးဟာ မင်္ဂလာပွဲကိုဆွေမျိုး၊ မိတ်ဆွေအနည်းစုနဲ့သာကျင်းပမှာဖြစ်လို့ ကျင်းပမယ့်ရက်ကို အတိ အကျထုတ်ဖော်ပြောတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့အနုပညာအသိုင်းအဝိုင်းကပြောကြားချက်အရ သူတို့ဟာ မေလ 26 ရက်နေ့မှာမင်္ဂလာပွဲပြုလုပ်မှာဖြစ်ပြီး ဆိုးလ်မြို့မှာပဲပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။မင်းသားကြီးနဲ့ယယ်ဂျန်းဟွာရဲ့အေဂျင်စီဖြစ်တဲ့ Big Punch Entertainment ကဒီမင်္ဂလာသတင်းကိုအတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ 2016 ခုနစ်ကတည်းက […]