
နောင်တစ်ချိန်မှာ အောင်မြင်လာမယ့်သူရဲ့ လက္ခဏာ 8 ချက်
အောင်မြင်မှုဆိုတာက လက်ရှိကိုယ်ပိုင်ဆိုင်နေရတာတွေနဲ့တိုင်းတာလို့မရပါဘူး။ သူကလူတွေဆီကိုအချိန်တစ်ခုရောက်တော့မှ တိုးဝင်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လူတွေဟာအကောင်းဆုံးလုပ်နေပေမယ့် အောင်မြင်မှုကိုမရသေးတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်တော့မယ့်လူတွေမှာ တူညီတဲ့ဝိသေသလက္ခဏာတွေရှိတတ်ကြပါတယ်။ အဲဒီအချက်တွေသာကိုယ့်ဆီမှာရှိတယ်ဆိုရင် တစ်ချိန်မှာအောင်မြင်မှုရမယ့်လူဆိုတာမုချမလွဲပါပဲ။ 1. ဘဝတစ်လျှောက်လုံးသင်ယူနေတယ် သင်ယူခြင်းဆိုတာကိုဘယ်တော့မှရပ်တန့်ပစ်လို့မရပါဘူး။ကိုယ်လုပ်ကိုင်နေတဲ့နယ်ပယ်အတွက်ပဲဖြစ်ဖြစ်၊ ပညာရပ်အသစ်တွေကိုပဲဖြစ် ဖြစ်တစ်သက်လုံးသင်ယူနေရမှာဖြစ်ပါတယ်။ အမြဲတမ်းစူးစမ်းလေ့လာချင်သူ၊ ပညာဗဟုသုတကိုငတ်မွတ်သူအတွက် ဆုတ်ယုတ်နိမ့်ပါးသွားတယ်ဆိုတာမရှိနိုင်ပါဘူး။ အမြဲတမ်းစာဖတ်နေတယ်၊အမြဲတမ်းမေးခွန်းထုတ်နေတယ်ဆိုရင် ကိုယ်ဟာ Smart ဖြစ်တဲ့သူထဲပါဝင်နေပါပြီ။ ဒီလိုတစ်သက်လုံးသင်ယူနေသူတွေဆီကနေ အောင်မြင်မှုဆိုတာဟာလည်း […]