ကိုယ့် Brand ကိုလူသိများစေဖို့ မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်များ

Brand Awareness ဆိုတာက ကုမ္ပဏီရဲ့ Marketing Strategy တွေထဲအရေးကြီးတဲ့ကဏ္ဍကနေပါဝင်နေပါတယ်။ဝယ်သူအနေနဲ့ကလည်း ကိုယ့်ပစ္စည်းကိုယုံကြည်မှ၊ သတိထားမိမှပဲဝယ်ယူကြတာဖြစ်ပါတယ်။Brand Awareness ကြောင့်ကိုယ့်ရဲ့ပြိုင်ဘက်အမှတ်တံဆိပ်တွေကို ပိုမိုအသာစီးရမှာဖြစ်သလို
ရောင်းအားလည်းတက်လာမှာဖြစ်ပါတယ်။ဒါကြောင့် Brand Awareness အတွက်မဖြစ်မနေလုပ်ဆောင်သင့်တာလေးတွေကိုမျှဝေပေးချင်ပါတယ်နော်။

-လူတွေသတိထားမိမှတ်မိလွယ်စေမယ့် ပုံရိပ်ကိုဖန်တီးပါ။ကိုယ့်အမှတ်တံဆိပ်နဲ့သုံးထားတဲ့ဆောင်ပုဒ်ဟာ စားသုံးသူရင်ထဲနေရာယူထားပြီးရင်တော့သူတို့အသုံးလိုလာတဲ့အချိန်တိုင်းကိုယ့် Brand ကိုပဲအရင်ဆုံးသတိရမှာဖြစ်ပါတယ်။

-Logo အတွက်ပိုက်ဆံမနှမြောပါနဲ့။ Logo ကိုလည်း လိပ်စာကတ်၊ email signature ၊ပစ္စည်းထုပ်ပိုးမှုမှအစ ထီး၊ ခွက်၊ ရှပ်အကျီစတဲ့ကုမ္ပဏီလက်ဆောင်ပစ္စည်းတွေမှာပါများများသုံးစွဲပေးပါ။

-ကိုယ့် Brand အကြောင်း Content အသစ်တွေပုံမှန်ဖန်တီးဖို့မပျင်းပါနဲ့နော်။ Content ဖန်တီးရာမှာOnline Platform အစုံအသုံးချကြည့်ပါ။ ဘယ် Platform မှာပိုအားသာနေလဲဆိုတာကိုလည်းအမြဲသုံးသပ်သင့်ပါတယ်။ Website ရှိတယ်ဆိုရင်လည်း SEOပိုင်းကျွမ်းကျင်သူကိုသုံးဖို့ဝန်မလေးသင့်ပါဘူး။ ပေါ်ပြူလာဖြစ်မယ့် Hashtags၊ Pools တွေ၊ Quizzesတွေအပြင် Brand အတွက်ပြိုင်ပွဲတွေဖန်တီးပေး၊ ဆုပေးတာကလည်း Brand Awarenessအတွက်ကောင်းမွန်ပါတယ်။

-ကိုယ့် Brand အတွက်သင့်တော်တဲ့ Blogger ၊ Social Influencer တွေကိုလည်းမျက်ခြည်မပြတ်သင့်ပါဘူး။ လူကလည်းသင့်တော်တယ်၊ ငွေပမာဏလည်းနိုင်တယ်ဆိုရင်တော့ ကိုယ့်Brand အတွက်သုံးသင့်ပါတယ်။

-Content ဖန်တီးတဲ့နေရာမှာ Infographics လေးတွေလည်း မဖြစ်မနေဖန်တီးဖို့လည်းလိုပါတယ်။Infographics တွေက စားသုံးသူကို ကိုယ့်ကုန်ပစ္စည်းအကြောင်း အချိန်တိုတိုနဲ့သိနားလည်စေပါတယ်။ဖုန်းလိုလက်ထဲအမြဲရှိမယ့် Device တွေထဲလွယ်လွယ်ကူကူ Save ထားနိုင်၊ Share နိုင်တာမို့မဖြစ်မနေဖန်တီးသင့်ပါတယ်။ ပုံတိုင်းမှာကုန်ပစ္စည်း Logo ကိုမဖြစ်မနေထည့်ပါ။

-တခြားသော Partner Brand တွေနဲ့ပူးပေါင်းတာ၊အဖွဲ့အစည်းထဲမှာပါဝင်တာမျိုးမဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ Local product ဆိုရင် Local productcommunity ထဲပါဝင်တာမျိုးဖြစ်ပါတယ်။

-လက်ဆောင်ပေးတာကတော့ လူတွေမငြင်းနိုင်တဲ့အချက်ပါပဲ။ လက်ဆောင်ပေးခြင်းနဲ့လည်းကိုယ့်တံဆိပ်ကိုလူသိစေသင့်ပါတယ်။ တကယ်သုံးစွဲသူတွေနဲ့ နယ်ပယ်အသီးသီးကနာမည်ကြီးတွေကို PRGift ပေး Review ရေးခိုင်းတာမျိုးကိုလည်းချန်ထားလို့မရပါဘူး။

-ကုန်ပစ္စည်းမိတ်ဆက်ပွဲနဲ့ Event တွေကျင်းပတာ၊ကြော်ငြာရိုက်ကူးတာ၊ Social Media Campaignတွေဖန်တီးတာကတော့ ငွေသုံးရင်သုံးနိုင်သလို အများကြီးထိရောက်တာအမှန်ပါ။

ဒါကြောင့် Brand Awareness အတွက်ဖော်ပြခဲ့တဲ့အချက်တွေကိုအကုန်သုံးနိုင်ရင်အကောင်းဆုံးပါပဲနော်။ ဒါမှမဟုတ် မှန်ကန်တဲ့ပြင်ဆင်မှုနဲ့မှန်ကန်တဲ့နေရာမှာငွေသုံးတတ်ရင်လည်း အချိန်တိုအတွင်းကိုယ့်ကုန်ပစ္စည်းကိုလူသိများလာစေမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Brand Awareness ဆိုတာက ကုမၸဏီရဲ႕ Marketing Strategy ေတြထဲအေရးႀကီးတဲ့က႑ကေနပါဝင္ေနပါတယ္။ဝယ္သူအေနနဲ႔ကလည္း ကိုယ့္ပစၥည္းကိုယုံၾကည္မွ၊ သတိထားမိမွပဲဝယ္ယူၾကတာျဖစ္ပါတယ္။Brand Awareness ေၾကာင့္ကိုယ့္ရဲ႕ၿပိဳင္ဘက္အမွတ္တံဆိပ္ေတြကို ပိုမိုအသာစီးရမွာျဖစ္သလို
ေရာင္းအားလည္းတက္လာမွာျဖစ္ပါတယ္။ဒါေၾကာင့္ Brand Awareness အတြက္မျဖစ္မေနလုပ္ေဆာင္သင့္တာေလးေတြကိုမွ်ေဝေပးခ်င္ပါတယ္ေနာ္။

-လူေတြသတိထားမိမွတ္မိလြယ္ေစမယ့္ ပုံရိပ္ကိုဖန္တီးပါ။ကိုယ့္အမွတ္တံဆိပ္နဲ႔သုံးထားတဲ့ေဆာင္ပုဒ္ဟာ စားသုံးသူရင္ထဲေနရာယူထားၿပီးရင္ေတာ့သူတို႔အသုံးလိုလာတဲ့အခ်ိန္တိုင္းကိုယ့္ Brand ကိုပဲအရင္ဆုံးသတိရမွာျဖစ္ပါတယ္။

-Logo အတြက္ပိုက္ဆံမႏွေျမာပါနဲ႔။ Logo ကိုလည္း လိပ္စာကတ္၊ email signature ၊ပစၥည္းထုပ္ပိုးမႈမွအစ ထီး၊ ခြက္၊ ရွပ္အက်ီစတဲ့ကုမၸဏီလက္ေဆာင္ပစၥည္းေတြမွာပါမ်ားမ်ားသုံးစြဲေပးပါ။

-ကိုယ့္ Brand အေၾကာင္း Content အသစ္ေတြပုံမွန္ဖန္တီးဖို႔မပ်င္းပါနဲ႔ေနာ္။ Content ဖန္တီးရာမွာOnline Platform အစုံအသုံးခ်ၾကည့္ပါ။ ဘယ္ Platform မွာပိုအားသာေနလဲဆိုတာကိုလည္းအၿမဲသုံးသပ္သင့္ပါတယ္။ Website ရွိတယ္ဆိုရင္လည္း SEOပိုင္းကြၽမ္းက်င္သူကိုသုံးဖို႔ဝန္မေလးသင့္ပါဘူး။ ေပၚျပဴလာျဖစ္မယ့္ Hashtags၊ Pools ေတြ၊ Quizzesေတြအျပင္ Brand အတြက္ၿပိဳင္ပြဲေတြဖန္တီးေပး၊ ဆုေပးတာကလည္း Brand Awarenessအတြက္ေကာင္းမြန္ပါတယ္။

-ကိုယ့္ Brand အတြက္သင့္ေတာ္တဲ့ Blogger ၊ Social Influencer ေတြကိုလည္းမ်က္ျခည္မျပတ္သင့္ပါဘူး။ လူကလည္းသင့္ေတာ္တယ္၊ ေငြပမာဏလည္းႏိုင္တယ္ဆိုရင္ေတာ့ ကိုယ့္Brand အတြက္သုံးသင့္ပါတယ္။

-Content ဖန္တီးတဲ့ေနရာမွာ Infographics ေလးေတြလည္း မျဖစ္မေနဖန္တီးဖို႔လည္းလိုပါတယ္။Infographics ေတြက စားသုံးသူကို ကိုယ့္ကုန္ပစၥည္းအေၾကာင္း အခ်ိန္တိုတိုနဲ႔သိနားလည္ေစပါတယ္။ဖုန္းလိုလက္ထဲအၿမဲရွိမယ့္ Device ေတြထဲလြယ္လြယ္ကူကူ Save ထားႏိုင္၊ Share ႏိုင္တာမို႔မျဖစ္မေနဖန္တီးသင့္ပါတယ္။ ပုံတိုင္းမွာကုန္ပစၥည္း Logo ကိုမျဖစ္မေနထည့္ပါ။

-တျခားေသာ Partner Brand ေတြနဲ႔ပူးေပါင္းတာ၊အဖြဲ႕အစည္းထဲမွာပါဝင္တာမ်ိဳးမျဖစ္မေနလုပ္ေဆာင္သင့္ပါတယ္။ Local product ဆိုရင္ Local productcommunity ထဲပါဝင္တာမ်ိဳးျဖစ္ပါတယ္။

-လက္ေဆာင္ေပးတာကေတာ့ လူေတြမျငင္းႏိုင္တဲ့အခ်က္ပါပဲ။ လက္ေဆာင္ေပးျခင္းနဲ႔လည္းကိုယ့္တံဆိပ္ကိုလူသိေစသင့္ပါတယ္။ တကယ္သုံးစြဲသူေတြနဲ႔ နယ္ပယ္အသီးသီးကနာမည္ႀကီးေတြကို PRGift ေပး Review ေရးခိုင္းတာမ်ိဳးကိုလည္းခ်န္ထားလို႔မရပါဘူး။

-ကုန္ပစၥည္းမိတ္ဆက္ပြဲနဲ႔ Event ေတြက်င္းပတာ၊ေၾကာ္ျငာ႐ိုက္ကူးတာ၊ Social Media Campaignေတြဖန္တီးတာကေတာ့ ေငြသုံးရင္သုံးႏိုင္သလို အမ်ားႀကီးထိေရာက္တာအမွန္ပါ။

ဒါေၾကာင့္ Brand Awareness အတြက္ေဖာ္ျပခဲ့တဲ့အခ်က္ေတြကိုအကုန္သုံးႏိုင္ရင္အေကာင္းဆုံးပါပဲေနာ္။ ဒါမွမဟုတ္ မွန္ကန္တဲ့ျပင္ဆင္မႈနဲ႔မွန္ကန္တဲ့ေနရာမွာေငြသုံးတတ္ရင္လည္း အခ်ိန္တိုအတြင္းကိုယ့္ကုန္ပစၥည္းကိုလူသိမ်ားလာေစမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*