Career ပြောင်းပြီးအလုပ်လျှောက်သူအနေနဲ့ ဖြေရခက်တဲ့မေးခွန်းတွေကိုဘယ်လိုကျော်လွှားမလဲ

ကိုယ်လုပ်ခဲ့တဲ့ Career တစ်ခုကနေ အခြား Career တစ်ခုကိုပြောင်းလိုက်တယ်ဆိုတာကစိတ်လှုပ်ရှားဖို့ကောင်းသလို ပျော်ရွှင်စရာလည်းကောင်းပါတယ်။ တစ်ဖက်မှာလည်းစိန်ခေါ်မှုနဲ့စိတ်ဖိစီးမှုတွေကို ခံစားရနိုင်ပါသေးတယ်။ ကိုယ်လုပ်နေခဲ့တဲ့အလုပ်တစ်ခုကနေ
နောက်ထပ်နယ်ပယ်တစ်ခုကို ခြေလှမ်းစလိုက်ချိန်မှာ ပထမဆုံးကြုံရတဲ့အခက်အခဲကတော့အင်တာဗျူးဝင်ချိန်မှာဖြေရမယ့်မေးခွန်းတွေပါပဲ။ နယ်ပယ်သစ်မှာအတွေ့အကြုံဆိုတာမရှိသေးတဲ့အတွက် တချို့သောအင်တာဗျုးမေးခွန်းတွေဟာကိုယ့်အတွက်ဖြေရခက်စေပါတယ်။ ဒါကြောင့်မို့ Career အသစ်ပြောင်းချိန် အင်တာဗျူးမှာဘာမေးခွန်းတွေကြုံလာရနိုင်သလဲ၊ မေးလာတဲ့မေးခွန်းတွေကိုဘယ်လိုအ ဆင်ပြေပြေကျော်လွှားကြမလဲဆိုတာ ကြိုတင်လေ့လာထားသင့်ပါတယ်နော်။

ဘယ်လိုမေးခွန်းတွေလာနိုင်သလဲကြိုတွေးပါ
အင်တာဗျူးမဝင်ခင်မှာ ကိုယ်အလုပ်လျှောက်တဲ့ကုမ္ပဏီအကြောင်း၊ အဆင့်နဲ့လုပ်ငန်းနယ်ပယ်ကိုကြိုတင်လေ့လာပါ။ ကိုယ်လျှောက်တဲ့ရာထူးအတွက် ရှိသင့်တဲ့ Skills ၊ Certificates နဲ့ တာဝန်တွေအကြောင်းကို ပိုပြီးအသေးစိတ်ပြင်ဆင်ရပါမယ်။ ဘာ့ကြောင့် Career ပြောင်းရတာလဲ၊ဒီနယ်ပယ်ကိုရောက်လာစေတဲ့အဓိကလှုံ့ဆော်မှုကဘာလဲ၊ နယ်ပယ်အသစ်နဲ့ပတ်သက်ပြီးလေ့လာပြင်ဆင်ထားမှုတွေကဘာတွေလဲ၊ ဘယ်လောက်ထိပြင်ဆင်ထားလဲစတာတွေကမဖြစ်မနေမေးလာနိုင်တဲ့မေးခွန်းတွေပါပဲ။ ဒီလိုမေးခွန်းတွေအတွက်ရှင်းလင်းပြတ်သားတဲ့အဖြေပေးနိုင်ဖို့ ကိုယ့်ယူဆချက်တွေကိုမှတ်စုစာအုပ်ထဲမှာချရေးထားသင့်ပါတယ်နော်။

ဘယ်နေရာရောက်ရောက်အသုံးဝင်နေမယ့်ကိုယ့်ရဲ့ Skills တွေကိုအသားပေးဖြေဆိုပါ
အင်တာဗျူးဖြေတဲ့အခါ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ဘယ်နေရာမှာဖြစ်ဖြစ်ရှိဖို့လိုအပ်တဲ့ Soft Skills တွေကိုအသားပေးဖြေဆိုခြင်းပါပဲ။ အရင်အလုပ်မှာကိုယ်တည်ဆောက်ခဲ့ပြီးဖြစ်တဲ့ Problem Solving Skill ၊ Communication Skill ၊ Collaboration Skill ၊ Teamwork နဲ့ Leadership Skill တွေကိုပိုပြီးပေါ်လွင်အောင်ပြောပြသင့်ပါတယ်။ မေးခွန်းအလိုက်ကိုယ့်မှာရှိတဲ့ကျွမ်းကျင်မှုတွေအ ကြောင်းပြောရင်း ဘယ်လိုအခြေအနေမှာဘယ်လိုရလဒ်ထွက်အောင်လုပ်ခဲ့ပါတယ်ဆိုတဲ့တိကျတဲ့အချက်အလက်လေးတွေကိုပါထည့်ပြီးပြောပြနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ခဲ့မှုတွေကလက်ရှိလျှောက်နေတဲ့ရာထူးနဲ့အလုပ်အတွက် ဘယ်လောက်ထိအထောက်အကူပြုပါတယ်ဆိုတဲ့အချက်တွေကိုဖြည့်စွက်ပြီးပြောဆိုနိုင်ပါတယ်။

အခက်အခဲကိုဘယ်လိုကျော်လွှားခဲ့လဲဆိုတာပြောပါ
Career အပြောင်းအလဲလုပ်တဲ့အခါ လူတိုင်းလိုလိုအခက်အခဲရှိကြပါတယ်။ ဒါကြောင့်ဒီလိုအခက်အခဲတွေကို ဘယ်လိုကျော်လွှားနိုင်ခဲ့လဲဆိုတာကိုအားသာချက်ဖြစ်အောင်ပြောဆိုနိုင်ပါတယ်။ အလုပ်နယ်ပယ်သစ်အတွက် ကိုယ့်ရဲ့ စိတ်အားထက်သန်မှု၊လေ့လာဖတ်မှတ်ခဲ့တဲ့စာအုပ်တွေ၊ တက်ခဲ့တဲ့သင်တန်းတွေ၊ တွေ့ဆုံခဲ့ရတဲ့လူတွေစတဲ့အရာတွေကိုပြောရင်း အားသာမှုရယူနိုင်ပါတယ်။ဒါအပြင်ဒီအပြောင်း အလဲမှာကြုံခဲ့ရတဲ့အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့လဲ၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်ချဖို့ဘယ်လောက်ထိ ကြိုးစားခဲ့ရလဲ၊ ပြောင်းလဲတိုးတက်လာတဲ့ Skills နဲ့ Mindset အကြောင်းတွေကိုလည်းထည့်ပြောသင့်ပါတယ်။အင်တာဗျူးသူကို အလုပ်နယ်ပယ်အသစ်နဲ့ပတ် သက်ပြီးကိုယ်သိချင်နေသေးတဲ့လေးနက်တဲ့မေးခွန်းတွေကို ပြန်မေးပြီးတော့လည်း ကိုယ့်ရဲ့စိတ်ဝင်စားမှု၊စိတ်အားထက်သန်မှုကို ပြသနိုင်ပါသေးတယ်နော်။ဒီအချက်တွေကိုကြိုတင်စဉ်းစားပြင်ဆင်ခဲ့မယ်ဆိုရင် Career အပြောင်းအလဲလုပ်တဲ့အင်တာဗျူးတိုင်းကို အဆင်ပြေပြေကျော်လွှားနိုင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ္လုပ္ခဲ့တဲ့ Career တစ္ခုကေန အျခား Career တစ္ခုကိုေျပာင္းလိုက္တယ္ဆိုတာကစိတ္လႈပ္ရွားဖို႔ေကာင္းသလို ေပ်ာ္႐ႊင္စရာလည္းေကာင္းပါတယ္။ တစ္ဖက္မွာလည္းစိန္ေခၚမႈနဲ႔စိတ္ဖိစီးမႈေတြကို ခံစားရႏိုင္ပါေသးတယ္။ ကိုယ္လုပ္ေနခဲ့တဲ့အလုပ္တစ္ခုကေန
ေနာက္ထပ္နယ္ပယ္တစ္ခုကို ေျခလွမ္းစလိုက္ခ်ိန္မွာ ပထမဆုံးႀကဳံရတဲ့အခက္အခဲကေတာ့အင္တာဗ်ဴးဝင္ခ်ိန္မွာေျဖရမယ့္ေမးခြန္းေတြပါပဲ။ နယ္ပယ္သစ္မွာအေတြ႕အႀကဳံဆိုတာမရွိေသးတဲ့အတြက္ တခ်ိဳ႕ေသာအင္တာဗ်ဳးေမးခြန္းေတြဟာကိုယ့္အတြက္ေျဖရခက္ေစပါတယ္။ ဒါေၾကာင့္မို႔ Career အသစ္ေျပာင္းခ်ိန္ အင္တာဗ်ဴးမွာဘာေမးခြန္းေတြႀကဳံလာရႏိုင္သလဲ၊ ေမးလာတဲ့ေမးခြန္းေတြကိုဘယ္လိုအ ဆင္ေျပေျပေက်ာ္လႊားၾကမလဲဆိုတာ ႀကိဳတင္ေလ့လာထားသင့္ပါတယ္ေနာ္။

ဘယ္လိုေမးခြန္းေတြလာႏိုင္သလဲႀကိဳေတြးပါ
အင္တာဗ်ဴးမဝင္ခင္မွာ ကိုယ္အလုပ္ေလွ်ာက္တဲ့ကုမၸဏီအေၾကာင္း၊ အဆင့္နဲ႔လုပ္ငန္းနယ္ပယ္ကိုႀကိဳတင္ေလ့လာပါ။ ကိုယ္ေလွ်ာက္တဲ့ရာထူးအတြက္ ရွိသင့္တဲ့ Skills ၊ Certificates နဲ႔ တာဝန္ေတြအေၾကာင္းကို ပိုၿပီးအေသးစိတ္ျပင္ဆင္ရပါမယ္။ ဘာ့ေၾကာင့္ Career ေျပာင္းရတာလဲ၊ဒီနယ္ပယ္ကိုေရာက္လာေစတဲ့အဓိကလႈံ႕ေဆာ္မႈကဘာလဲ၊ နယ္ပယ္အသစ္နဲ႔ပတ္သက္ၿပီးေလ့လာျပင္ဆင္ထားမႈေတြကဘာေတြလဲ၊ ဘယ္ေလာက္ထိျပင္ဆင္ထားလဲစတာေတြကမျဖစ္မေနေမးလာႏိုင္တဲ့ေမးခြန္းေတြပါပဲ။ ဒီလိုေမးခြန္းေတြအတြက္ရွင္းလင္းျပတ္သားတဲ့အေျဖေပးႏိုင္ဖို႔ ကိုယ့္ယူဆခ်က္ေတြကိုမွတ္စုစာအုပ္ထဲမွာခ်ေရးထားသင့္ပါတယ္ေနာ္။

ဘယ္ေနရာေရာက္ေရာက္အသုံးဝင္ေနမယ့္ကိုယ့္ရဲ႕ Skills ေတြကိုအသားေပးေျဖဆိုပါ
အင္တာဗ်ဴးေျဖတဲ့အခါ အေကာင္းဆုံးနည္းလမ္းတစ္ခုကေတာ့ ဘယ္ေနရာမွာျဖစ္ျဖစ္ရွိဖို႔လိုအပ္တဲ့ Soft Skills ေတြကိုအသားေပးေျဖဆိုျခင္းပါပဲ။ အရင္အလုပ္မွာကိုယ္တည္ေဆာက္ခဲ့ၿပီးျဖစ္တဲ့ Problem Solving Skill ၊ Communication Skill ၊ Collaboration Skill ၊ Teamwork နဲ႔ Leadership Skill ေတြကိုပိုၿပီးေပၚလြင္ေအာင္ေျပာျပသင့္ပါတယ္။ ေမးခြန္းအလိုက္ကိုယ့္မွာရွိတဲ့ကြၽမ္းက်င္မႈေတြအ ေၾကာင္းေျပာရင္း ဘယ္လိုအေျခအေနမွာဘယ္လိုရလဒ္ထြက္ေအာင္လုပ္ခဲ့ပါတယ္ဆိုတဲ့တိက်တဲ့အခ်က္အလက္ေလးေတြကိုပါထည့္ၿပီးေျပာျပႏိုင္ပါတယ္။ ဒီလိုလုပ္ေဆာင္ႏိုင္ခဲ့မႈေတြကလက္ရွိေလွ်ာက္ေနတဲ့ရာထူးနဲ႔အလုပ္အတြက္ ဘယ္ေလာက္ထိအေထာက္အကူျပဳပါတယ္ဆိုတဲ့အခ်က္ေတြကိုျဖည့္စြက္ၿပီးေျပာဆိုႏိုင္ပါတယ္။

အခက္အခဲကိုဘယ္လိုေက်ာ္လႊားခဲ့လဲဆိုတာေျပာပါ
Career အေျပာင္းအလဲလုပ္တဲ့အခါ လူတိုင္းလိုလိုအခက္အခဲရွိၾကပါတယ္။ ဒါေၾကာင့္ဒီလိုအခက္အခဲေတြကို ဘယ္လိုေက်ာ္လႊားႏိုင္ခဲ့လဲဆိုတာကိုအားသာခ်က္ျဖစ္ေအာင္ေျပာဆိုႏိုင္ပါတယ္။ အလုပ္နယ္ပယ္သစ္အတြက္ ကိုယ့္ရဲ႕ စိတ္အားထက္သန္မႈ၊ေလ့လာဖတ္မွတ္ခဲ့တဲ့စာအုပ္ေတြ၊ တက္ခဲ့တဲ့သင္တန္းေတြ၊ ေတြ႕ဆုံခဲ့ရတဲ့လူေတြစတဲ့အရာေတြကိုေျပာရင္း အားသာမႈရယူႏိုင္ပါတယ္။ဒါအျပင္ဒီအေျပာင္း အလဲမွာႀကဳံခဲ့ရတဲ့အခက္အခဲေတြကို ဘယ္လိုေက်ာ္လႊားခဲ့လဲ၊ ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ခ်ဖို႔ဘယ္ေလာက္ထိ ႀကိဳးစားခဲ့ရလဲ၊ ေျပာင္းလဲတိုးတက္လာတဲ့ Skills နဲ႔ Mindset အေၾကာင္းေတြကိုလည္းထည့္ေျပာသင့္ပါတယ္။အင္တာဗ်ဴးသူကို အလုပ္နယ္ပယ္အသစ္နဲ႔ပတ္ သက္ၿပီးကိုယ္သိခ်င္ေနေသးတဲ့ေလးနက္တဲ့ေမးခြန္းေတြကို ျပန္ေမးၿပီးေတာ့လည္း ကိုယ့္ရဲ႕စိတ္ဝင္စားမႈ၊စိတ္အားထက္သန္မႈကို ျပသႏိုင္ပါေသးတယ္ေနာ္။ဒီအခ်က္ေတြကိုႀကိဳတင္စဥ္းစားျပင္ဆင္ခဲ့မယ္ဆိုရင္ Career အေျပာင္းအလဲလုပ္တဲ့အင္တာဗ်ဴးတိုင္းကို အဆင္ေျပေျပေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*