Miss Universe 2023 Winner ဆုကို နီကရာဂွာအလှမယ်ဆွတ်ခူး

ဒီနှစ်ရဲ့ Miss Universe Final ပွဲကြီးကို နိုဝင်ဘာလ ၁၉ ရက်နေ့ကကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ Miss Universe 2023 Winner ဆုကို နီကရာဂွာနိုင်ငံမှအလှမယ်ရှိန်းနိစ်ပလားစီရိုးစ်ကဆွတ်ခူးသွားတယ်လို့သိရပါတယ်။ သူမဟာနီကရာဂွာနိုင်ငံအတွက်ပထမဆုံးအကြိမ် Miss Universe ဆုကိုယူဆောင်ပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ရှိန်းနိစ်ပလားစီရိုးစ်ဟာအသက် ၂၃ နှစ်ရှိပြီဖြစ်ပြီး TV Host နဲ့မော်ဒယ်လ်အဖြစ်အသက်မွေးသူပါ။ဒီပွဲမှာ First Runner-Up ဆုကို Miss Thailand ၊ Second Runner-Up ဆုကို Miss Australia တို့ကဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

ရှိန်းနိစ်ပလားစီရိုးစ်က “ဒီနေ့တော့ကျွန်မရဲ့ inner child လေးနဲ့အိပ်မက်အကြီးကြီးတွေရှိတဲ့ကောင်မလေးတိုင်းကိုရည်ညွှန်းချင်ပါတယ်။
ကောင်းကင်ကြီးကအကန့်အသတ်ရှိတယ်ဆိုရင်တောင်လူတစ်ယောက်ရဲ့အိပ်မက်သိပ်ကြီးမားနေတယ်ဆိုရင်၊ ဒီအိပ်မက်ကို ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ ဇွဲ၊ရူးသွပ်မှုတွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် တစ်နေ့တော့အရယူနိုင်မှာပါ။ ကျွန်မကိုပံ့ပိုးပေးခဲ့တဲ့မိခင်နိုင်ငံကိုလည်ကျေးဇူး တင်ပါတယ်။ သေးငယ်ပေမယ့်အိပ်မက်တွေအကြီးကြီးရှိတဲ့နိုင်ငံအဖြစ်သက်သေပြနိုင်ခဲ့ပါပြီ” လို့ သူမရဲ့အင်စတာဂရမ်မှာ စပိန်လိုရေး သားခဲ့တာတွေ့ရပါတယ်။သူမက လူတွေရဲ့စိတ်ကျန်းမာရေးပိုင်းကိုပိုပြီးတိုးတက်အောင်လုပ်ကိုင်ရတဲ့နေရာမျိုးမှာကူညီပေးချင်တယ်လို့ ပြိုင်ပွဲမှာပြောခဲ့ပါသေးတယ်။

Ju Ju

zawgyi

ဒီႏွစ္ရဲ႕ Miss Universe Final ပြဲႀကီးကို ႏိုဝင္ဘာလ ၁၉ ရက္ေန႔ကက်င္းပၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။ Miss Universe 2023 Winner ဆုကို နီကရာဂြာႏိုင္ငံမွအလွမယ္ရွိန္းနိစ္ပလားစီ႐ိုးစ္ကဆြတ္ခူးသြားတယ္လို႔သိရပါတယ္။ သူမဟာနီကရာဂြာႏိုင္ငံအတြက္ပထမဆုံးအႀကိမ္ Miss Universe ဆုကိုယူေဆာင္ေပးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။ရွိန္းနိစ္ပလားစီ႐ိုးစ္ဟာအသက္ ၂၃ ႏွစ္ရွိၿပီျဖစ္ၿပီး TV Host နဲ႔ေမာ္ဒယ္လ္အျဖစ္အသက္ေမြးသူပါ။ဒီပြဲမွာ First Runner-Up ဆုကို Miss Thailand ၊ Second Runner-Up ဆုကို Miss Australia တို႔ကဆြတ္ခူးသြားခဲ့တာျဖစ္ပါတယ္။

ရွိန္းနိစ္ပလားစီ႐ိုးစ္က “ဒီေန႔ေတာ့ကြၽန္မရဲ႕ inner child ေလးနဲ႔အိပ္မက္အႀကီးႀကီးေတြရွိတဲ့ေကာင္မေလးတိုင္းကိုရည္ၫႊန္းခ်င္ပါတယ္။
ေကာင္းကင္ႀကီးကအကန႔္အသတ္ရွိတယ္ဆိုရင္ေတာင္လူတစ္ေယာက္ရဲ႕အိပ္မက္သိပ္ႀကီးမားေနတယ္ဆိုရင္၊ ဒီအိပ္မက္ကို ခိုင္မာတဲ့ဆုံးျဖတ္ခ်က္၊ ဇြဲ၊႐ူးသြပ္မႈေတြနဲ႔ေပါင္းစပ္လိုက္မယ္ဆိုရင္ တစ္ေန႔ေတာ့အရယူႏိုင္မွာပါ။ ကြၽန္မကိုပံ့ပိုးေပးခဲ့တဲ့မိခင္ႏိုင္ငံကိုလည္ေက်းဇူး တင္ပါတယ္။ ေသးငယ္ေပမယ့္အိပ္မက္ေတြအႀကီးႀကီးရွိတဲ့ႏိုင္ငံအျဖစ္သက္ေသျပႏိုင္ခဲ့ပါၿပီ” လို႔ သူမရဲ႕အင္စတာဂရမ္မွာ စပိန္လိုေရး သားခဲ့တာေတြ႕ရပါတယ္။သူမက လူေတြရဲ႕စိတ္က်န္းမာေရးပိုင္းကိုပိုၿပီးတိုးတက္ေအာင္လုပ္ကိုင္ရတဲ့ေနရာမ်ိဳးမွာကူညီေပးခ်င္တယ္လို႔ ၿပိဳင္ပြဲမွာေျပာခဲ့ပါေသးတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*