AI ကျွမ်းကျင်မှုတွေကို လေ့လာချင်ပေမဲ့ ဘယ်ကစရမှန်း မသိဖြစ်နေပါသလား။ ဒါဆိုရင်တော့ လုပ်ငန်းခွင်ဝင်နေသူတွေအတွက် အရေးအကြီးဆုံးဖြစ်မယ့်ကျွမ်းကျင် မှု ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ AI ကျွမ်းကျင်မှုဆိုတာ သင်ယူထိုက်တဲ့ ပညာတစ်ခုပဲလို့ ဆုံးဖြတ်ပြီးပြီဆိုရင် ဆက်ပြီးမေးရမယ့် လက်တွေ့ကျတဲ့ မေးခွန်းက “ငါ အတိအကျ ဘာတွေကို လေ့လာရမလဲ” ဆိုတာပါပဲ။ ဒါဟာ တကယ့်ကို သစ်လွင်တဲ့ အကြောင်းအရာတစ်ခု ဖြစ်နေတာကြောင့် ဘယ်ကနေ စတင်ရမလဲဆိုတာ ဝေခွဲမရဖြစ်ရတာ သဘာဝပါပဲ။
လူအများစုက AI ကျွမ်းကျင်မှု မြှင့်တင်မယ်လို့ တွေးလိုက်ရင် နည်းပညာစနစ်ကြီးတစ်ခုလုံးကို ဖန်တီးတည်ဆောက်တဲ့နေရာမှာ လိုအပ်တဲ့ ပညာတွေကိုပဲ ပြေးမြင်လေ့ရှိကြပါတယ်။ ဒီဆောင်းပါးကတော့ လက်တွေ့ အလုပ်လုပ်နေသူအများစု ချက်ချင်း လက်တွေ့လေ့လာလို့ရမယ့် ကျွမ်းကျင်မှုတွေကိုပဲ ပိုပြီး ဦးတည်ပြောသွားမှာဖြစ်ပါတယ်။ ရည်ရွယ်ချက်က ပိုမိုဆန်းသစ်တဲ့ AI မော်ဒယ်ကြီးတွေကို တည်ဆောက်ဖို့ မဟုတ်ပါဘူး။ လက်ရှိရှိပြီးသား AI ကိရိယာတွေကို သုံးပြီး မိမိလက်ရှိလုပ်နေတဲ့ အလုပ်မှာ ပိုတော်အောင်၊ ပိုကျွမ်းကျင်အောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။
အောက်မှာဖော်ပြထားတာကတော့ အဲဒီရည်ရွယ်ချက်အတွက် အရေးအကြီးဆုံး ကျွမ်းကျင်မှု ၅ ခု ဖြစ်ပါတယ်။ နည်းပညာနောက်ခံ မရှိထားသူတွေအတွက်လည်း အဆင်ပြေရုံတင်မကဘဲ သင် အနှစ်နှစ်လလောက် စုဆောင်းထားပြီးသား လုပ်ငန်းအတွေ့အကြုံတွေအပေါ်မှာ အခြေခံပြီး မြှင့်တင်သွားလို့ရမယ့် အချက်တွေဖြစ်ပါတယ်။
လက်တွေ့ကျကျ AI သုံးတတ်သည့် ကျွမ်းကျင်မှု
ဒါတွေကတော့ အခြေခံအကျဆုံး ပညာတွေပါပဲ။ AI ကို စာရေးပြီး စေခိုင်းတဲ့အခါ (Prompt) ရှင်းရှင်းလင်းလင်း ရေးနိုင်ရဲ့လား။ တကယ့် လုပ်ငန်းတာဝန်တစ်ခုကို AI ထံ စနစ်တကျ လွှဲပေးပြီး အသုံးဝင်တဲ့ ရလဒ်တစ်ခု ထွက်လာအောင် လုပ်နိုင်ရဲ့လား။ ထွက်လာတဲ့ ရလဒ်ကို ပိုကောင်းအောင် AI နဲ့ အပြန်အလှန် စကားပြော စကား ဝှက်ပြီး ပြင်ဆင်နိုင်ရဲ့လား။ အဆင့်မီတယ်ဆိုတာ ဘာလဲ – AI ကို “ငါ့အတွက် အီးမေးလ်တစ်စောင် ရေးပေးစမ်း” ဆိုပြီး တိုတိုတုတ်တုတ် စေခိုင်းတာမျိုး မဟုတ်ပါဘူး။ အခြေအနေနောက်ခံ၊ ဦးတည်ချက်၊ ရေးသားရမယ့် လေသံနဲ့ နမူနာအသုံးအနှုန်းတွေကိုပါ ထည့်ပေးပြီး ထွက်လာတာကိုမှ ပိုကောင်းအောင် ပြန်ပြင်ခိုင်းတာမျိုးပါ။ AI ကို ရှာဖွေရေးဘောက်စ် (Search box) တစ်ခုလို မဆက်ဆံဘဲ အလုပ်သင်အသစ်တစ်ယောက်ကို အလုပ်သင်ပေးနေသလိုမျိုး ဆက်ဆံခိုင်းစေတာကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်တိုင် စစ်ဆေးကြည့်ရန် – ပျော်လို့၊ စမ်းကြည့်ချင်လို့ မဟုတ်ဘဲ တကယ့်လုပ်ငန်းခွင် အလုပ်တစ်ခုအတွက် AI ကို နောက်ဆုံး ဘယ်တုန်းက သုံးခဲ့ဖူးပါသလဲ။ သင့်ရဲ့ တကယ့်အလုပ်တစ်ခုခုကို AI နည်းနဲ့ ပြီးစီးအောင် ခိုင်းဖူးပါသလား။ အဖြေက “တစ်ခါမှ မသုံးဖူးဘူး” ဆိုရင်တော့ ဒါဟာ သင့်အတွက် စတင်ရမယ့် အမှတ်ပါပဲ။ ဒါဟာ အလွယ်ကူဆုံး လေ့လာလို့ရတဲ့ ကျွမ်းကျင်မှုဖြစ်သလို အမြန်ဆုံး ရလဒ်ထွက်တဲ့ အချက်လည်း ဖြစ်တာမို့ ဒီဟာကို မြန်မြန်ဆန်ဆန်ပဲ အမီ လိုက် လေ့လာနိုင်ပါတယ်။
ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် အရည်အသွေး ထိန်းချုပ်မှု
AI ဆိုတာ စံပြ မဟုတ်ပါဘူး။ အမှားတွေ မကြာခဏ ပါတတ်ပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်တစ်ခုမှာ အရေးအကြီးဆုံးအပိုင်းက အရည်အသွေးကို စစ်ဆေးထိန်း ချုပ်ဖို့ပါပဲ။ သင်ဟာ အတွေ့အကြုံရှိပြီး ဘာကိုလိုချင်လဲဆိုတာ အတိအကျသိတဲ့ အသိဉာဏ်ရှိသူတစ်ယောက် ဖြစ်ပါတယ်။ သင်ဖြစ်ချင်တဲ့ ရလဒ်မျိုး အတိအကျရဖို့ လုပ်ဆောင်ချက်အချို့ ပြင်ဆင်ပေးဖို့တော့ လိုပါလိမ့်မယ်။ အဆင့်မီတယ်ဆိုတာ ဘာလဲ – AI က ထွက်လာတဲ့ ရလဒ်တွေကို စာတည်း၊ အယ်ဒီတာတစ်ယောက်လိုမျိုး သေချာ စိစစ်ဖတ်ရှုတာပါ။ “ဒီအချက်အလက်တွေ မှန်ရဲ့လား”၊ “ငါ့စကားပြောဟန်နဲ့ ရေးဟန် ဟုတ်ရဲ့လား”၊ “ဒါကို ငါ့နာမည်နဲ့ ရဲရဲဝံ့ဝံ့ ချပြရဲရဲ့လား” ဆိုပြီး ကိုယ့်ကိုကိုယ် ပြန်မေးတာဖြစ်ပါတယ်။ နည်းပညာအရ ပြည့်စုံနေရင်ပင် သင့်ရဲ့ သုံးစွဲသူ၊ ပရိသတ် ဒါမှမဟုတ် လက်ရှိအခြေအနေနဲ့ မကိုက်ညီတာမျိုး ဖြစ်နေနိုင်ပါတယ်။ ကိုယ်တိုင် စစ်ဆေးကြည့်ရန် – AI ဆီက ရလဒ်တစ်ခု ရလာတဲ့အခါ အလွယ်တကူ လက်ခံလိုက်တာလား၊ ဒါမှမဟုတ် သေချာ စိစစ်စမ်းသပ်ပြီးမှ သုံးတာလားဆိုတာ စဉ်းစားကြည့်ပါ။ ဒီကျွမ်းကျင်မှုဆိုတာ အခြားမဟုတ်ပါဘူး၊ သင့်သက်တမ်းတစ်လျှောက် သေချာစေ့စပ်အောင် လေ့ကျင့်ထားခဲ့တဲ့ သင့်ရဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင်ဆိုင်ရာ ဝေဖန်ပိုင်းခြားနိုင်စွမ်း သက်သက်ပါပဲ။
စိတ်ခံစားမှုကို နားလည်နိုင်စွမ်း
သင့်အလုပ်ရဲ့ အစိတ်အပိုင်းအများစုဟာ ခုအတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ အထူးသဖြင့် အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အပိုင်းတွေက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ ရိုးရှင်းတဲ့ လုပ်ငန်းဆောင်တာတွေ AI ဖြစ်သွားချိန်မှာ အစည်းအဝေးတစ်ခုရဲ့ အကဲကို ကြည့်တတ်ဖို့၊ စိတ်တိုနေတဲ့ စားသုံးသူ၊ မိတ်ဖက်တွေကို စိတ်အေးသွားအောင် စကားပြောတတ်ဖို့၊ လုပ်ဖော်ကိုင်ဖက်တွေကို လမ်းညွှန်ပေးဖို့၊ ဘယ်အချိန်မှာ ဖိပြောပြီး ဘယ်အချိန်မှာ နားထောင်ရမလဲဆိုတာ သိရှိဖို့စတဲ့ အချက်တွေက ပိုလို့တောင် အရေးပါလာဦးမှာ ဖြစ်ပါတယ်။ အဆင့်မီတယ်ဆိုတာ ဘာလဲ – လူအချင်းချင်း ဆက်ဆံရေး အခြေအနေတွေကို အဆင်ပြေချောမွေ့စွာ ကိုင်တွယ်နိုင်တာပါ။ စကားပြောရာမှာ ယုံကြည်မှုရှိတယ်၊ အားကိုးရတယ်၊ အခြားသူတွေက သင့်ကို ကြင်နာတတ်သူ၊ သစ္စာရှိသူအဖြစ် ယုံကြည်လက်ခံကြပါတယ်။ ကိုယ်တိုင် စစ်ဆေးကြည့်ရန် – ဒီအချက်ကတော့ လိုအပ်ချက်လိုက်ဖြည့်ရတာထက် ရှိပြီးသား အားသာချက်ကို မပျောက်အောင် ထိန်းသိမ်းပြီး ပိုမိုအား ပြုရမယ့် အချက်ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် မေးကြည့်ပါ “ငါ လူအချင်းချင်း ဆက်ဆံရေးပိုင်းမှာ အချိန်ပေး ရင်းနှီးမြှုပ်နှံနေရဲ့လား၊ ဒါမှမဟုတ် ဒီအတိုင်း ပစ်ထားသလို ဖြစ်နေလား” ဆိုတာပါ။ လူအချင်းချင်း ဆက်ဆံရေးမှာ ရင်းနှီးမြှုပ်နှံမှုကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။
တီထွင်ဖန်တီးနိုင်စွမ်းနှင့် မှန်ကန်သော မေးခွန်းများ မေးမြန်းနိုင်စွမ်း
AI ဟာ သင်မေးတဲ့ မေးခွန်းကို အဖြေပေးတဲ့နေရာမှာ သိပ်တော်ပေမဲ့ “ဘယ်မေးခွန်းက မေးဖို့ ထိုက်တန်သလဲ” ဆိုတာကိုတော့ သူကိုယ်တိုင် မဆုံးဖြတ်နိုင်ပါဘူး။ ဒီလို နက်နက်ရှိုင်းရှိုင်း တွေးခေါ်စဉ်းစားရတဲ့ အပိုင်းကတော့ လူတွေရဲ့ အလုပ်အဖြစ် ဆက်လက်ကျန်ရှိနေဦးမှာပါ။ မှန်ကန်တဲ့ မေးခွန်းတွေကို မေးနိုင်သူတွေဟာ အ ကောင်းဆုံး ရလဒ်တွေကို ထုတ်ယူနိုင်သူတွေ ဖြစ်လာပါလိမ့်မယ်။ အဆင့်မီတယ်ဆိုတာ ဘာလဲ – သင့်အတွက် စဉ်းစားပေးဖို့ AI ကို သုံးတာမျိုးမဟုတ်ဘဲ သင့်နဲ့အတူ အတူတကူ စဉ်းစားဖို့အတွက် AI ကို သုံးတာပါ။ စိတ်ဝင်စားစရာ ပြဿနာတွေကို AI ထံ ယူဆောင်လာပြီး အိုင်ဒီယာတွေကို စမ်းသပ်ဖို့၊ ရွေးချယ်စရာတွေ ထုတ်ယူဖို့နဲ့ ထောင့်စုံက ကြည့်နိုင်ဖို့ သုံးတာ ဖြစ်ပါတယ်။ ထွက်လာတဲ့ ရလဒ်တွေကို ကြည့်ပြီး ဘယ်လမ်းကြောင်းအတိုင်း သွားရမလဲဆိုတာ သင်ကိုယ်တိုင် ဆုံးဖြတ်တာမျိုးပါ။ ကိုယ်တိုင် စစ်ဆေးကြည့်ရန် – သင်ဟာ စဉ်းစားရမယ့် အပိုင်းကို ကျော်လွန်ဖို့ AI ကို သုံးနေတာလား၊ ဒါမှမဟုတ် သင့်အယူအဆကို ပိုမိုကျယ်ပြန့်သွားအောင် သုံးနေတာလား။ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကို AI စီ လွှဲအပ်နေမိတယ်ဆိုရင်တော့ ဒါဟာ ချက်ချင်း ပြင်ရမယ့် အကျင့်တစ်ခုပါပဲ။
စဉ်ဆက်မပြတ် သင်ယူလိုစိတ်
အခုလက်ရှိ လူတိုင်း သဘောကျနေကြတဲ့ AI ကိရိယာတွေဟာ နောက်နှစ်နည်းနည်းအကြာမှာ အကြီးအကျယ် ပြောင်းလဲသွားတော့မှာပါ။ စဉ်ဆက်မပြတ် သင်ယူလိုတဲ့ စိတ်ဓာတ်ကို မွေးမြူထားပြီး အစဉ်မပြတ် ပြောင်းလဲမှုတွေကို လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ အဆင့်မီတယ်ဆိုတာ ဘာလဲ – သင်ယူမှုကို တစ်ကြိမ်တည်း လုပ်ရမယ့် ပွဲတစ်ခုလို မဟုတ်ဘဲ စဉ်ဆက်မပြတ် လုပ်ဆောင်ရမယ့် အကျင့်တစ်ခုလို ဆက်ဆံတာပါ။ စူးစမ်းချင်စိတ် အပြည့်ရှိပြီး အသစ်အသစ်တွေကို အမြဲ စမ်းသပ်လေ့လာချင်နေတာပါ။ သင်ယူမှုကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို့ မမြင်ဘဲ အခွင့်အရေးတစ်ခုလို့ ယုံကြည်တာပါ။ ကိုယ်တိုင် စစ်ဆေးကြည့်ရန် – သင့်ရဲ့ ပန်းတိုင်က ဘာလဲ။ ဒီနေ့ကြုံနေရတဲ့ ပြဿနာတစ်ခုကို မြန်မြန်ရှင်းဖို့ ကိရိယာတစ်ခု ထည့်သုံးချင်တာလား။ ဒါမှမဟုတ် တန်ဖိုးရှိတဲ့ အချက်အလက်တွေကို စဉ်ဆက်မပြတ် ပံ့ပိုးပေးနိုင်ပြီး အခြားသူတွေထက် ထက်မြက်နေတဲ့ ကျွမ်းကျင်သူတစ်ယောက် ဖြစ်ချင်တာလား။
ဘယ်က စတင်မလဲ
ဒီကျွမ်းကျင်မှု ၅ ခုထဲက သင်အားနည်းနေမှန်း သိသာတဲ့ အချက်တစ်ခုခုကနေ စတင်ပါ။ လူအများစုအတွက်တော့ ပထမဆုံးအချက်ဖြစ်တဲ့ “လက်တွေ့ကျကျ AI သုံးတတ်သည့် ကျွမ်းကျင်မှု” ကနေ စရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒါက လက်တွေ့လေ့ကျင့်မှ ရတာဖြစ်ပြီး ဘယ်ကစရမှန်း မသိတဲ့အခါ လေ့ကျင့်ဖို့ ခက်ခဲလို့ပါပဲ။
ကျော့ကေခိုင်
zawgyi
AI ကြၽမ္းက်င္မႈေတြကို ေလ့လာခ်င္ေပမဲ့ ဘယ္ကစရမွန္း မသိျဖစ္ေနပါသလား။ ဒါဆိုရင္ေတာ့ လုပ္ငန္းခြင္ဝင္ေနသူေတြအတြက္ အေရးအႀကီးဆုံးျဖစ္မယ့္ကြၽမ္းက်င္ မႈ ၅ ခုကို ေဖာ္ျပေပးလိုက္ပါတယ္။ AI ကြၽမ္းက်င္မႈဆိုတာ သင္ယူထိုက္တဲ့ ပညာတစ္ခုပဲလို႔ ဆုံးျဖတ္ၿပီးၿပီဆိုရင္ ဆက္ၿပီးေမးရမယ့္ လက္ေတြ႕က်တဲ့ ေမးခြန္းက “ငါ အတိအက် ဘာေတြကို ေလ့လာရမလဲ” ဆိုတာပါပဲ။ ဒါဟာ တကယ့္ကို သစ္လြင္တဲ့ အေၾကာင္းအရာတစ္ခု ျဖစ္ေနတာေၾကာင့္ ဘယ္ကေန စတင္ရမလဲဆိုတာ ေဝခြဲမရျဖစ္ရတာ သဘာဝပါပဲ။
လူအမ်ားစုက AI ကြၽမ္းက်င္မႈ ျမႇင့္တင္မယ္လို႔ ေတြးလိုက္ရင္ နည္းပညာစနစ္ႀကီးတစ္ခုလုံးကို ဖန္တီးတည္ေဆာက္တဲ့ေနရာမွာ လိုအပ္တဲ့ ပညာေတြကိုပဲ ေျပးျမင္ေလ့ရွိၾကပါတယ္။ ဒီေဆာင္းပါးကေတာ့ လက္ေတြ႕ အလုပ္လုပ္ေနသူအမ်ားစု ခ်က္ခ်င္း လက္ေတြ႕ေလ့လာလို႔ရမယ့္ ကြၽမ္းက်င္မႈေတြကိုပဲ ပိုၿပီး ဦးတည္ေျပာသြားမွာျဖစ္ပါတယ္။ ရည္႐ြယ္ခ်က္က ပိုမိုဆန္းသစ္တဲ့ AI ေမာ္ဒယ္ႀကီးေတြကို တည္ေဆာက္ဖို႔ မဟုတ္ပါဘူး။ လက္ရွိရွိၿပီးသား AI ကိရိယာေတြကို သုံးၿပီး မိမိလက္ရွိလုပ္ေနတဲ့ အလုပ္မွာ ပိုေတာ္ေအာင္၊ ပိုကြၽမ္းက်င္ေအာင္ လုပ္ဖို႔ပဲ ျဖစ္ပါတယ္။
ေအာက္မွာေဖာ္ျပထားတာကေတာ့ အဲဒီရည္႐ြယ္ခ်က္အတြက္ အေရးအႀကီးဆုံး ကြၽမ္းက်င္မႈ ၅ ခု ျဖစ္ပါတယ္။ နည္းပညာေနာက္ခံ မရွိထားသူေတြအတြက္လည္း အဆင္ေျပ႐ုံတင္မကဘဲ သင္ အႏွစ္ႏွစ္လေလာက္ စုေဆာင္းထားၿပီးသား လုပ္ငန္းအေတြ႕အႀကဳံေတြအေပၚမွာ အေျခခံၿပီး ျမႇင့္တင္သြားလို႔ရမယ့္ အခ်က္ေတြျဖစ္ပါတယ္။
လက္ေတြ႕က်က် AI သုံးတတ္သည့္ ကြၽမ္းက်င္မႈ
ဒါေတြကေတာ့ အေျခခံအက်ဆုံး ပညာေတြပါပဲ။ AI ကို စာေရးၿပီး ေစခိုင္းတဲ့အခါ (Prompt) ရွင္းရွင္းလင္းလင္း ေရးႏိုင္ရဲ႕လား။ တကယ့္ လုပ္ငန္းတာဝန္တစ္ခုကို AI ထံ စနစ္တက် လႊဲေပးၿပီး အသုံးဝင္တဲ့ ရလဒ္တစ္ခု ထြက္လာေအာင္ လုပ္ႏိုင္ရဲ႕လား။ ထြက္လာတဲ့ ရလဒ္ကို ပိုေကာင္းေအာင္ AI နဲ႔ အျပန္အလွန္ စကားေျပာ စကား ဝွက္ၿပီး ျပင္ဆင္ႏိုင္ရဲ႕လား။ အဆင့္မီတယ္ဆိုတာ ဘာလဲ – AI ကို “ငါ့အတြက္ အီးေမးလ္တစ္ေစာင္ ေရးေပးစမ္း” ဆိုၿပီး တိုတိုတုတ္တုတ္ ေစခိုင္းတာမ်ိဳး မဟုတ္ပါဘူး။ အေျခအေနေနာက္ခံ၊ ဦးတည္ခ်က္၊ ေရးသားရမယ့္ ေလသံနဲ႔ နမူနာအသုံးအႏႈန္းေတြကိုပါ ထည့္ေပးၿပီး ထြက္လာတာကိုမွ ပိုေကာင္းေအာင္ ျပန္ျပင္ခိုင္းတာမ်ိဳးပါ။ AI ကို ရွာေဖြေရးေဘာက္စ္ (Search box) တစ္ခုလို မဆက္ဆံဘဲ အလုပ္သင္အသစ္တစ္ေယာက္ကို အလုပ္သင္ေပးေနသလိုမ်ိဳး ဆက္ဆံခိုင္းေစတာကို ဆိုလိုတာျဖစ္ပါတယ္။ ကိုယ္တိုင္ စစ္ေဆးၾကည့္ရန္ – ေပ်ာ္လို႔၊ စမ္းၾကည့္ခ်င္လို႔ မဟုတ္ဘဲ တကယ့္လုပ္ငန္းခြင္ အလုပ္တစ္ခုအတြက္ AI ကို ေနာက္ဆုံး ဘယ္တုန္းက သုံးခဲ့ဖူးပါသလဲ။ သင့္ရဲ႕ တကယ့္အလုပ္တစ္ခုခုကို AI နည္းနဲ႔ ၿပီးစီးေအာင္ ခိုင္းဖူးပါသလား။ အေျဖက “တစ္ခါမွ မသုံးဖူးဘူး” ဆိုရင္ေတာ့ ဒါဟာ သင့္အတြက္ စတင္ရမယ့္ အမွတ္ပါပဲ။ ဒါဟာ အလြယ္ကူဆုံး ေလ့လာလို႔ရတဲ့ ကြၽမ္းက်င္မႈျဖစ္သလို အျမန္ဆုံး ရလဒ္ထြက္တဲ့ အခ်က္လည္း ျဖစ္တာမို႔ ဒီဟာကို ျမန္ျမန္ဆန္ဆန္ပဲ အမီ လိုက္ ေလ့လာႏိုင္ပါတယ္။
ေဝဖန္ပိုင္းျခားႏိုင္စြမ္းႏွင့္ အရည္အေသြး ထိန္းခ်ဳပ္မႈ
AI ဆိုတာ စံျပ မဟုတ္ပါဘူး။ အမွားေတြ မၾကာခဏ ပါတတ္ပါတယ္။ ဒါေၾကာင့္ လုပ္ငန္းစဥ္တစ္ခုမွာ အေရးအႀကီးဆုံးအပိုင္းက အရည္အေသြးကို စစ္ေဆးထိန္း ခ်ဳပ္ဖို႔ပါပဲ။ သင္ဟာ အေတြ႕အႀကဳံရွိၿပီး ဘာကိုလိုခ်င္လဲဆိုတာ အတိအက်သိတဲ့ အသိဉာဏ္ရွိသူတစ္ေယာက္ ျဖစ္ပါတယ္။ သင္ျဖစ္ခ်င္တဲ့ ရလဒ္မ်ိဳး အတိအက်ရဖို႔ လုပ္ေဆာင္ခ်က္အခ်ိဳ႕ ျပင္ဆင္ေပးဖို႔ေတာ့ လိုပါလိမ့္မယ္။ အဆင့္မီတယ္ဆိုတာ ဘာလဲ – AI က ထြက္လာတဲ့ ရလဒ္ေတြကို စာတည္း၊ အယ္ဒီတာတစ္ေယာက္လိုမ်ိဳး ေသခ်ာ စိစစ္ဖတ္ရႈတာပါ။ “ဒီအခ်က္အလက္ေတြ မွန္ရဲ႕လား”၊ “ငါ့စကားေျပာဟန္နဲ႔ ေရးဟန္ ဟုတ္ရဲ႕လား”၊ “ဒါကို ငါ့နာမည္နဲ႔ ရဲရဲဝံ့ဝံ့ ခ်ျပရဲရဲ႕လား” ဆိုၿပီး ကိုယ့္ကိုကိုယ္ ျပန္ေမးတာျဖစ္ပါတယ္။ နည္းပညာအရ ျပည့္စုံေနရင္ပင္ သင့္ရဲ႕ သုံးစြဲသူ၊ ပရိသတ္ ဒါမွမဟုတ္ လက္ရွိအေျခအေနနဲ႔ မကိုက္ညီတာမ်ိဳး ျဖစ္ေနႏိုင္ပါတယ္။ ကိုယ္တိုင္ စစ္ေဆးၾကည့္ရန္ – AI ဆီက ရလဒ္တစ္ခု ရလာတဲ့အခါ အလြယ္တကူ လက္ခံလိုက္တာလား၊ ဒါမွမဟုတ္ ေသခ်ာ စိစစ္စမ္းသပ္ၿပီးမွ သုံးတာလားဆိုတာ စဥ္းစားၾကည့္ပါ။ ဒီကြၽမ္းက်င္မႈဆိုတာ အျခားမဟုတ္ပါဘူး၊ သင့္သက္တမ္းတစ္ေလွ်ာက္ ေသခ်ာေစ့စပ္ေအာင္ ေလ့က်င့္ထားခဲ့တဲ့ သင့္ရဲ႕ သက္ဆိုင္ရာ လုပ္ငန္းခြင္ဆိုင္ရာ ေဝဖန္ပိုင္းျခားႏိုင္စြမ္း သက္သက္ပါပဲ။
စိတ္ခံစားမႈကို နားလည္ႏိုင္စြမ္း
သင့္အလုပ္ရဲ႕ အစိတ္အပိုင္းအမ်ားစုဟာ ခုအတိုင္းပဲ ဆက္ရွိေနဦးမွာပါ။ အထူးသျဖင့္ အျခားသူေတြနဲ႔ ထိေတြ႕ဆက္ဆံရတဲ့ အပိုင္းေတြက ဘာမွ ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ အက်ိဳးဆက္အေနနဲ႔ ႐ိုးရွင္းတဲ့ လုပ္ငန္းေဆာင္တာေတြ AI ျဖစ္သြားခ်ိန္မွာ အစည္းအေဝးတစ္ခုရဲ႕ အကဲကို ၾကည့္တတ္ဖို႔၊ စိတ္တိုေနတဲ့ စားသုံးသူ၊ မိတ္ဖက္ေတြကို စိတ္ေအးသြားေအာင္ စကားေျပာတတ္ဖို႔၊ လုပ္ေဖာ္ကိုင္ဖက္ေတြကို လမ္းၫႊန္ေပးဖို႔၊ ဘယ္အခ်ိန္မွာ ဖိေျပာၿပီး ဘယ္အခ်ိန္မွာ နားေထာင္ရမလဲဆိုတာ သိရွိဖို႔စတဲ့ အခ်က္ေတြက ပိုလို႔ေတာင္ အေရးပါလာဦးမွာ ျဖစ္ပါတယ္။ အဆင့္မီတယ္ဆိုတာ ဘာလဲ – လူအခ်င္းခ်င္း ဆက္ဆံေရး အေျခအေနေတြကို အဆင္ေျပေခ်ာေမြ႕စြာ ကိုင္တြယ္ႏိုင္တာပါ။ စကားေျပာရာမွာ ယုံၾကည္မႈရွိတယ္၊ အားကိုးရတယ္၊ အျခားသူေတြက သင့္ကို ၾကင္နာတတ္သူ၊ သစၥာရွိသူအျဖစ္ ယုံၾကည္လက္ခံၾကပါတယ္။ ကိုယ္တိုင္ စစ္ေဆးၾကည့္ရန္ – ဒီအခ်က္ကေတာ့ လိုအပ္ခ်က္လိုက္ျဖည့္ရတာထက္ ရွိၿပီးသား အားသာခ်က္ကို မေပ်ာက္ေအာင္ ထိန္းသိမ္းၿပီး ပိုမိုအား ျပဳရမယ့္ အခ်က္ျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္ ေမးၾကည့္ပါ “ငါ လူအခ်င္းခ်င္း ဆက္ဆံေရးပိုင္းမွာ အခ်ိန္ေပး ရင္းႏွီးျမႇဳပ္ႏွံေနရဲ႕လား၊ ဒါမွမဟုတ္ ဒီအတိုင္း ပစ္ထားသလို ျဖစ္ေနလား” ဆိုတာပါ။ လူအခ်င္းခ်င္း ဆက္ဆံေရးမွာ ရင္းႏွီးျမႇဳပ္ႏွံမႈကို ဘယ္ေတာ့မွ မရပ္တန႔္လိုက္ပါနဲ႔။
တီထြင္ဖန္တီးႏိုင္စြမ္းႏွင့္ မွန္ကန္ေသာ ေမးခြန္းမ်ား ေမးျမန္းႏိုင္စြမ္း
AI ဟာ သင္ေမးတဲ့ ေမးခြန္းကို အေျဖေပးတဲ့ေနရာမွာ သိပ္ေတာ္ေပမဲ့ “ဘယ္ေမးခြန္းက ေမးဖို႔ ထိုက္တန္သလဲ” ဆိုတာကိုေတာ့ သူကိုယ္တိုင္ မဆုံးျဖတ္ႏိုင္ပါဘူး။ ဒီလို နက္နက္ရႈိင္းရႈိင္း ေတြးေခၚစဥ္းစားရတဲ့ အပိုင္းကေတာ့ လူေတြရဲ႕ အလုပ္အျဖစ္ ဆက္လက္က်န္ရွိေနဦးမွာပါ။ မွန္ကန္တဲ့ ေမးခြန္းေတြကို ေမးႏိုင္သူေတြဟာ အ ေကာင္းဆုံး ရလဒ္ေတြကို ထုတ္ယူႏိုင္သူေတြ ျဖစ္လာပါလိမ့္မယ္။ အဆင့္မီတယ္ဆိုတာ ဘာလဲ – သင့္အတြက္ စဥ္းစားေပးဖို႔ AI ကို သုံးတာမ်ိဳးမဟုတ္ဘဲ သင့္နဲ႔အတူ အတူတကူ စဥ္းစားဖို႔အတြက္ AI ကို သုံးတာပါ။ စိတ္ဝင္စားစရာ ျပႆနာေတြကို AI ထံ ယူေဆာင္လာၿပီး အိုင္ဒီယာေတြကို စမ္းသပ္ဖို႔၊ ေ႐ြးခ်ယ္စရာေတြ ထုတ္ယူဖို႔နဲ႔ ေထာင့္စုံက ၾကည့္ႏိုင္ဖို႔ သုံးတာ ျဖစ္ပါတယ္။ ထြက္လာတဲ့ ရလဒ္ေတြကို ၾကည့္ၿပီး ဘယ္လမ္းေၾကာင္းအတိုင္း သြားရမလဲဆိုတာ သင္ကိုယ္တိုင္ ဆုံးျဖတ္တာမ်ိဳးပါ။ ကိုယ္တိုင္ စစ္ေဆးၾကည့္ရန္ – သင္ဟာ စဥ္းစားရမယ့္ အပိုင္းကို ေက်ာ္လြန္ဖို႔ AI ကို သုံးေနတာလား၊ ဒါမွမဟုတ္ သင့္အယူအဆကို ပိုမိုက်ယ္ျပန႔္သြားေအာင္ သုံးေနတာလား။ ဆုံးျဖတ္ခ်က္ခ်ရမယ့္ ကိစၥေတြကို AI စီ လႊဲအပ္ေနမိတယ္ဆိုရင္ေတာ့ ဒါဟာ ခ်က္ခ်င္း ျပင္ရမယ့္ အက်င့္တစ္ခုပါပဲ။
စဥ္ဆက္မျပတ္ သင္ယူလိုစိတ္
အခုလက္ရွိ လူတိုင္း သေဘာက်ေနၾကတဲ့ AI ကိရိယာေတြဟာ ေနာက္ႏွစ္နည္းနည္းအၾကာမွာ အႀကီးအက်ယ္ ေျပာင္းလဲသြားေတာ့မွာပါ။ စဥ္ဆက္မျပတ္ သင္ယူလိုတဲ့ စိတ္ဓာတ္ကို ေမြးျမဴထားၿပီး အစဥ္မျပတ္ ေျပာင္းလဲမႈေတြကို လက္ခံႏိုင္ဖို႔ အေရးႀကီးပါတယ္။ အဆင့္မီတယ္ဆိုတာ ဘာလဲ – သင္ယူမႈကို တစ္ႀကိမ္တည္း လုပ္ရမယ့္ ပြဲတစ္ခုလို မဟုတ္ဘဲ စဥ္ဆက္မျပတ္ လုပ္ေဆာင္ရမယ့္ အက်င့္တစ္ခုလို ဆက္ဆံတာပါ။ စူးစမ္းခ်င္စိတ္ အျပည့္ရွိၿပီး အသစ္အသစ္ေတြကို အၿမဲ စမ္းသပ္ေလ့လာခ်င္ေနတာပါ။ သင္ယူမႈကို ဝန္ထုပ္ဝန္ပိုးတစ္ခုလို႔ မျမင္ဘဲ အခြင့္အေရးတစ္ခုလို႔ ယုံၾကည္တာပါ။ ကိုယ္တိုင္ စစ္ေဆးၾကည့္ရန္ – သင့္ရဲ႕ ပန္းတိုင္က ဘာလဲ။ ဒီေန႔ႀကဳံေနရတဲ့ ျပႆနာတစ္ခုကို ျမန္ျမန္ရွင္းဖို႔ ကိရိယာတစ္ခု ထည့္သုံးခ်င္တာလား။ ဒါမွမဟုတ္ တန္ဖိုးရွိတဲ့ အခ်က္အလက္ေတြကို စဥ္ဆက္မျပတ္ ပံ့ပိုးေပးႏိုင္ၿပီး အျခားသူေတြထက္ ထက္ျမက္ေနတဲ့ ကြၽမ္းက်င္သူတစ္ေယာက္ ျဖစ္ခ်င္တာလား။
ဘယ္က စတင္မလဲ
ဒီကြၽမ္းက်င္မႈ ၅ ခုထဲက သင္အားနည္းေနမွန္း သိသာတဲ့ အခ်က္တစ္ခုခုကေန စတင္ပါ။ လူအမ်ားစုအတြက္ေတာ့ ပထမဆုံးအခ်က္ျဖစ္တဲ့ “လက္ေတြ႕က်က် AI သုံးတတ္သည့္ ကြၽမ္းက်င္မႈ” ကေန စရပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက လက္ေတြ႕ေလ့က်င့္မွ ရတာျဖစ္ၿပီး ဘယ္ကစရမွန္း မသိတဲ့အခါ ေလ့က်င့္ဖို႔ ခက္ခဲလို႔ပါပဲ။
ေက်ာ့ေကခိုင္
Leave a Reply