ဆွဲဆောင်မှုရှိတဲ့ မျက်လုံးကို ပိုင်ဆိုင်ထားတဲ့ ရာသီခွင် (၃)ခု

တစုံတယောက်နဲ့ပထမဆုံးအကြိမ်တွေ့တဲ့အခါ ကိုယ့်ကိုဖမ်းစားနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့အင်္ဂါရပ်ကိုပြောပါဆိုရင် မျက်လုံးတွေပဲဖြစ်ပါတယ်။ မျက်လုံးက လူအများကိုစွဲဆောင်နိုင်စေပါတယ်။ အခုတခါမှာတော့ စွဲမက်ဖွယ်ကောင်းတဲ့ မျက်လုံးကိုပိုင်ဆိုင်ထားတဲ့ရာသီခွင် (၃)ခုကိုမျှဝေပေးသွားပါမယ်။

Pisces
Pisces တွေက စိတ်ခံစားမှုကိုထင်ဟပ်တဲ့ မျက်လုံးများကြောင့် ထင်ရှားကြပါတယ်။ သူတို့ရဲ့မျက်ဝန်းတွေက နက်နဲတဲ့စိတ်ခံစားမှုနဲ့ အ တွေ့အကြုံတခုထဲကို ဆွဲဆောင်သိမ်းသွင်းနိုင်ပါတယ်။သူတို့မျက်လုံးများက စိတ်ခံစားမှုနဲ့ ထိလွယ်ရှလွယ်သဘောသဘာဝအတွက် မှန်တချပ်သာမကအိပ်မက်များနဲ့ လက်တွေ့ဘဝများကို ချောမွေ့စွာ ရောနှောနေတဲ့တံခါးပေါက်တခုလည်းဖြစ်ပါတယ်။

Cancer
Cancer တွေက သူတို့ရဲ့မျက်လုံးများက လရောင်ရဲ့နှစ်သိမ့်မှုနဲ့တူပြီး အလင်းရောင်းနဲ့နွေးထွေးမှုကို ဖော်ပြပါတယ်။ ကြည့်လိုက်ရုံနဲ့ သူတို့ရဲ့နက်နဲတဲ့ စိတ်ခံစားမှုစွမ်းရည်ကိုထင်ဟပ်စေပြီး စာနာမှုနဲ့ နားလည်မှုကို ပေးစွမ်းနိုင်ပါတယ်။ မျက်လုံးတွေနဲ့စကားပြောတတ်ကြတဲ့ ရာ သီခွင်တွေလည်းဖြစ်ပါတယ်။ စကားလုံးမပါဘဲ သင့်ကိုလုံခြုံစေပြီးနားလည်စေနိုင်တဲ့အထိ မျက်လုံးတွေနဲ့ စကားပြောနိုင်ကြသူတွေဖြစ်ပါတယ်။

Scorpio
Scorpio တွေက မျက်လုံးများနဲ့စကားပြောနိုင်ပြီး စိတ်အားထက်သန်မှုနဲ့လျှို့ဝှက်ဆန်းကြယ်ပုံပြင်များ ပြောပြပါလိမ့်မယ်။ သူတို့က မျက်လုံးများနဲ့ ညှို့ယူနိုင်စွမ်းနဲ့ခြိမ်းခြောက်နိုင်စွမ်းနှစ်မျိုးစလုံးရှိပါတယ်။ သူတို့ရဲ့ စိုက်ကြည့်မှုမှုက တခြားသူတွေရဲ့လိမ်ညာမှု၊ဖုံးကွယ်ထားမှုတွေကို မြင်နိုင်ပါတယ်။

MYit

zawgyi


Pisces

Cancer

Scorpio

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*