၁၅ကြိမ်မြောက် ကိုရီးယားဒရာမာ Awards ရရှိသူများ
၁၅ ကြိမ်မြောက် Korea Drama Awards ကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ Gyeongnam Culture & Art Center တွင် ပြု လုပ်ခဲ့ပြီး ဆုရရှိသူများကို ဂုဏ်ပြုပေးအပ်ခဲ့ပါတယ်။ Honey Lee က "Knight Flowerမှာ သူမရဲ့ ဇာတ်ဆောင်အတွက် Daesang  (Grand Prize) ကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ကျေးဇူးတင်စကားပြောဆိုမှုမှာတော့ “ကျွန်မစပြီးသရုပ်ဆောင်တုန်းက
အရပ်ရှည်တဲ့အမျိုးသမီးတွေအပေါ် မလိုမုန်းထားမှုတွေ အများကြီးကို တိုက်ဖျက်ခဲ့တယ်။အားနည်းချက်ထက် စစ်သည်တော်တစ်ယောက်ရဲ့အခန်းကဏ္ဍကို ထမ်းဆောင်ဖို့အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်။သူမက ဆက်လက်ပြီး “ကျမ ဒီဆုကို [အားပေးမှု] အဖြစ်နဲ့ ရှေ့ဆက်တိုးတက်အောင်လုပ်သွားမှာပါ၊ ပြီးတော့ ပိုကြိုးစားပါ့မယ်။”
ကံထူးရှင်များကတော့ Daesang – Honey Lee (“Knight Flower”)၊တစ်သက်တာအောင်မြင်မှုဆု- Byun Hee Bong၊ အကောင်းဆုံးသရုပ်ဆောင်: Im Siwan (Boyhood)၊ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်- Jung Ryeo Won (“The Midnight Romance in Hagwon”)၊ အကောင်းဆုံးသရုပ်ဆောင်ဆု (အမျိုးသား)- Lee Yi Kyung (“Marry My Husband”), Ji Seung Hyun (“Korea-Khitan War”)၊ သရုပ်ဆောင်ထူးချွန်ဆု (အမျိုးသမီး)- Go Min Si (“Sweet Home 2”)၊ အကောင်းဆုံးသရုပ်ဆောင်သစ် – Baek Seo
Hoo (“Miss Night and Day”), Lee Si Woo (“Boyhood”)၊ အကောင်းဆုံး မင်းသမီးအသစ်- Kang Hye Won (Boyhood)စတဲ့ ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။ဗီလိန်ဆုကိုတော့ Lee Yi Kyung (“Marry My Husband”) ကရရှိခဲ့ပါတယ်။
MYit
zawgyi
MYit
Be the first to comment
Leave a Reply
Your email address will not be published.
*