အလုပ်အတွက် English စာအမြန်လေ့လာမယ်ဆိုရင်

အခုခေတ်မှာ လုပ်ငန်းခွင်ဝင်တော့မယ့်သူတွေအတွက် English စာကပိုမိုအရေးပါလာသလိုလုပ်ငန်းခွင်ထဲကလူတွေအတွက်လည်း English Language ကအခွင့်အလမ်းတွေအများကြီးဖန်တီးပေးနိုင်ပါတယ်။ကိုယ့်ဘဝမှာသိသာတဲ့အချိုးအကွေ့တွေကိုဖန်တီးပေးနိုင်ဖို့ English Language ကရာခိုင်နှုန်းများစွာအရေးပါဆဲပဲဆိုတာ လက်မခံချင်လည်းလက်ခံနေရဦးမှာပါ။ဒါကြောင့်လုပ်ငန်းခွင်ဝင်ခါနီးသူတွေအနေနဲ့ English Language ကိုအမြန်တိုးတက်ချင်ပါတယ်ဆိုရင်ဒီလိုအခြေခံကျတဲ့နည်းတွေနဲ့ လေ့လာနိုင်ဖို့မျှဝေပေးချင်ပါတယ်။

Vocabulary ကိုနေရာတိုင်းမှာသင်ယူပါ
အိမ်မှာအိမ်အလုပ်လုပ်နေရင်ပဲဖြစ်ဖြစ်၊ ဈေးဝယ်ထွက်တဲ့အခါပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး Toilet ဝင်နေရင်ပဲဖြစ်ဖြစ် ဘယ်နေရာမှဖြစ်ဖြစ်ဝေါဟာရအသစ်တွေကိုသင်ယူနေသင့်ပါတယ်။သိရှိလာသမျှစကားလုံးအသစ်တွေကို လည်းထပ်ခါထပ်ခါသုံးပေးခြင်းနဲ့မှတ်မိစေနိုင်ပါတယ်။ ဖုန်း Contact တွေမှတ်တာကအစ Sister-in-law ၊ Boss ၊ Brother စသဖြင့်မှတ်သားသင့်ပါတယ်။အိမ်မှာလည်း ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာထဲကစကားလုံးလေးတွေကို စာရွက်ပိုင်းလေးတွေနဲ့ရေးပြီး အမြဲမြင်နေရအောင်နံရံမှာကပ်ထားပါ။ထမင်းဝိုင်းမှာထမင်းမစားခင် ဟင်းနာမည်တွေ၊ ပါဝင်တဲ့ Ingredients တွေ၊ အသုံးအဆောင်တွေကို English လိုပြောဆိုမှတ်သားပါ။ ဒီလို Action တစ်ခုခုနဲ့တွဲဖက်မှတ်သားတာက ပိုပြီးမှတ်မိစေပါတယ်။

Phrase တစ်ခုလုံးကိုမှတ်သားပါ
Word တစ်ခုချင်းစီကိုမှတ်သားတတ်လာပြီဆိုရင် Phrase လို့ခေါ်တဲ့ပုဒ်စုတစ်ခုချင်းစီကိုမှတ်သားဖို့လိုအပ်ပါတယ်။ Phrase ကိုမှတ်သားတာက ကိုယ့်ကိုမှန်ကန်တဲ့အသုံးတွေများများသုံးမိစေပါတယ်။ဒီလိုမှတ်သားတဲ့အပြင်အစားထိုးခြင်းနည်းလမ်းနဲ့လည်း ကိုယ့်ကိုအများကြီးတိုးတက်လာစေပါတယ်။အရင်ဆုံး Sentence အပြည့်ကူးရေးပါ။ ပြီးရင်တော့အခြား Noun တွေ Verb တွေကိုအစားထိုးပြီး ပုံစံတူSentence တွေတည်ဆောက်ကြည့်နိုင်ပါတယ်။ဥပမာ – I would have bought the eggs, but they were broken.ဆိုတဲ့စာကြောင်းကိုကိုယ်ကမှတ်သားထားတယ်ဆိုရင် ဒီစာကြောင်းရဲ့နာမ်နဲ့ကြိယာတွေကိုပြောင်းပြီး I would have read the book, but it was too long. ဆိုတာမျိုးပြောင်းလဲပြီးပြောဆိုသင့်ပါတယ်။

မရှက်ပါနဲ့
English စကားပြောတာမြန်မြန်သွက်သွက်ပြောတတ်ချင်တယ်ဆိုရင် ရှက်နေလို့မရပါဘူး။ကိုယ်ကြိုက်တဲ့ မင်းသား၊မင်းသမီးနဲ့ YouTuber တွေပြောသလို ပုံတူကူးချပြောဆိုနိုင်သလို English စကားပြောကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံနိုင်ဖို့လည်းကြိုးစားသင့်ပါတယ်။သူတို့နဲ့စကားများများပြောကြည့်ပြီး သူတို့သုံးတဲ့မှန်ကန်တဲ့အသုံးအနှုန်းတွေကိုမှတ်သားထားနိုင်ပါတယ်။ ဒါမှမဟုတ်စကားပြေလေ့ကျင့်တဲ့ App တွေကိုလည်းသုံးနိုင်ပါတယ်။

သင်ယူလေ့လာခွင့်ရမယ့်ဝန်းကျင်ကိုဖန်တီးပါ
အသက်အရွယ်တစ်ခုရောက်မှ English Language ကိုလေ့လာတယ်ဆိုတာ ကလေးတွေလိုမျိုးကျောင်းတက်ချိန်၊စာကြည့်ချိန် စသဖြင့်အချိန်သတ်သတ်မှတ်မှတ်ထားပြီး လုပ်ဆောင်ရတာမျိုးမရှိတာမို့အချိန်တိုင်းသင်ယူလေ့လာခွင့်ရအောင် ဖန်တီးသင့်ပါတယ်။ဘတ်စ်ကားစီးချိန် ကားပေါ်မှာနေရာရတယ်ဆိုရင် English Subtitle နဲ့ဇာတ်ကားတွေကြည့်နိုင်ပါတယ်။ကားပေါ်မှာနေရာမရရင်တောင် နားကြပ်တပ်ပြီး English Song တွေကိုနားထောင်နိုင်ပါတယ်။

နယ်ပယ်အလိုက်လေ့လာပါ
ကိုယ့်အလုပ်က Sales and Marketing လား၊ ဒါမှမဟုတ်ဆောက်လုပ်ရေးနဲ့ပတ်သက်တာလား။ဒီလိုကိုယ်အလုပ်လုပ်ရမယ့်နယ်ပယ်ကိုလိုက်ပြီး သုံးရမယ့် Vocabulary တွေ၊ ပြောရမယ့်စကားစုတွေကိုသတ်သတ်ခွဲထုတ်လေ့လာမှတ်သားသင့်ပါတယ်။ကိုယ်အလုပ်ဝင်ရမယ့်နယ်ပယ်နဲ့ပတ်သက်တဲ့ စကားလုံး၊ စကားစု၊ စကားပြောနဲ့ သမိုင်းကြောင်းတွေကိုပါသိရှိသွားအောင်ကြိုတင်လေ့လာမှတ်သားပါ။ အသံထွက်ပြီးပြောဆိုကြည့်ပါ။ဒီလိုလေ့ကျင့်ထားမယ်ဆိုရင် ကိုယ်လုပ်ရမယ့်နယ်ပယ်တစ်ခုဆိုတစ်ခု ထဲထဲဝင်ဝင်ပြောဆိုရေးသားတတ်လာမှာသေချာပါတယ်။English စာကြောင့်အလုပ်မှာနောက်ကျကျန်နေတာ၊ လခတိုးမတောင်းရဲတာမျိုးမဖြစ်ရလေအောင်ဒီလိုအခြေခံကျတဲ့နည်းလေးတွေနဲ့ လေ့လာသင်ယူကြည့်ပါနော်။

Ju Ju

zawgyi




မရှက်ပါနဲ့


နယ်ပယ်အလိုက်လေ့လာပါ

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*