သင်ရဲ့ဆက်သွယ်ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် နောက်ဆုံးအကြံပြုချက် (၆)ချက်

သေးငယ်တဲ့ လုပ်ဆောင်ချက်တိုင်းက သိသာထင်ရှားတဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ဒီအကြံပြုချက်တွေကို နေ့စဉ်လိုက်နာတာကလည်း
သင့်ရဲ့ဆက်သွယ်ရေးစွမ်းရည်တွေကိုမြှင့်တက်လာစေနိုင်ပါတယ်။

မေးခွန်းများများမေးပါ

မေးခွန်းကောင်းများက ဖြစ်နိုင်ချေရှိတဲ့ နားလည်မှုလွဲမှားမှုများကို ရှင်းလင်းပေးပြီးတွေးခေါ်မြော်မြင်တဲ့အဖြေများကို အားပေးပါတယ်။ နောက်ပြီး သင့်ရဲ့ပါဝင်ပတ်သက်မှုနဲ့အတူစိတ်ဝင်စားမှုကို ဖော်ပြနေပါတယ်။

လက်ကို မြှောက်ပါ

ဒီလက်ကိုမြှောက်ပါဆိုတဲ့အချက်ကတော့ အများသူငှာနဲ့ စကားပြောဆိုတဲ့အခါသင့်စိတ်ကူးများကိုတင်ပြဖို့အတွက် အခွင့်အရေးယူဖို့ပါပဲ။ လက်ကိုမြှောက်ပြီးမေးခွန်းမေးတာဖြစ်စေ၊ ကိုယ့်ရဲ့ထင်မြင်ယူဆချက်ကို ပြောဆိုဆွေးနွေးတာမျိုးဖြစ်စေလုပ်ဆောင်ဖို့ပါပဲ။ ဒါကလည်း ဆက်သွယ်ရေးစွမ်းရည်ကိုမြှင့်တင်နိုင်တဲ့ နည်းလမ်းတခုပါပဲ။

အရေးအသားနဲ့ ဆက်သွယ်ရေးစွမ်းရည်ကိုမြှင့်တင်ပါ

အီးမေးလ်၊ LinkedIn ပို့စ်တိုင်းမှာ သင်ရေးသားထားတာတွေကဆက်သွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့ အခွင့်အရေးတခုပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်ချစွာတင်ပြနိုင်စေဖို့ ကိုယ့်ရဲ့စာများကို ဖတ်ရှုစစ်ဆေးပြီး အသံထွက်ဖတ်ပြီးစစ်ဆေးမှုလုပ်ပါ။

ကျေးဇူးတင်ကြောင်းပြပါ

ကျေးဇူးတင်တတ်တဲ့အလေ့အကျင့်က ကောင်းမွန်တဲ့ အလေ့အကျင့်တခုဖြစ်ပါတယ်။အပြုသဘောဆောင်ဖို့ သင့်အသင်းဖော်တွေကို လှုံ့ဆော်ပေးပြီး ယုံကြည်ရတဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့အတွက် အားပေးတဲ့ဘာသာစကားအဖြစ် ကျေးဇူးတင်စကားကိုအသုံးပြုပါတယ်။

အကြံပြုချက်တောင်းပါ

ကိုယ့်ရဲ့လိုအပ်ချက်တွေ၊ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်များထံကနေ အကြံပြုချက်တောင်းခံပါ။ ဒါကလည်းဆက်သွယ်ရေးစွမ်းရည်တိုးတက်စေတဲ့အချက်ဖြစ်ပါတယ်။ ကိုယ်က သူတို့ရဲ့ဝေဖန်ချက်တွေကိုစိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးနဲ့ လက်ခံတတ်ဖို့လိုပါတယ်။

အပြင်ထွက်ပါ

အပြန်အလှန်ဆက်သွယ်မှုတစ်ခုစီက သင့်ဆက်သွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့အခွင့်အရေးတခုဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်ခြင်းက
သင့်ရဲ့ပရောက်ဖက်ရှင်နယ်စက်ဝိုင်းကိုချဲ့ထွင်နေချိန်မှာ အများကြီးအကျိုးဖြစ်ထွန်းစေပါတယ်။မတူညီတဲ့နယ်ပယ်က လူတွေနဲ့လိုက် လျောညီထွေဖြစ်အောင် အလေ့အကျင့်ရစေပါတယ်။အပတ်စဉ် လူသစ်တွေနဲ့ စကားပြောဆိုခြင်းနဲ့ ကွန်ရက်ချိတ်ဆက်မှုအစီအစဉ်ကို
တည်ဆောက်ပါ။

MYit

zawgyi




လက်ကို မြှောက်ပါ






အကြံပြုချက်တောင်းပါ


အပြင်ထွက်ပါ

တည်ဆောက်ပါ။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*