American Idol ကနေထွက်တော့မယ့် ကေတီပယ်ရီ

February 15, 2024 Aung Khant Mon 0

ကေတီပယ်ရီဟာ American Idol မှာ ဒိုင်အဖြစ်နဲ့လုပ်ဆောင်လာတာ Seasons 7 ခုစာရှိပြီဖြစ်ပါတယ်။လက်ရှိထုတ်လွှင့်မယ့် 22 ကြိမ်မြောက် American Idol ဟာကေတီပယ်ရီအနေနဲ့ဒိုင်အဖြစ်နောက်ဆုံးပါဝင်မယ့် Episode လည်းဖြစ်ပါတယ်။သူမဟာ American Idol မှာ ဒိုင်အဖြစ်လုပ်ဆောင်ခဲ့တာ 2018 ခုနစ်ကတည်းကဖြစ်ပါတယ်။ကေတီပယ်ရီက သူမ American Idol ကနေထွက်ခွာတော့မယ့်အ […]

ချစ်ခြင်းခိုင်မြဲအောင်ထိန်းသိမ်းနည်းအကြောင်းပြောတဲ့ မင်းသမီးဟန်ရီဆူး

February 15, 2024 Aung Khant Mon 0

Birth of a Beauty ဇာတ်လမ်းတွဲနဲ့ပရိသတ်ပိုမိုသတိထားမိလာတဲ့ မင်းသမီးဟန်ရီဆူးကချစ်သူထားနည်းတွေအကြောင်းနဲ့လက်ရှိအချစ်ရေးကို သူမရဲ့နောက်ဆုံးတင်ထားတဲ့ YouTube ဗီဒီယိုမှာဖွင့်ဟလာခဲ့တာတွေ့ရပါတယ်။ သူမဟာ သူမထက်အသက် 10နှစ်ငယ်တဲ့ကောင်လေးချောချောလေးနဲ့ ချစ်သူတွေဖြစ်နေကြတာဖြစ်ပါတယ်။သူမရဲ့ YouTube Channel ဖြစ်တဲ့ Han Ye Seul is မှာ ကြည့်ရှုသူတွေက သူမရဲ့လက်ရှိအချစ်ရေးကောင်းမွန်နေတဲ့အခြေအနေကို မျှဝေဖို့ပြောလာတာမို့သူမကဗီဒီယိုတင်ခဲ့တာဖြစ်ပါတယ်။“ကျွန်မအသက် 40 […]

Album အသစ်ထွက်ရှိတော့မယ့်အကြောင်းဖွင့်ဟလာတဲ့ ဘီယွန်းဆေး

February 14, 2024 Aung Khant Mon 0

ဘီယွန်းဆေးအနေနဲ့ မကြာခင်လပိုင်းအတွင်းတေးအယ်လ်ဘမ်အသစ်ထွက်ရှိမယ့်အကြောင်းကိုသူမရဲ့အင်စတာဂရမ်ကနေကြေညာခဲ့တာဖြစ်ပါတယ်။သူမရဲ့အယ်လ်ဘမ်ကို Act II လို့နာမည်ပေးထားပြီး ဒီအယ်လ်ဘမ်ထဲက သီချင်းနှစ်ပုဒ်ကိုလည်းတစ်ပြိုင်နက်တည်းဖြန့် ချိခဲ့ပါတယ်။လက်ရှိမှာ Texas Hold Em နဲ့ 16 Carriages ဆိုတဲ့သူမရဲ့သီချင်းသစ်နှစ်ပုဒ်ကိုနားဆင်လို့ရနေပြီဖြစ်ပါတယ်။သူမကဒီကြေ ညာချက်နဲ့ သီချင်းသစ်နှစ်ပုဒ်ထွက်ရှိမှုကို Super Bowl LVIIIဂိမ်းပွဲကိုတက်ရောက်နေစဉ်အတွင်း သူမရဲ့ Instagram ကနေ ကြော်ငြာဗီ ဒီယိုတင်ပြီးကြေညာခဲ့တာဖြစ်ပါတယ်။ […]

Squid Game မင်းသားကြီး Lee Jung Jae ပါဝင်တဲ့ Star Wars မကြာခင်ထွက်ရှိမယ်

February 14, 2024 Aung Khant Mon 0

Disney+ ကနေထုတ်လွှင့်ပြသမယ့် Star Wars ဇာတ်လမ်းတွဲကို ဒီနှစ်နွေရာသီမှာပြသတော့မယ်လို့သိရပါတယ်။ Star Wars: The Acolyte ရဲ့စာနယ်ဇင်းမိတ်ဆက်ပွဲကို ဖေဖော်ဝါရီ 10 ရက်နေ့က လန်ဒန်မှာပြုလုပ်ခဲ့ပြီးထိုစီးရီးကို ဒီနှစ်နွေမှာထုတ်လွှင့်ပြသမယ်လို့ကြေညာသွားခဲ့တာဖြစ်ပါတယ်။ Star Wars: The Acolyte ဟာ Jedi Padawan နဲ့ Galaxy […]

ဘာလို့ရာထူးတိုးဖို့နောက်ကျနေတာလဲ

February 14, 2024 Aung Khant Mon 0

“ဘာလို့ရာထူးမတိုးသေးတာလဲ” ဆိုတဲ့မေးခွန်းကိုကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့အထက်လူကြီးကိုမေးကြည့်တဲ့အခါ “မင်းကအဆင်ပြေနေတယ်ဆိုတာကလွဲလို့တခြား Feedback တွေသိပ်မရဘူး။ မင်းဆက်ကြိုးစားပါ။ နောက်တဆင့်အတွက်အဆင်သင့်ဖြစ်နေပြီဆိုတာကိုသက်သေ ပြပါ” ဆိုတဲ့စကားကိုရခဲ့ပါတယ်။လုပ်ငန်းခွင်တိုင်းမှာ ရည်မှန်းချက်ကြီးမားတဲ့၊ ထက်မြက်တဲ့ဝန်ထမ်းတွေအများကြီးရှိပေမယ့်သူတို့တွေဟာ နောက်တဆင့်တက်လှမ်းဖို့ တစ်နည်းပြောရရင်ရာထူးတိုးပေးဖို့ခက်တဲ့သူတွေဖြစ်နေတတ်ပါတယ်။သူတို့ကောင်းကောင်းလုပ်ဆောင်နေတာကိုမြင်နေရပေမယ့် သိသာထူးခြားတဲ့ပရောဂျက်တွေကိုတော့မမြင်ရပြန်ပါဘူး။ သူတို့တင်တဲ့ပရောဂျက်တွေကိုထူးထူးခြားခြားသတိမထားမိသလိုဖြစ်နေတတ်ပါတယ်။ တချို့ဝန်ထမ်းတွေဆို Client တွေကို စိတ်ကျေနပ်မှုအပြည့်အဝရစေဖို့ အချိန်ပိုပေးပြီးအားထုတ်ကြသလို အလုပ်အတွက်ကိုယ်ရေးကိုယ်တာအချိန်တွေကိုတောင်ဖဲ့ထုတ်ပေးတတ်ကြပါသေးတယ်။ ဒါပေမဲ့ကုမ္ပဏီတစ်ခုလုံးမှာတော့ နာမည်မကြီးဘဲလူကြီးတွေလည်းသတိမထားမိတာမျိုးဖြစ်တတ်ကြပါသေးတယ်။ ဒီလိုမျိုးကိုယ်တိုင်ကြုံနေရပြီဆိုရင်တော့ ကိုယ့်ကိုလူသိလာဖို့ဒီအဆင့်တွေကိုလုပ်‌‌ဆောင်ဖို့လိုအပ်နေပါပြီ။ […]

Kanye West ကခွင့်မတောင်းဘဲသူ့သီချင်းကိုသုံးတယ်လို့ပြောလာတဲ့ Donna Summer

February 12, 2024 Aung Khant Mon 0

Kanye West ရဲ့ Vultures 1 ထဲကသီချင်းဟာသူမရဲ့သီချင်းကိုခွင့်ပြုချက်မတောင်းဘဲသုံးထားတာဖြစ်တယ်လို့ အဆိုတော်ကြီး Donna Summer ကပြောလာပါတယ်။ Vultures 1 ထဲကသီချင်းတစ်ပုဒ်ဟာ Donna Summer ရဲ့ 1977 ခုနစ်ကသီချင်းဖြစ်တဲ့ I Feel Love ကိုသုံးထားတယ်လို့ စွပ်စွဲပြောဆိုလာခဲ့တာပါ။ Vultures 1 […]

တပ်ထဲကနေ နှစ်သစ်ကူးအတွက်ဆုတောင်းစာပေးပို့တဲ့ RM

February 12, 2024 Aung Khant Mon 0

BTS အဖွဲ့ဝင် RM က သူ့ရဲ့ပရိသတ်တွေအတွက် နှစ်သစ်ကူးဆုတောင်းစာပေးပို့ခဲ့တယ်လို့သိရပါတယ်။ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာပေးပို့ခဲ့တဲ့ သူ့ရဲ့ဆုတောင်းစာလွှာကို Global Fandom Platform ဖြစ်တဲ့ Weverse ကနေဖော်ပြခဲ့တာပါ။“ဟယ်လို ARMY တို့ရေ… အားလုံးအဆင်ပြေပြေပဲရှိကြတယ်မဟုတ်လား။တပ်ထဲရောက်ပြီးကတည်းက ငါလည်းအဆင်ပြေအောင်အကောင်းဆုံးနေထိုင်နေပါတယ်။ငါလည်းဆန်ကိတ်ဟင်းရည်သောက်တယ်။ ဒီနေ့ကနှစ်သစ်ကူးနေ့ဆိုတော့နားရက်ယူပြီးကောင်းကောင်းဖြတ်ကျော်နေပါတယ်။ အားလုံးနဲ့မဆုံနိုင်ခင် နောက်ထပ်နှစ်သစ်ကူးတစ်ခုကိုဖြတ်သန်းရပြန်ပြီနော်။ငါလည်းအကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒီနေရာက မတူညီတဲ့အတွေ့အကြုံတွေ၊သင်ခန်းစာတွေသင်ယူရမယ့်နေရာလို့ ယုံကြည်ထားပါတယ်။ဘယ်အချိန်ဖြစ်ဖြစ်၊ […]

ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အဓိကကျတဲ့လေ့ကျင့်နည်းတစ်ခု (သို့) Journaling

February 12, 2024 Aung Khant Mon 0

ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ Leadership သင်တန်းတွေတက်တာ၊ စာအုပ်တွေကနေသင်ယူတာ၊ဆွေးနွေးပွဲတွေတက်တာ၊ Leadership Coach တွေငှားတာ စသဖြင့်နည်းလမ်းတွေအများကြီးနဲ့လေ့လာသင်ယူလို့ရပါတယ်။ နည်းလမ်းတစ်ခုစီမှာ အားသာချက်၊ အားနည်းချက်တွေတော့ရှိကြမှာပါ။ဒါပေမဲ့ ပညာရှင်တွေရဲ့အဆိုအရ ခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ အခြေခံကျပြီးမဖြစ်မနေရှိသင့်တဲ့အချက်တစ်ခုကတော့ တူညီနေတာတွေ့ရပါတယ်။အဲဒါကတော့ Journaling လို့ခေါ်တဲ့နေ့စဉ်ဒိုင်ယာရီရေးခြင်းဖြစ်ပါတယ်။ ကိုယ်စိတ်ကူးသမျှတွေ၊တွေးမိသမျှတွေ၊ သင်ယူခဲ့ရတဲ့အရာတွေ၊ ရည်မှန်းချက်တွေကို စာမျက်နှာတွေပေါ်ချရေးတာကခေါင်းဆောင်ဖြစ်ချင်သူအတွက် လိုကိုလိုအပ်တဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ကိုယ့်ရဲ့အတွေးတွေကို စာမျက်နှာတွေပေါ်ချရေးပြီး ဖြန့်ကျက်တွေးတာက ပြ […]

Eternals ဇာတ်ကားရဲ့ Bad Review တွေကြောင့်ဆရာဝန်ပြနေရတယ်လို့ဆိုတဲ့ Kumail Nanjiani

February 12, 2024 Aung Khant Mon 0

2021 ခုနစ်က ထွက်ရှိခဲ့တဲ့ Marvel ရုပ်ရှင် Eternals ဟာဆိုးရွားတဲ့မှတ်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ Kingo အဖြစ်ပါဝင်တဲ့ ပါကစ္စတန်-အမေရိကန်ကပြားမင်းသား Kumail Nanjiani က ဒီရုပ်ရှင်ဇာတ်ကောင်အတွက်လပေါင်းများစွာကြာအောင်လေ့ကျင့်ပြင်ဆင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ Eternals ရုပ်ရှင်ကားဟာမကောင်းတဲ့မှတ်ချက်တွေသာရခဲ့တာမို့ အကြီးအကျယ်စိတ်ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။သူက ဇာတ်ကား Review တိုင်းကိုအကုန်ဖတ်ပြီးဆိုးရွားတဲ့မှတ်ချက်တွေသာရခဲ့တာမို့စိတ်ဒဏ်ရာဖြစ်ကျန်ခဲ့တယ်လို့ဆိုပါတယ်။ Eternals ထွက်ပြီးနောက်ပိုင်းမှာသူဟာစိတ်ကုထုံးနဲ့ကုသမှုခံယူခဲ့ရတယ်လို့ဖွင့်ဟလာခဲ့ပါတယ်။“ဝေဖန်မှုတွေကိုကြည့်ပြီး တော်တော်စိတ်ထိခိုက်ရတယ်။ […]

ကိုယ်ပိုင်အမှတ်တံဆိပ် LLoud ကိုတည်ထောင်လိုက်တဲ့ Lisa

February 12, 2024 Aung Khant Mon 0

Black Pink မှ Lisa အနေနဲ့ သူမရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်ကိုတည်ထောင်ပြီးအလုပ်တွေဆက်လုပ်သွားတော့မှာဖြစ်ပါတယ်။ သူမရဲ့ကိုယ်ပိုင် Label ကို LLoud လို့နာမည်ပေးထားပြီးဒီလုပ်ငန်းစတင်တဲ့အကြောင်းကို ဖေဖော်ဝါရီ 8 ရက်နေ့မှာ အတည်ပြုထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ Black Pink က Jisoo နဲ့ Jennie တို့ဟာလည်း သူမတို့ရဲ့သီးသန့်အေဂျင်စီတွေနဲ့‌ရှေ့ဆက်နေကြတာဖြစ်တဲ့အတွက် Lisa ဟာလည်းတတိယမြောက်ကိုယ်ပိုင်ခြေလှမ်းစတင်လာသူလို့ဆိုရမှာပါ။ […]