နှစ်တစ်နှစ်ကုန်ဆုံးချိန်ဟာ ပြီးခဲ့တဲ့နှစ်မှာ ကိုယ်ဘယ်လို၊ ဘယ်လောက်ထိလျှောက်လှမ်းလာခဲ့ပြီးပြီလဲ၊နောက်နှစ်သစ်မှာဘာတွေလုပ် ဆောင်မလဲဆိုတာကိုပြန်တွေးတောသုံးသပ်ဖို့အကောင်းဆုံးအချိန်တစ်ခုပါ။တချို့လူတွေကျတော့လည်း ဒီနှစ်ဘာတွေကြုံခဲ့မှန်းကိုမသိပါဘူး၊ ဘာမှမှတ်မှတ်ရရမရှိပါဘူးဆိုသူတွေလည်းရှိတတ်ကြပါတယ်။ ဒါကိုလည်းအပြစ်ဆိုလို့မရပါဘူး။ ကုန်သွားတဲ့နှစ်တစ်ခုမှာနှစ်သက်တာတွေရော၊ မနှစ်သက်တာတွေရော ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ပြန်ပြင်လို့လည်းမရတော့တာမို့လာမယ့်ရက်တွေအတွက်ကိုပဲစဉ်းစားပြင်ဆင်တာက အကောင်းဆုံးဖြစ်ပါတယ်။လူသားတွေဆိုတာက အများနဲ့ရောနှောနေထိုင်ရတဲ့သတ္တဝါတွေပါ။ တစ်ကိုယ်တည်းနေလို့မရသလို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ပြောဆိုချင်စိတ်ကလည်း သဘာဝမှာကတည်းကပါရှိပြီးသားပါ။ဒီလိုဆက်သွယ်မှုလုပ်ရမှ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုပိုင်းဟာကျန်းမာတာဖြစ်ပါတယ်။လက်ရှိကမ္ဘာမှာ နည်းပညာဟာအရှိန်အဟုန်နဲ့ဖွံ့ဖြိုးတိုးတက်နေတာမို့ ကိုယ့်ရဲ့အလုပ်နဲ့ဘဝမှာအောင်မြင်ဖို့အတွက် လိုအပ်တဲ့အရည်အသွေးတွေဟာဘိုဘွားဖေမေလက်ထက်က လိုအပ်တဲ့အရည်အချင်းတွေနဲ့မတူညီတော့ပါဘူး။ ဒီနေ့ခေတ်လူငယ်တွေအတွက်နေရာတိုင်းမှာအဆင်ပြေဖို့ ဘယ် Skill […]