သင့်စိတ်ထဲမှာ သင်နဲ့သင့်ရဲ့ Team ဟာ တစ်ခရီးတည်းသွားနေတယ်လို့ထင်ပါရဲ့လား။ လုပ်ငန်းခွင်ထဲမှာအဖွဲ့ဝင်တစ်ဦးချင်းစီဟာ ငါတို့တစ်ခရီးတည်းချီတက်နေတယ်ဆိုတဲ့ခံစားချက်ဖြစ်ပေါ်နေဖို့လိုပါတယ်။ဒီလိုဖြစ်ပေါ်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ရည်မှန်းချက်နဲ့ ရှင်းလင်းတဲ့ဆက်သွယ်ချက်တွေကအဖွဲ့အစည်းအတွက်အဓိကကျတဲ့အရာတွေဖြစ်ပါတယ်။နှစ်ပေါင်းများစွာလုပ်ငန်းခွင်အမျိုးမျိုးမှာအလုပ်လုပ်လာတဲ့ ကျွမ်းကျင်သူတွေရဲ့အဆိုအရအဖွဲ့အစည်းတစ်ခု၊ လုပ်ငန်းခွင်တစ်ခုမှာ ရှင်းလင်းတဲ့ရည်ရွယ်ချက်၊မျှော်မှန်းချက်တွေရှိနေဖို့ကအရေးအကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။ ဒီလိုရှင်းလင်းတဲ့မျှော်မှန်းချက်တွေရှိနေမှပဲအလုပ်ပြီးမြောက်နိုင်သလို ဝန်ထမ်းတွေအနေနဲ့လည်းမိမိကိုယ်ကိုစိတ်ကျေနပ်မှုဖြစ်လာနိုင်ပါတယ်။ဒါအပြင် နားလည်မှုလွဲတာတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။ Healthy Team Culture ဖြစ်ဖို့ ရှင်းလင်းတဲ့မျှော်မှန်းချက်ရှိနေဖို့လိုပါတယ်။အလုပ်ခွင်အတွင်းမှာ ရှင်းလင်းတဲ့ရည်ရွယ်ချက်၊မျှော်မှန်းချက်ချမှတ်မထားဘူးဆိုရင်ဆက်သွယ်ပြောဆိုမှုအတွက်ရော၊ အလုပ်တာဝန်တွေအတွက်ပါနားလည်မှုလွဲတဲ့ပြဿနာကိုကြုံလာရမှာဖြစ်ပါတယ်။ဝန်ထမ်းအနေနဲ့ အလုပ်တာဝန်ကိုအပြည့်အဝနားမလည်ဘဲလုပ်ဆောင်နေရခြင်းက ထွက်လာတဲ့ရလဒ်မကောင်းနိုင်သလိုအလုပ် […]