ထိတ်လန့်ဖွယ်ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ Jisoo ပါဝင်မယ်

Jisoo (BlackPink) အနေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုမှာအထူးသရုပ်ဆောင်အနေနဲ့ပါဝင်ဖို့ရှိတယ်လို့သိရပါတယ်။ ဒါရိုက်တာ Kim Sung Sik ရိုက်ကူးတဲ့လျှို့ဝှက်သည်းဖိုဇာတ်ကား Dr.Cheon and Lost Talisman မှာ Jisoo ပါဝင်သွားမယ်လို့ဒါရိုက်တာကအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။Dr.Cheon and Lost Talisman ရဲ့စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဒါရိုက်တာက“ကျွန်တော့်ရုပ်ရှင်ကားအတွက် နတ်သမီးနေရာကသရုပ်ဆောင်နိုင်မယ့်သူကိုရှာနေခဲ့တာပါ။ Snowdrop ဇာတ်လမ်းတွဲကြည့်ပြီးတဲ့အချိန်မှာတော့ Jisoo က အဲဒီနေရာနဲ့အသင့်တော်ဆုံးလို့ခံစားမိပါတယ်။ပရိသတ်တွေရဲ့သဘောထားက ၅၀ရာခိုင်နှုန်း၊ Jisoo ရိုက်ကူးရက်ပေးနိုင်တာက ၅၀ ရာခိုင်နှုန်းကြောင့်
ခုရုပ်ရှင်မှာပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ မကောင်းဆိုးဝါးနှင်တဲ့ Channel တစ်ခုကိုလုပ်ဆောင်နေတဲ့ You Tuber တစ်ယောက်အကြောင်းဖြစ်ပြီး သူဟာ ပရလောကကိုတကယ်မယုံဘဲကြောက်ချင်ယောင်ဆောင်ပြနေသူဖြစ်ပါတယ်။ ဒါပေမဲ့ ညီမဖြစ်သူဆီမှာမကောင်းဆိုးဝါးတကယ်ပူးကပ်လာချိန်မှာတော့ ဘယ်လိုတွေတွေ့ကြုံရမလဲဆိုတာကိုရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကို စက်တင်ဘာလ ၂၇ ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*